နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၂၀
နိရဉ္စရာ၊ ဧပြီ ၂၀
အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ဘူးသီးတောင်မြို့နယ် သိုင်းတပုတ်ကျေးရွာမှ ရွာသား ၄၀၀ ကျော်သည် ရွာ အနီး တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ရွာကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်ဟု သတင်းရရှိသည်။
ဇီးခေါင်းရွာသို့ ထွက်ပြေးခိုလုံလာသည့် ရွာသူ အမျိုးသမီး တစ်ဦးက “ ရွာမှာ အဖိုးကြီး တစ်ဦးနဲ့ အဖွားကြီး တစ်ဦးတော့ ကျန်ခဲ့ပါတယ်။ ရွာသားတွေ အားလုံးက ကြောက်ပြီး ထွက်ပြေးလာပါတယ်။ အခု ကျွန်မတို့ ဆိုရင် ဇီးခေါင်းကို ရောက်ရှိလာသလို တစ်ချို့ ဆိုရင် သမီးလှရွာ၊ မညှင်းတောင်ရွာ၊ ကုန်တန်းရွာတွေကို ရောက်သွားပါတယ်” ဟု နိရဉ္စရာသို့ ပြောကြားသည်။