Showing posts with label ဆင့်ခေါ်. Show all posts
Showing posts with label ဆင့်ခေါ်. Show all posts

Wednesday, July 31, 2019

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံ၊ အကြီးအကဲ၏ ပြော ကြား ချက်အပေါ် ကန့်ကွက်

 နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၃၁-၇-၂၀၁၉ ရက်၊

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Zahairi Baharim အား ၃၁-၇-၂၀၁၉ ရက်နေ့၊ မွန်းလွဲ (၁၅၀၀)နာရီ အချိန်တွင် နေ ပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

Tuesday, May 28, 2019

ဦးဝီရသူကို ရန်ကုန်တိုင်း သံဃ မဟာနာယကမှ ခေါ်ယူ သြဝါဒပေးမည်

ဧရာဝတီ
By ထက်နိုင်ဇော်
28 May 2019

အမျိုးသားရေး ဆရာတော် ဦးဝီရသူ / မျိုးမင်းစိုး / ဧရာဝတီ

 အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) ၏ မေလဆန်းပိုင်း က လူမှုကွန်ရက်တွင် ပြန့်နှံခဲ့သည့် ဟောပြောချက်များကြောင့် ဆရာတော်ကို ရန်ကုန်တိုင်း သံဃာမဟာနာယကမှ ခေါ်ယူ သြဝါဒ ပေးမည် ဖြစ်ကြောင်း သိရသည်။

Wednesday, March 13, 2019

မြောက်ဦးတွင် လူနာလိုက်ပို့သူ ၆ ဦးနှင့် လူနာကို စစ်တပ်က ခေါ်ဆောင်သွားဟုဆို

နိရဉ္စရာ
နိရဉ္စရာ၊ မတ် ၁၃
                                        

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ လူနာသွားပို့သည့် ကျေးရွာသား ၆ ဦးနှင့် လူနာ ဖြစ်သူကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုများက နိရဉ္စရာသတင်းဌာနသို့ ပြောကြား သည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ဦးမောင်ထွန်း (၄၂) နှစ်(ဘ) ဦးထွန်းအောင်ခိုင်၊ ဦးစိုးစိုးနိုင်(၃၃) နှစ် (ဘ) ဦးမောင်စောထွန်း၊ ကိုဇော်မင်းထွန်း (၂၀) နှစ် (ဘ) ဦးကျော်ဝင်းတင်၊ ကိုစည်သူအောင်(၁၉) နှစ် (ဘ) ဦးမောင်သောင်းအေး၊ ကိုဇောနိုင်ဌေး (၂၈) နှစ်(ဘ) ဦးမောင်ကျော်သာနှင့် ကိုထွန်းစိုးလင်း (၂၉) နှစ် (ဘ) ဦးညံ့သာအောင်တို့ ဖြစ်ကြသည်ဟု သိရှိရသည်။

Tuesday, February 26, 2019

ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ဆင့်ခေါ်ပြီး မြန်မာ ဘာတွေ ပြောခဲ့လဲ

ဘီဘီစီ မြန်မာပိုင်း
ဖေဖေါ်ဝါရီလ ၂၆ ၂၀၁၉ 

ဘင်္ဂလားဒေ့ရှ်ဘက် နယ်ကျွံဝင်လာလို့ ဆိုပြီး ဖမ်းခံထားရတဲ့ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အရေး ကောင်စစ်ဆိုင်ရာ စကားပြောခွင့်ရဖို့ ဒါကာမြို့ မြန်မာသံရုံးက လုပ်ဆောင်နေတယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးရုံးက ပြောပါတယ်။

Saturday, February 23, 2019

ဘင်္ဂလားသံအမတ် မြန်မာနိုင်ငံခြားရေးရုံး ဆင့်ခေါ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဖေဖော်ဝါရီ၊ 2019

မြန်မာ-ဘင်္ဂလားဒှေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုး မြင်ကွင်းတနေရာ။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ကိုထွက်ခွာသွားတဲ့သူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ဖို့နဲ့ဘင်္ဂလား ဒေ့ရှ် ဘက်က ဖမ်းဆီးထားတဲ့ မြန်မာရဲ့တပ်သားကို မြန်မာနိုင်ငံဆီ ပြန်လွှဲပြောင်းပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Manjurul Karim Khan Chowdhury ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် ခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၂၁ရက်နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ နိုင်ငံခြား ရေး ဝန်ကြီးဌာနရဲ့ကြေညာချက်မှာဖေါ်ပြထား ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */