Showing posts with label သတင်းမီဒီယာ. Show all posts
Showing posts with label သတင်းမီဒီယာ. Show all posts

Wednesday, October 30, 2019

ရခိုင်သို့ မီဒီယာသမားများကို လွတ်လပ်စွာသတင်းယူခွင့် ပေးရန် AA တိုက်တွန်း

DMG
ကျော်သူဌေး
Oct 30, 2019
စစ်တွေ 
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပိုမိုပြင်းထန်လာပြီး တစ်ဖက်နှင့်တစ်ဖက် အငြင်း ပွားစရာ စွပ်စွဲမှုများလည်း မကြာခဏပေါ်ပေါက်နေသဖြင့် အမှန်တရားများ သိရှိရန်အတွက် သတင်းမီဒီ ယာသမားများကို လွတ်လပ်စွာ သတင်းယူခွင့်ပေးရန် ရက္ခိုင့်တပ်တော်(AA)က တိုက်တွန်းလိုက်သည်။

Thursday, May 30, 2019

ပြည်တွင်းပြည်ပသတင်းမီဒီယာများပါဝင်သည့် သ တင်းအဖွဲ့ ဂုံးနားကျေးရွာနှင့် အောင်ဗလကျေးရွာတို့၌ သတင်းရယူ

မြန်မာ့အလင်း
မောင်တော မေ ၃၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း ပြည်ပသတင်းမီဒီယာများပါဝင်သော သတင်း အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် ဂုံးနားကျေးရွာရှိ ရွှေဇား ကပ္ပကောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအတွင်း ရှိလူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံသတင်းရယူကြသည်။ဆက်လက် ၍ သတင်းအဖွဲ့သည် ဂုံးနားကျေးရွာနှင့် အောင်ဗလ ကျေးရွာအတွင်း လေ့လာသတင်းရယူကြ သည်။

ထို့နောက် သတင်းအဖွဲ့သည် မောင်တောမြို့မှ စစ်တွေမြို့သို့ ရောက်ရှိကြပြီး ညနေပိုင်းတွင် မြန်မာ အမျိုး သားလေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြသည်။

သတင်းစဉ်

Wednesday, May 29, 2019

ပြည်တွင်း ပြည်ပ သတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့ မောင်တောဒေသ၌ သတင်းရယူ

မြန်မာ့အလင်း
မောင်တော မေ ၂၉
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ပါဝင်သည့် သတင်းမီဒီ ယာအဖွဲ့သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် စစ်တွေမြို့မှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိပြီး သတင်းရယူကြသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */