Showing posts with label သံအမတ်ကြီး. Show all posts
Showing posts with label သံအမတ်ကြီး. Show all posts

Wednesday, January 1, 2025

ရိုဟင်ဂျာအရေး အထူးညီလာခံ ကျင်းပဖို့ ကုလ သံအမတ်ကြီး ၂ ဦး ခန့်အပ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၂ ဇန်နဝါရီ၊ ၂၀၂၅ 
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဆန္ဒထုတ်ဖော်နေကြစဉ် (ဩဂုတ် ၂၅၊ ၂၀၂၄)
 
ရိုဟင်ဂျာပဋိပက္ခနဲ့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံတကာ အထူး ညီလာခံတရပ် ကျင်းပနိုင်ဖို့အတွက် လို အပ်တဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ ဦးဆောင် စီစဥ်တာတွေ လုပ်သွားဖို့ ကုလသမဂ္ဂဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီးနဲ့ မလေးရှားနိုင်ငံ သံအမတ်ကြီး တို့နှစ်ဦးကို ပူးတွဲ တာဝန်ခံတွေအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ Philemon Yang က ထုတ်ပြန် ပြောဆိုပါတယ်။

Tuesday, May 25, 2021

ကုလဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို အစားထိုးဖို့ စစ်ကောင်စီကြိုးပမ်း

Radio Free Asia ( RFA )
လွတ်လပ်တဲ့အာရှအသံ
2021-05-25 

 နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာကို အစားထိုးဖို့ မြန် မာစစ်ကောင်စီက ကြိုးပမ်းနေပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ် သံမှူး ဗိုလ်မှူးကြီး ဦးအောင်သူရိန်ကို ဦးကျော်မိုးထွန်း ရဲ့ နေရာမှာ အစားထိုးတာဝန်ပေးခန့်အပ်တဲ့ စာတစောင် ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဝါရှင်တန်ဒီစီသံရုံးကို ပြီးခဲ့တဲ့အပတ်အတွင်းက ပေးပို့ခဲ့ တယ်လို့ ဝါရှင်တန်သံရုံးကနေ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် အလုပ်ထုတ် ပယ်ခံရတဲ့ တတိယအတွင်းဝန်ဟောင်း ဦးကျော်စွာထွန်း က RFA ကိုပြောပါတယ်။

Thursday, May 7, 2020

မြန်မာဆိုင်ရာ ကန်သံအမတ်ကြီးအဖြစ် Thomas L. Vajda ကို အဆိုပြုတာဟာ Trump လုပ်ခဲ့သမျှ အကောင်း ဆုံးဖြစ် - Priscilla Clapp

VOA
 ဗွီအိုအေ ( မြန်မာပိုင်း)
အင်ကြင်းနိုင်
07 မေ၊ 2020  
ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီးThomas L Vajda 

 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်အဖြစ် သမ္မတ Donald Trump အဆိုပြုထားတဲ့တောင် အာ ရှဒေသဆိုင်ရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Thomas L Vajda ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ကျွမ်းကျွမ်းကျင်ကျင်သိထားလဲ၊ သူ့အရင် သံအမတ်တွေ စွမ်းဆောင်ခဲ့တတာမျိုး ထက်နှစ်နိုင်ငံဆက်ဆံရေးမှာ ဘာတွေပိုပြီး ဆောင်ရွက်နိုင်မလဲ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင် Priscilla Clapp ကို ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

Friday, January 31, 2020

ရခိုင်ကိစ္စ တင်းမာမှု ရှိနေသော်လည်း မြန်မာနှင့် နီးနီးကပ် ကပ် ဆက်ဆံသွားမည်ဟု အမေရိကန်သံအမတ် ပြောကြား

မဇ္ဈိမ  
31 January 2020

ဇန်နဝါရီ ၃၁ ။ ။ ရခိုင်အကျပ်အတည်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေဆိုးကျိုးတစ်ခုနှင့် မြန်မာစစ်တပ် အရာရှိကြီးများအပေါ် ပစ်မှတ်ထားပြီး ဆန်ရှင်ချမှတ်မှုတို့ ရှိနေလင့်ကစား ဝါရှင်တန်အစိုးရအနေဖြင့် မြန်မာနှင့် အခိုင်အမာ ဆက်လက် ဆက်ဆံပတ်သက်သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီယယ်က ရန်ကုန်မြို့တွင် ပြု လုပ် သည့် ဆွေးနွေးပွဲတစ်ခုမှာ အလေးပေး ပြောဆိုသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှုရတဲ့အထိ ဗြိတိန် ဆက်ထောက်ခံမည်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2020.01.31
ဗြိတိန်သံအမတ်ကြီး Mr. Dan Chugg ကို ၂၀၂၀၊ ဇန်နဝါရီ ၃၀ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - နေမျိုးထွန်း/ RFA
 
ဗြိတိန်သံအမတ်ကြီး Mr. Dan Chugg က ဗြိတိန်အစိုးရသစ် အပြောင်းအလဲရှိပေမယ့်လည်း မြန်မာ နိုင်ငံ အပေါ်ထားရှိတဲ့ ဗြိတိန်ရဲ့ နိုင်ငံခြားရေးမူဝါဒက အပြောင်းအလဲမရှိဘဲ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည် အောင်မြင်မှုရတဲ့အထိ ဆက်လက်ထောက်ခံအားပေးသွားဖို့ရှိတယ်လို့ RFA နဲ့ သီးသန့် အင် တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

Wednesday, July 31, 2019

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံ၊ အကြီးအကဲ၏ ပြော ကြား ချက်အပေါ် ကန့်ကွက်

 နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၃၁-၇-၂၀၁၉ ရက်၊

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Zahairi Baharim အား ၃၁-၇-၂၀၁၉ ရက်နေ့၊ မွန်းလွဲ (၁၅၀၀)နာရီ အချိန်တွင် နေ ပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

Tuesday, February 26, 2019

ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ဆင့်ခေါ်ပြီး မြန်မာ ဘာတွေ ပြောခဲ့လဲ

ဘီဘီစီ မြန်မာပိုင်း
ဖေဖေါ်ဝါရီလ ၂၆ ၂၀၁၉ 

ဘင်္ဂလားဒေ့ရှ်ဘက် နယ်ကျွံဝင်လာလို့ ဆိုပြီး ဖမ်းခံထားရတဲ့ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အရေး ကောင်စစ်ဆိုင်ရာ စကားပြောခွင့်ရဖို့ ဒါကာမြို့ မြန်မာသံရုံးက လုပ်ဆောင်နေတယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးရုံးက ပြောပါတယ်။

Saturday, February 23, 2019

ဘင်္ဂလားသံအမတ် မြန်မာနိုင်ငံခြားရေးရုံး ဆင့်ခေါ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဖေဖော်ဝါရီ၊ 2019

မြန်မာ-ဘင်္ဂလားဒှေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုး မြင်ကွင်းတနေရာ။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ကိုထွက်ခွာသွားတဲ့သူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ဖို့နဲ့ဘင်္ဂလား ဒေ့ရှ် ဘက်က ဖမ်းဆီးထားတဲ့ မြန်မာရဲ့တပ်သားကို မြန်မာနိုင်ငံဆီ ပြန်လွှဲပြောင်းပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Manjurul Karim Khan Chowdhury ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် ခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၂၁ရက်နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ နိုင်ငံခြား ရေး ဝန်ကြီးဌာနရဲ့ကြေညာချက်မှာဖေါ်ပြထား ပါတယ်။

Thursday, February 7, 2019

ရခိုင်ပြည်နယ် ပြဿနာများကြောင့် မြန်မာအစိုးရ အပေါ် အရေးယူဖိအားပေးမည်မဟုတ် ဟုဆို

MizzimaTV
Feb 7'2019

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောပြဿနာများကြောင့် မြန်မာအစိုးရအပေါ် အရေးယူမှု၊ ဖိအားပေးမှုများ လုပ် ဆောင်သွားမည်မဟုတ်ဘဲ အကောင်းဘက်သို့သွားနိုင်အောင် နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama ကပြောသည်။

ရိုက်ကူး/တည်းဖြတ်-မိုးမြင့်ဇော်-


 
Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */