VOA
ဗွီအိုအေ (မြန်မာဌာန)သားညွန့်ဦး
20 ဇန္နဝါရီ၊ 2020
ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ အစိုးရကဖွဲ့တဲ့ ICEO လွတ်လပ်တဲ့စုံစမ်းရေးကော် မ ရှင်ရဲ့ အစီရင်ခံစာဟာ နိုင်ငံတကာမှာ အပြကောင်းအောင်နဲ့၊ လာမယ့် ICJ တရားခွင်အတွက် ပြင်ဆင်မှု သာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်တုံ့ပြန်ပါတယ်။ ကော်မရှင်အနေနဲ့ လူ့ အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်ကြီးကို ဖော့ပြောဖို့ ကြိုးစားထားသလို၊ ကော်မရှင်စုံစမ်းမှုဟာ ပွင့်လင်းမြင် သာ မှုမရှိဘူးလို့လည်း ထောက်ပြပါတယ်။ HRW ရဲ့ တုံ့ပြန်ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။