RFA
RFA Burmese
2023.03.20
မလေးရှားသွားဖို့ကြိုးစားရင်း ဖမ်းဆီးထောင်ချခံခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှ မဆာရာခါတူအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo: RFA
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အသက် ၂၀ အရွယ် မဆာရာခါ တူ ဟာ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဖိနှိပ်ခံရမှုတွေနဲ့ စားဝတ်နေရေး ခက်ခဲမှုတွေကနေ ရုန်းထွက်နိုင်ဖို့မလေးရှားနိုင်ငံ ကိုသွားဖို့ ကြိုးစားရင်း လမ်းမှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသူပါ။
သူဟာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ တစ်နှစ်နဲ့ ခုနစ်လနေခဲ့ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းက မူလနေရပ်ကို ပြန်ပို့ခံခဲ့ရပါတယ်။