BBC
၃၀ စက်တင်ဘာ ၂၀၂၅
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Tuesday, September 30, 2025
ရခိုင်မှာ ရိုဟင်ဂျာတွေ နေခဲ့တဲ့နေရာတွေမှာ စစ်တပ်က စစ်ဘက်ဆိုင်ရာနေရာ တည်ဆောက်အစားထိုးခဲ့ -IIMM
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတုန်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အမျိုးသားတစ်ဦး ကန်သင်းရိုးပေါ် လမ်းလျှောက်နေတဲ့မြင်ကွင်းဖြစ်ပါတယ်
မြန်မာစစ်တပ်ဟာ သူတို့ ဖျက်စီးခဲ့တဲ့ ရိုဟင်ဂျာ ကျေးရွာတွေနဲ့ ရိုဟင်ဂျာတို့ရဲ့ နေအိမ်တွေနေရာမှာ စစ်ဘက်ဆိုင်ရာ နေရာထိုင်ခင်းတွေ၊ အခြေခံ အဆောက်အအုံ တွေနဲ့ အစားထိုးခဲ့တယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း ပြသနေတဲ့ သက်သေ အထောက်အထားတွေ ရရှိထားတယ်ဆိုပြီး ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ယန္တရား IIMM က ထုတ်ပြန်ပါတယ်။
ကုလရုံးချုပ်မှာ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအပြင် တခြားလူနည်းစုတွေအရေး ဆွေးနွေးဖို့ရှိ
BBC
၃၀ စက်တင်ဘာ ၂၀၂၅
အခုသီတင်းပတ်ဟာ နယူးယောက်မြို့ ကုလအထွေထွေညီလာခံ ကျင်းပနေပြီး ကမ္ဘာတလွှားအစိုးရ အသီးသီးရဲ့ ထိပ်တန်းခေါင်းဆောင်တွေ အထွေထွေမူဝါဒ၊ ပြည်တွင်းနဲ့ နိုင်ငံတကာသံခင်းတမန်ခင်းအရေးတွေကို မိန့်ခွန်းပြောနေကြပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာဒုက္ခတွေကို အများဆုံးလက်ခံထားတဲ့ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်နေသူ မိုဟာမက်ဒ် ယူနွတ်စ်လည်း ပါဝင်ပါတယ်။
Sunday, September 28, 2025
နယ်စပ်အရေး ပြေလည်စေမယ့်နည်းလမ်းတွေ အမြန်ဆုံးရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်ကို အေအေ တောင်းဆို
BBC
၂၈ စက်တင်ဘာ ၂၀၂၅,
မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကိုသိမ်းပိုက်အပြီးတွေ့ရစဉ် (ပုံဟောင်း)
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်(ARSA)နဲ့ ရိုဟင်ဂျာ သွေးစည်းညွတ်ရေးအဖွဲ့(RSO)လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကို ထောက်ပြပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ နှစ်ဖက်ပြေလည်စေမယ့်နည်းလမ်းတွေ အမြန်ဆုံးရှာဖွေပြီး အာရက္ခတပ်တော်(AA)က တောင်းဆိုလိုက်ပါတယ်။ Sunday, September 7, 2025
မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး
လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စို
2021-01-25
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဇန်နဝါရီ ၁၈ ကနေ ၂၉ ရက်နေ့အထိ ကျင်းပနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေး အခြေအနေ သုံးသပ်ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မနေ့က ဆွေး နွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုတိုးတက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတ ကာက တောင်းဆိုခဲ့ကြတဲ့ ဒီအစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦး ထွန်းထွန်းဦးက မြန်မာပြည်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတွေကို ဆောင်ရွက်လာနိုင်တာနဲ့အမျှ လူ့အခွင့် အရေးနဲ့ အခြေခံလွတ်လပ်ခွင့် တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အ စိုးရက စုံစမ်းစစ်ဆေးနေတယ်၊ နိုင်ငံတကာ ကတိကဝတ်တွေကို တာဝန်သိသိ အကောင်အထည်ဖော်ဖို့ အချိန် လိုပါတယ်။ အမုန်းစကား ဖြန့်ချိမှု နဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချမှုတွေကိုလည်း အထူးအလေးထား တားဆီးပိတ်ပင်နေပါတယ် စသဖြင့် ပြောကြားခဲ့ပါတယ်။
Monday, August 25, 2025
မြန်မာက ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသတွင်းနိုင်ငံတွေက လက်ခံပေးဖို့ အမေရိကန်ပြော
BBC
2025 ဩဂုတ်လ 25
မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ပုံဟောင်း)
ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်တွင်းက နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ အကြမ်းဖက်မှုတွေမှာ ပစ်မှတ်ထားခံရသူတွေနဲ့ အတူရပ်တည် သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
Wednesday, June 11, 2025
ရိုဟင်ဂျာအရေး အေအေနဲ့ ထိတွေ့ဆက်ဆံဖို့လိုကြောင်း အမေရိကန်က ကုလမှာတိုက်တွန်း
BBC Burmese
၁၁ ဇွန် ၂၀၂၅
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးဆွေးနွေးမှုတွေမှာ ရခိုင်တပြည်နယ်လုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (အေအေ) နဲ့ပါ ထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့ ဇွန် ၁၀ ရက်ကပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
၁၁ ဇွန် ၂၀၂၅
အမေရိကန်ရဲ့ ကုလသမဂ္ဂလူမှုစီးပွားဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ ဂျောနသန် ရှရှ်ရာ
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးဆွေးနွေးမှုတွေမှာ ရခိုင်တပြည်နယ်လုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (အေအေ) နဲ့ပါ ထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့ ဇွန် ၁၀ ရက်ကပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေး ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည့် AA ပါဝင်ရန် အရေးကြီး ဟု အမေရိကန်က ကုလသမဂ္ဂတွင် ထုတ်ပြောလာ
Khit Thit Media
ရန်ကုန်၊ ဇွန် ၁၁
ရန်ကုန်၊ ဇွန် ၁၁
ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသော ရိုဟင်ဂျာ ဒုက္ခသည်များ အားလုံး နေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည် နယ် တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် AA အပါအဝင် ပါဝင်သင့် ပါဝင်ထိုက်သူ အား လုံး ပါဝင် ဆွေးနွေးရန် အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ပြောဆိုလိုက်သည်။ဇွန်လ ၁၀ ရက်နေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop ၏ ရှင်းလင်းတင်ပြချက်ကို ကြားနာသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးတွင် အမေရိကန်သံတမန် Jonathan Shrierက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
Tuesday, April 29, 2025
ရခိုင်တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ် ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ်ပါတီ အဆိုပြု
ဧရာဝတီ
Muktadir Rashid
29 April 2025
ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး အစ္စလမ်မစ်ပါတီဖြစ်သည့် ဂျမက်-အီ-အစ္စလမ်မီ က မြန်မာမှ ရခိုင်ပြည် နယ် တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ်ထူထောင်ရန် တရုတ်နိုင်ငံသို့ အဆိုပြုလိုက်သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ကိုယ်စားလှယ်အဖွဲ့တဖွဲ့နှင့် ဒါကာတွင် တနင်္ဂနွေနေ့က အစည်းအဝေးအတွင်း ထိုအဆိုပြုချက်ကို တင်ပြခြင်းဖြစ်သည်ဟု ဂျမက်က ထုတ်ပြန်သည့် ကြေညာချက်တစောင်အရ သိရသည်။
Monday, April 7, 2025
စစ်ကောင်စီရဲ့ သံတမန်ရေး ကစားကွက်ထဲ ရိုဟင်ဂျာအရေး ပါလာပြီလား - BBC News မြန်မာ
BBC
07.04.2025
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဥ်မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က မကြုံစဖူး ခြေလှမ်းတစ်ရပ် စပြီး ပြုလုပ်လာပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ဘယ်သူဘယ်ဝါတွေဟာ ဆိုရင်ဖြင့် မြန်မာကနေ ထွက်ခွာသွားခဲ့ကြတဲ့ သူတွေ ဖြစ်တယ် ဆိုတာကို စိစစ် အတည်ပြုထားနိုင်တဲ့ အရေအတွက်ပေါင်း တစ်သိန်းရှစ်သောင်း ရှိတယ်ဆိုပြီး စစ်ကောင်စီဟာ လက်ရှိ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ အသိပေးပါတယ်။
Saturday, April 5, 2025
ရိုဟင်ဂျာ ၁၈၀,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာ အတည်ပြု
စစ်ခေါင်းဆောင်ကို ICC ကို လွှဲပြောင်းရေး ဆန္ဒပြဖို့ စီစဉ်နေချိန် ရုန်းရင်းဆန်ခတ်ဖြစ်
BBC
05.04.2025
မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြဖို့ ပြင်နေတဲ့ အနက်ရောင်ဝတ် Bright Future အဖွဲ့ဝင်တွေကို ထိုင်းအမျိုးသားရေး အဖွဲ့ဝင်တွေက နှောက်ယှက်ခဲ့
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးသင့်ကြောင်း ထိုင်းအခြေစိုက် မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားတဲ့ Bright Future အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန်မှာပဲ ထိုင်းရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့ ထိုင်းသတင်းတွေက ရေးသားထားပါတယ်။
ရိုဟင်ဂျာ တစ်သိန်းရှစ်သောင်းကျော်ကို ပြန်လက်ခံဖို့ မြန်မာအတည်ပြုကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
BBC
05.04.2025
05.04.2025
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်ကို ပြန်လက်ခံမယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အတည်ပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။
Thursday, April 3, 2025
“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”
ဧရာဝတီ
2 April 2025
ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီအထိ ရရှိထားသော စာရင်းများအရ ပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂,၇၁၉ ဦး၊ ဒဏ်ရာရရှိသူ ၄,၅၂၁ ဦးနှင့် ပျောက်ဆုံးနေသူ ၄၄၁ ဦး ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
Wednesday, April 2, 2025
မြန်မာငလျင်ဘေးအတွက် ဩစတြေးလျက အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်
RFA
RFA Burmese
2025.04.02
မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Sunday, March 23, 2025
ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ စက်လှေ နစ်မြုပ်
RFA
RFA Burmese
2025.03.22
ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ဖို့ ကြိုးပမ်း စဉ် Teknaf ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး ရိုဟင်ဂျာ အများအပြား ပျောက်ဆုံးနေကြောင်း Dhaka Tribune သတင်းက ဖော်ပြပါတယ်။
Friday, March 21, 2025
ARSA ခေါင်းဆောင် အာတာအူလာနေရာတွင် နောက်တစ်ယောက် အစားထိုးခန့်အပ်သည်ဟု သတင်းထွက်
DMG
21 Mar 2025
ပြီးခဲ့သော ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံလိုက်ရသော ARSA တပ်ဖွဲ့ခေါင်းဆောင် အာတာအူလာနေရာတွင် မော်လာနာဘော်ဟန်း ဆိုသူကို အစားထိုးခန့်အပ်ထားသည်ဟု သိထားရ ကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပုံစာ - ARSA အဖွဲ့ခေါင်းဆောင် အာတာအူလာ ပုံဟောင်း။ ဓာတ်ပုံ - X
ပြီးခဲ့သော ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံလိုက်ရသော ARSA တပ်ဖွဲ့ခေါင်းဆောင် အာတာအူလာနေရာတွင် မော်လာနာဘော်ဟန်း ဆိုသူကို အစားထိုးခန့်အပ်ထားသည်ဟု သိထားရကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Thursday, March 20, 2025
အာဆာခေါင်းဆောင်နှင့် အခြား ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
Mizzima
March 19, 2025
ပုံအညွှန်း- အာဆာခေါင်းဆောင် အတူလက်ရှ်နှင့် အခြား ဆယ်ဦးအား ဘင်္ဂလားဒေ့ရှ် ရုတ်ခြည်း အရေးယူဆောင်ရွက်ရေး တပ်ရင်း Rab က ဖမ်းဆီးရမိ The Daily Star
အာဆာ ခေါင်းဆောင်နဲ့ နောက်လိုက် ၉ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
လူထုနွေဦး
၁၉ရက် မတ်လ ၂၀၂၅
အာတာအူလာ နှင့် အာဆာ အဖွဲ့ဝင်များကို ရုံးထုတ်လာစဥ်။ဓါတ်ပုံ-risingbd
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးနဲ့ နောက်လိုက်နောက်ပါတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲအကြမ်းဖက်တိုက်ဖျက်ရေး အထူးယူနစ် RABရဲ့ တပ်ခွဲ ၁၁ ဟာ မတ်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေတုန်းက နာယာယန်ဂန့်ဂျ်နဲ့ မိုင်မန်ဆင်းတို့မှာ သီးခြား စစ်ဆင်ရေး သုံးခု လုပ်ဆောင်ပြီးတဲ့နောက် ARSAရဲ့ အသက် ၄၈ နှစ်အရွယ် ထိပ်တန်း ခေါင်းဆောင် အာတာအူလာ အဘူအမ်မန် ဂျူနူနီနဲ့ တခြား သံသယရှိသူ ၉ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ARSA, RSO တို့ကို စစ်ရာဇဝတ်မှုအတွက်စစ်ဆေးရန် Fortify Rights အဖွဲ့ တိုက်တွန်း
Myanmar Now
ရောင်နီ
March 19, 2025
ARSA အဖွဲ့ခေါင်းဆောင်အပါအဝင် ၁၀ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်ပြီးနောက် ၎င်းတို့ကို စစ်ရာဇဝတ်မှုအတွက်စစ်ဆေးရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့ က တိုက်တွန်းလိုက် သည်။
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA နှင့် RSO တို့ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သဖြင့် တာဝန် ယူမှု၊ တာဝန်ခံမှုရှိလာရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights မတ် ၁၈ ရက်နေ့က အစီရင်ခံစာတစ်ခု ထုတ်ပြန်လိုက်သည်။
Subscribe to:
Posts (Atom)