Showing posts with label တိုက်ရိုက်လေလှိုင်း. Show all posts
Showing posts with label တိုက်ရိုက်လေလှိုင်း. Show all posts

Friday, March 6, 2020

မြန်မာ့နိုင်ငံရေးမူဝါဒမှာ လူနည်းစုသွေးခွဲဆက်ဆံမှု ရှိလား (တိုက်ရိုက်လေလှိုင်း)

VOA
တိုက်ရိုက်လေလှိုင်း
သားညွန့်ဦး
04 မတ်လ 2020
မြန်မာ့နိုင်ငံရေးမူဝါဒမှာ လူနည်းစုသွေးခွဲဆက်ဆံမှုရှိလား(တိုက်ရိုက်လေလှိုင်း)

မြန်မာနိုင်ငံမှာ လူနည်းစုတွေကို ခွဲခြားဆက်ဆံတဲ့ ဥပဒေနဲ့ မူဝါဒတွေဟာ နှစ်ပေါင်းများစွာက တည်းက ရှိနေပြီး၊ မြန်မာ့လူ့အခွင့်အရေးတိုးတက်လာဖို့ဆိုရင် အဲဒီ ဥပဒေနဲ့မူဝါဒ ပြင်ဆင်ရေးတွေကို ဆောင် ရွက် ရမယ် လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက အခုကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ထောက်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ မြန်မာ နိုင်ငံမှာ ဒီလို မူဝါဒတွေ တကယ်ပဲ ရှိသေးရဲ့လား၊ လက်ရှိ ဒီမိုကရေစီအရပ်သားအစိုးရကရော ဒီမူဝါဒတွေကို ပြုပြင်ပြောင်း လဲဖို့ စိတ်ဆန္ဒရှိရဲ့လား.. စတာတွေကို လာမယ့် အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။

Saturday, December 14, 2019

မြန်မာနိုင်ငံနဲ့ ICJ သင်ခန်းစာ ( တိုက်ရိုက်လေလှိုင်း )

VOA
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
14 ဒီဇင်ဘာ၊ 2019
ကိုအောင်လွင်ဦး 
 ဒီဇင်ဘာ ၁၄၊ ၂၀၁၉ - ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးအောင် လုပ်ရာရောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် The Hague မြို့က နိုင်ငံတကာ တရားရုံးမှာ သွားပြီး ဖြေရှင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဖြစ်ခဲ့ တာတွေဟာ လူမျိုးတုံးအောင်လုပ်တဲ့ ရည်ရွယ်ချက်မျိုး မရှိတဲ့အကြောင်းနဲ့ ရှိခဲ့ရင်လည်း လူသားချင်းစာ နာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး သဘောတူညီချက်တွေနဲ့သာ အရေးယူနိုင်တယ် ဆိုပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ လျှောက်လဲချက် ပေးတဲ့အချိန်မှာ ပြောခဲ့တာပါ။

Tuesday, November 19, 2019

နိုင်ငံတကာဖိအားနဲ့ မြန်မာတုန့်ပြန်မှု(တိုက်ရိုက်လေလှိုင်း)

VOA
တိုက်ရိုက်လေလှိုင်း
19 နိုဝင်ဘာလ၊ 2019
သားညွန့်ဦး
 ၇၄ ကြိမြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဥိးကျော်တင့်ဆွေ။
 
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာဖိအားတွေဟာ မကြုံစဖူးအောင်ပဲ အခု နှစ်ပိုင်းထဲ မြင့်တက်လို့လာပါတယ်။ ဒီအပေါ် မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်နဲ့ သံတမန်ရေး စွမ်းဆောင် မှုတွေဟာ ဆီလျော်မှန်ကန်မှု လုံလောက်မှုရှိပါရဲ့လား။ အင်္ဂါနေ့ ည တိုက်ရိုက်လေ လှိုင်းအစီအစဉ်မှာတော့ နိုင်ငံတကာဖိအားနဲ့ မြန်မာတုန့်ပြန်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။

Saturday, November 16, 2019

ICJ မှာ မြန်မာနိုင်ငံအမှု ဘယ်လိုရင်ဆိုင်မလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
ကိုအောင်လွင်ဦး
16 နိုဝင်ဘာ၊ 2019
နိုဝင်ဘာ ၁၆၊ ၂၀၁၉ - မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ အထူးသဖြင့် ရခိုင်ပြည် နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒီတပတ်ထဲမှာပဲ ICJ နိုင်ငံ တကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တရားစွဲလိုက်သလို၊ နိုင်ငံတကာ ရာဇဝတ် ခုံရုံး (ICC) က လည်း မြန်မာနိုင်ငံဟာ အဖွဲ့ဝင် မဟုတ်သည့်တိုင် စုံစမ်းမှုတွေစဖို့ ခွင့်ပြုလိုက်ပါတယ်။

Thursday, October 31, 2019

ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ နောက်ဆက်တွဲအလား အလာ (တိုက်ရိုက်လေလှိုင်း)

VOA
တိုက်ရိုက်လေလှိုင်း
30 အောက်တိုဘာ၊ 2019
သားညွန့်ဦး
Mro ethnic people displaced from the surge of fighting between ethnic armed rebel group of the Arakan Army and government troops take refuge at a compound of a Buddhist pagoda are seen during a government-organized visit for journalists in Buthidaung town 

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုပိုပြီး တင်းမာလာသလို၊ အရပ်သားထိခိုက်မှုတွေ အရပ်သားတွေ သွားလာနေထိုင်စားသောက်မှုတွေကို ထိခိုက်လာနေပါတယ်။ တဖက်မှာ အပစ်ရပ်ရေးဆွေးနွေးနေတယ်ဆိုပေမယ့်လည်း၊ တဖက်နဲ့တဖက် စွတ် စွဲပြောဆိုမှုတွေဟာလည်း ပိုပြီး ပြင်းထန်လာပါတယ်။ ရခိုင်မြောက်စစ်ပွဲ ငြိမ်းချမ်းဖို့အ လားအလာနဲ့ စိန်ခေါ် ချက်တွေအကြောင်း အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

Thursday, October 24, 2019

NLD အစိုးရလက်ထက် မြန်မာနဲ့ ကုလ ဆက်ဆံရေး (တိုက်ရိုက်လေလှိုင်းဆွေးနွေးပွဲ)

ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
23 အောက်တိုဘာ၊ 2019
သားညွန့်ဦး
နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီသီတင်းပတ်ထဲ မြန်မာအရေးနဲ့ပတ်သက်လို့ ဆွေးနွေးစရာတွေ ရှိနေပါတယ်။ ထူးခြားမှုကတော့ တချိန်က ဒီမိုကရေစီရေးပြောနေတဲ့ NLD ပါတီ အခု အစိုးရဖြစ်ချိန်မှာ ၊ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ မျက်နှာစာမှာ အတော် ဝေဖန်ခံနေရတာပါ။ ဒါကြောင့် အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂဆက်ဆံရေးကို သုံးသပ် ဝေဖန်ထားပါတယ်။
မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာနိုင်အောင်နဲ့ နိုင်ငံရေးစာရေးဆရာ သတင်းစာဆရာ ဦးသီဟသွေးတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။


Link : Here

Wednesday, August 28, 2019

ရခိုင်ပဋိပက္ခ (၂) နှစ်ပြည့်နဲ့ တရားမျှတမှု(တိုက်ရိုက် လေလှိုင်း ဆွေးနွေးခန်း)

VOA
တိုက်ရိုက်လေလှိုင်း
28 သြဂုတ်၊ 2019
သားညွန့်ဦး
ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာများ။ August 25, 2019

သြဂုတ် ၂၇၊ ၂၀၁၉။ ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် အပြန်အလှန်အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပြီး ဒုက္ခ သည်သိန်းဂဏန်းအထိ နယ်ခြားထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ် အခုဆို (၂) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ထွက်ပြေး သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကလည်း မအောင်မမြင် ရှိနေဆဲပါ။ ဒီဖြစ်ရပ်တွင်း လုံခြုံ ရေးတပ်တွေရဲ့ လူ့အခွင့်အရေးကျူးလွန်ဖောက်ဖျက်မှုတွေကို စုံစမ်း အရေးယူဖို့ တောင်းဆိုချက်တွေက လည်း ရှိနေဆဲပါ။ မြန်မာအစိုးရကတော့ ဒီဖြစ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာပြည်တွင်းမှာပဲ ကော်မရှင်ဖွဲ့ စုံစမ်းတာတွေရှိနေတာကြောင့်၊ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှုမလိုဘူးလို့ ပြောနေပါ တယ်။

Wednesday, July 31, 2019

ဒုက္ခသည်များနေရပ်ပြန်ရေး (တိုက်ရိုက်လေလှိုင်း)

VOA  
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
31 ဇူလိုင်၊ 2019
သားညွန့်ဦး
This picture taken on October 10, 2012 shows an elderly Muslim Rohingya man pictured outside his tent at the Dabang Internally Displaced Persons (IDP) camp, located on the outskirts of Sittwe, capital of Myanmar's western Rakhine state. More than 50,000 

ဇူလှိုင် ၃၁၊ ၂၀၁၉။ ဘင်္ဂလားဒေ့ရ်ှမှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ နေရပ်ပြန်ရေးအစီအစဉ် အ တွက် မြန်မာနိုင်ငံခြားရေးဌာန ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို သွားရောက်ပြီး ဒုက္ခ သည်တွေ နဲ့ရော ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတကာဖိအားကြုံနေရတဲ့ ရိုဟင်ဂျာ အရေး နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေနေရပ်ပြန်ရေး လုပ်ငန်းစဉ်တွေမစနိုင်သေးတာကြောင့်လည်း နှစ်နိုင်ငံအကြား မှာ အပြန်အလှန်အပြစ်တင်မှုတွေရှိခဲ့ပါတယ်။

Monday, April 1, 2019

ရခိုင်ပြည်ငြိမ်းချမ်းရေး အလားအလာ (စနေည တိုက် ရိုက်လေလှိုင်း)

VOA  
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း 
မအေးသန္တာကျော်
30 မတ်၊ 2019 
 
ရခိုင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေဟာ အရှိန်လျှော့ပါးလာမှုမရှိပဲ ဒေသခံတွေလည်း အ တော်လေး ထိခိုက်မှုတွေရှိနေတာကြောင့် ရှေ့ဆက်အခြေအနေတွေ ပိုပြီးတော့ ကောင်းလာနိုင် မလား ဆို တဲ့ ပူပန်မှုတွေရှိနေပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */