Showing posts with label ပလက်ဝ. Show all posts
Showing posts with label ပလက်ဝ. Show all posts

Friday, February 8, 2019

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ရခိုင်၊ ခမီ လူမျိုးတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး


 2019-02-07


    အစိုးရ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို တွေ့ရစဉ်
                                                                                                                                                 Photo: Soe Lin Tun


အစိုးရ တပ်မတော်နဲ့ AA တို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ရခိုင်နဲ့ ခမီ စတဲ့ တိုင်းရင်းသား ဒေသခံ ၁၈၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့အနက် ကလေး ငယ် ၅၀ ခန့် ဖျားနာနေကြပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Wednesday, February 6, 2019

ပလက်ဝစစ်ဘေးရှောင် ၂၀၀ ကျော် ဘင်္ဂလား နယ်စပ် တိမ်းရှောင်

ရခိုင်စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၂၀၀ ကျော် အိုးအိမ်စွန့်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘက်မှာ စစ်ပြေး တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော် ကြားဒေသမှာ တိမ်းရှောင်နေ သူတွေလည်း ရှိပါတယ်။ နယ်စပ်ရောက် ဒုက္ခသည်တွေကို AA အဖွဲ့က အကူအညီပေးထားပြီး တခြားအကူအညီတွေ မရသေးဘူးလို့လည်း ဆိုပါ တယ်။ ဒါ့အပြင် ကျောက်တော်
က စစ်ရှောင်တချို့ဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံထားရပြီး စစ်ဆေးခံ နေရ ပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကသတင်းပေး ပို့ထားပါတယ်။

Tuesday, February 5, 2019

စစ်ပြေးဒုက္ခသည်တစ်ရာကျော်ကို AA တပ်ဖွဲ့ ကူညီထားတယ်လို့ဆို

ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ ဒီရက်ပိုင်းတွေမှာ တိုက် ပွဲပြင်းထန်နေပြီး၊ တောထဲမှာပုန်းရှောင်နေတဲ့ ရွာသား ၁၂၄ ယောက်ကို AA အဖွဲ့က ဘေးလွတ်ရာမှာ ကူ ညီထားတယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က RFA ကို မနေ့ညက ပြောပါတယ်။ ခမောင်း ဝရွာက ၇၆ ယောက် နဲ့ ကင်းတလင်းရွာ က ၄၈ ယောက်ကို တနင်္လာနေ့မှာ ကယ်ထုတ်လာတာလို့ ဆို ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */