Showing posts with label ဒါးကြီးဇား. Show all posts
Showing posts with label ဒါးကြီးဇား. Show all posts

Friday, November 18, 2016

( 17.11.2016 ) အကြမ်းဖက် မသင်္ကာသူ (၅၉) ဦး မောင်တောမြို့နယ်၌ ထပ်မံဖမ်းဆီးရမိ


            
အကြမ်းဖက် မသင်္ကာသူ (၅၉) ဦး မောင်တောမြို့နယ်၌ ထပ်မံဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဂွဆုံကျေးရွာ၊ ဒါးကြီးဇား ကျေးရွာများသို့ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးတစ်ဦး ဦးဆောင်သည့် အဖွဲ့သည် နိုဝင်ဘာ လ ၁၆ ရက်၊ နံနက် ၁၀ နာရီက ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမားဟု ယူဆရသော မသင်္ကာသူ ၅၉ ဦးအားဖမ်းဆီးရမိခဲ့သည်။


အဆိုပါ မသင်္ကာသူ ၅၉ ဦးမှ ဂွဆုံကျေးရွာနေ ရှော်ရှီးတာမောက် (၅၂) နှစ်(ဖ) အာဘီအပါအဝင် ဂွဆုံကျေး ရွာ မှ (၂၁) ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ၉ ဦးတို့အားညနေ ၅ နာရီ ၃၅မိနစ်တွင်အမှတ်(၃)နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့မှူးရုံးတွင် လည်းကောင်း၊ ဂွဆုံကျေးရွာနေ ကျပန်းလုပ်ငန်းလုပ်ကိုင် သည့်ဟာ မတ်ဒူ လာ(၁၅ )နှစ် (ဖ)နုလာရာလ်လောင်အပါအဝင် ဂွကျေးရွာမှ ၁၅ ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ၁၂ ဦး၊ ဒါးကြီး ဇားကျေးရွာမှ ၁ ဦး၊ ဦးဆိန်ကျကျေးရွာမှ ၁ ဦးတို့အားညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ်(၄) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးတွင် လည်းကောင်း ခေတ္တထိန်းသိမ်းထားရှိကြောင်းသိရှိရသည်။


Link : Here

( 17.11.2016 ) HRW ၏ အစီရင်ခံစာပါ အချက် အလက် များကို ရှင်းလင်း တင်ပြခြင်း

HRW ၏အစီရင်ခံစာပါ အချက်အလက်များကို ရှင်းလင်းတင်ပြခြင်း
                                                    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
                                      နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ
                                                 သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၆
                                         ၁၃၇၈ ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
                                                  (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)


၁။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ထုတ် Bangkok Post သတင်းစာ ပါ မောင်ေ တာနယ်မြေ အတွင်း လူနေ အဆောက်အဦများ မီးရှို့ဖျက်ဆီးခံရသည့် သတင်းနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်အား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် နိုင်ငံ ပိုင်သတင်းစာများ တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */