Showing posts with label လူသတ်မှု. Show all posts
Showing posts with label လူသတ်မှု. Show all posts

Wednesday, February 7, 2024

ဒုက္ခသည်စခန်းထဲ အသတ်ခံရမှာကို စိုးရိမ်နေရတဲ့ ရိုဟင်ဂျာတွေ -

BBC
February 6, 2024

မြန်မာပြည်မှာ ဖိနှိပ်မှုတွေကြောင့် အိုးအိမ်စွန့်ကာပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေထဲမှာလည်း ဘေးကင်းလုံခြုံမှု မရကြပါဘူး။ ပြီးခဲ့တဲ့ နှစ်‌အနည်းငယ်အတွင်း ARSA အဖွဲ့ အပါအဝင်လက် နက်ကိုင်ဂိုဏ်းတွေရဲ့ သတ်ဖြတ်မှုကြောင့် စခန်းထဲက ရိုဟင်ဂျာ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ အသတ်ခံကြရတဲ့သူတွေထဲ လူ့အခွင့်အရေးလှုပ်ရှားသူ‌တွေ၊ ရပ်ရွာအကျိုး ဆောင်သူတွေ ပါဝင်ပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားသူ‌တွေ အဓမ္မအကျင့်ခံရတယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂ UNHCR ဟာ ဒုက္ခသည်တွေကိုအကာအကွယ်ပေးဖို့ တာဝန်ရှိပေမဲ့ သူတို့ကို အကာအကွယ်မပေးဘူးလို့ ရိုဟင်ဂျာတွေက ပြောကြပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ရိုဟင်ဂျာ #ဘင်္ဂလားဒေ့ရှ် #ဒုက္ခသည် Link : Here

Friday, November 1, 2019

ရက်ရက်စက်စက် လူသတ်ဗီဒီယိုဖိုင်ကိစ္စ အေအေက ငြင်းပြီး တပ်မတော်လက်ချက်လို့ ပြန်စွပ်စွဲ

B B C
ဘီဘီစီ မြန်မာပိုင်း 
31 အောက်တိုဘာ 2019
လူမှုမီဒီယာမှာ အောက်တိုဘာလ ၃၀ ရက်နေ့က ပျံ့နှံ့ခဲ့တဲ့ ရက်စက်ကြမ်းကြုတ် အော့နှလုံးနာစရာ လူ သတ်မှု ဗီဒီယိုဖိုင်တခုနဲ့ပတ်သက်ပြီး ဒါဟာ ရက္ခိုင့်တပ်တော် အေအေက ကျူးလွန်နေတာတွေကို မှတ်တမ်း တင်ထားတဲ့ဖိုင်လို့ လူအများကြားမှာ ပြောနေကြသလို အေအေကလည်း ဒါသူတို့ မဟုတ်ဘဲ တပ်မတော် ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ သတင်းလွှင့် တာလို့ တန်ပြန်စွပ်စွဲလိုက်ပါတယ်။

Monday, May 27, 2019

အင်းဒင်ရွာ လူသတ်မှုကျူးလွန်သူ တပ်မတော်သား များ ထောင်မှလွတ်မြောက်

VOA
 ဗွီအိုအေ (မြန်မာဌာန)
27 မေ၊ 2019
ကိုမိုးဇော်
 ၂၀၁၇ ခုနှစ်အတွင်းက အင်းဒင်ရွာအတွင်း အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀ဦး (စက်တင်ဘာ၊ ၀၁၊ ၂၀၁၇)
 
 ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ မူဆလင် ၁၀ ဦး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၀ နှစ် စီကျခံနေရတဲ့ တပ်မတော်သား ၇ ဦးကို မူလက စစ်တွေ အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြန်လည် လွှတ်ပေးလိုက်ပြီလို့ ရိုက်တာ သတင်းတရပ်က ဖော်ပြပါတယ်။ အကျဉ်းဦးစီးဌာနကတော့ ဒီလူတွေကို အရပ်ဖက် အကျဉ်းထောင်တွေမှာ ထိမ်းသိမ်းထားတာ မရှိတော့ဘူး လို့ ပြောပေမယ့် ဘယ်လို ပုံစံနဲ့ ပြန်လည် လွှတ်ပေးခဲ့တယ်ဆိုတာကိုတော့ ပြည်ထဲရေးဌာန ကရော ကာ ကွယ်ရေးဌာနကပါ ရှင်းရှင်းလင်း လင်း တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်း ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

Sunday, February 17, 2019

မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာမှ ကျေးရွာသား ၃ ဦး အသတ်ခံရ

DVB
17 February 2019
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာမှာ ကျေးရွာသား ၃ ဦး အသတ်ခံခဲ့ရ တယ်လို့ သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Thursday, February 14, 2019

ရွာတာဝန်ခံတစ်ဦး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရ

RFA 
2019-02-13 
 မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာတွင် သေနတ်နှင့်လုပ်ကြံခံရသူ။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျောက်ခုတ်ကျေးရွာ တာဝန်ခံတစ်ဦး မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းက သေနတ်နဲ့ လုပ်ကြံအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Friday, November 18, 2016

( 18.11.2016 ) ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား


 ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား
 
မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု အနောက်ရွာနေကျေးရွာရပ်မိရပ်ဖနှင့် ရာအိမ်မှုး တာဝန် ထမ်း ဆောင်သူ ဂျာမာလ် (၄၂)နှစ်သည်ယမန်နေ့ညနေပိုင်းတွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု တောင်ရွာနေ ဟာဘီအုလ္လာ (၄၀) နှစ် ကနေအိမ်သို့ ညနေစာ စားရန် ဖိတ်ကြားသဖြင့် ညနေ ၆ နာရီတွင် သွားရောက်ပြီး ညနေစာ စားခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */