Showing posts with label ရန်ကုန်. Show all posts
Showing posts with label ရန်ကုန်. Show all posts

Saturday, November 18, 2023

ရန်ကုန်မှာ စစ်ဆေး ဖမ်းဆီးမှုတွေရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၁၈ နိုဝင်ဘာ၊ ၂၀၂၃ 

ရန်ကုန်မြို့ လယ်တနေရာမှာ လုံခြုံရေးယူနေသည့် စစ်သားတဦး (မှတ်တမ်းဓါတ်ပုံ) 

တိုင်းရင်းသားညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က စစ်တပ်တပ်စွဲထားတဲ့ နေရာတွေအပေါ် တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်နေချိန်မှာ ရန်ကုန်မြို့တချို့ နေ ရာတွေမှာ လုံခြုံရေးပြန်လည် တင်းကြပ်နေပါတယ်။ ရန်ကင်းမြို့နယ်တဝိုက်မှာ ရဲနဲ့ စစ်သားလုံခြုံရေး တွေက လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို တားဆီးစစ်ဆေးမှုတွေ လုပ်တယ်လို့ မျက်မြင် တွေ့ ခဲ့သူတွေက VOA ကိုပြောပါတယ်။

Thursday, January 7, 2021

ရိုဟင်ဂျာ ၁၀၀ ခန့် ရန်ကုန်မှာ အဖမ်းခံရ

VOA
မှတ်တမ်းဓါတ်ပုံ- ရန်ကုန်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ ( ဧပြီလ ၁၇၊ ၂၀၂၀)
 
မနေ့ ဗုဒ္ဓဟူးနေ့ကရန်ကုန်မြို့ အိမ်တအိမ်ကို ရဲတွေ ဝင်ရောက်ရှာဖွေရာမှာ ရိုဟင်ဂျာ ၁၀၀ နီးပါးကို ဖမ်းဆီး ခဲ့ ကြောင်း ရဲနဲ့ ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။

Tuesday, March 31, 2020

ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာ ၁၄ ဦးထဲက တစ်ဦး သေဆုံး

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-03-31
မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်က ဝေဘာဂီအထူးကုဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ မင်္ဂလာတောင် ညွန့် မြို့နယ် က ကိုရိုနာအတည်ပြု လူနာအမှတ် ၅ ဟာ အပြင်းအထန် အဆုတ်ရောင်တာနဲ့ သွေးအဆိပ်တက် တာကြောင့် သေဆုံးသွားတာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင် ခင်ကြီးက ပြော ပါတယ်။

Thursday, March 5, 2020

ICJ မှာ မြန်မာဘက်က ရှေ့နေ့လိုက်တဲ့ ပါမောက္ခ ဝီလီယံ ရှေဘတ်စ် ရန်ကုန်တက္ကသိုလ်မှာ လာရောက်ဟောပြော


B B C
ဘီဘီစီ မြန်မာပိုင်း
2020.03.05
ပါမောက္ခ ဝီလီယံရှေဘတ်စ် ရန်ကုန်တက္ကသိုလ် ရောက်ရှိ

ICJ မှာ မြန်မာဘက်က ရှေ့နေ့လိုက်တဲ့ ပါမောက္ခ ဝီလီယံရှေဘတ်စ် ရန်ကုန်တက္ကသိုလ်မှာ လာရောက် ဟောပြော

အပြည်ပြည်ဆိုင်ရာတးရုံးICJ တွင် မြန်မာနိုင်ငံဘက်မှ ရှေ့နေလိုက်ပေးခဲ့တဲ့ ပါမောက္ခ ဝီလီယံရှေဘတ်စ် ဟာ ရန်ကုန်တက္ကသိုလ်မှာ လာရောက်ဟောပြောဖို့အတွက် ဒီကနေ့ မတ် ၅ ရက်နေ့မှာ ရန်ကုန်ကို ရောက် ရှိလာပြီဖြစ်ပါတယ်။
ပါမောက္ခ ရှေဘတ်စ်ဟာ နိုင်ငံတကာ ရာဇဝတ်ဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေတွေ ကျွမ်းကျင်သူ ဖြစ်ပါ တယ်။
 

Link : Here

Sunday, February 17, 2019

ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဧရာဝတီ
By မင်းအောင်ခိုင်
17 February 2019
                                             ပေါက်ကွဲမှု ဖြစ်ပွာခဲ့သော နေရာ / Hla Shwe / Facebook
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနှင့် သဲတော်ကြား ရန်ကုန် – စစ်တွေ ကားလမ်းမပေါ် တွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနှစ် အချိန်ခန့်က ဗုံး ၂ လုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */