Showing posts with label တပ်မတော်. Show all posts
Showing posts with label တပ်မတော်. Show all posts

Monday, June 14, 2021

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

ဧရာဝတီ
By မောင်မောင်စိုး 
11 June 2020

ရခိုင်ပြည်နယ်အရေးဟုဆိုလျှင် ရခိုင်ပြည်နယ်ရှိ စစ်ပွဲသည် ထိပ်ဆုံး ရောက်နေသည့် ပြဿနာဖြစ်သည်ဟု ဆိုခြင်းနှင့် ပတ်သက်၍ ငြင်းပယ်ရန် မရှိပေ။ လက်ရှိ မြန်မာပြည်၏ ပြည်တွင်းစစ် (တပ်မတော်မှ သောင်း ကျန်းသူ နှိမ်နင်းရေးစစ်ပွဲဟု သုံးပါသည်) တွင် အပြင်းထန်ဆုံး ဖြစ်ပွားနေသည်မှာ ရခိုင်စစ်မြေပြင်တွင် ဖြစ် သည်။

Monday, February 15, 2021

တပ်မတော် ဘာဆက်လုပ်မည်နည်း

ဧရာဝတီ
Jonathan Head
15 February 2021

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွတ်တွန်းမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်အုပ်ချုပ်ရေး မှားယွင်းမှု ကြေကွဲစရာဇာတ်လမ်းတွင် သူ၏ ဆိုးရွားလှသော အခန်းကို ဖြည့်စွက်လိုက်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စမ်းသပ်ကျင့်သုံးနေမှုကို ဖျက်ဆီးလိုက်ပြီး တကမ္ဘာလုံးကိုတုန်လှုပ်သွား စေသူ သည် နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် နှစ်ကြိမ်သာ အများပြည်သူရှေ့ထွက်လာပြီး သူ၏ လုပ်ရပ်များကို ရှင်း လင်းတင်ပြသည်။

Sunday, November 29, 2020

ဆွေးနွေးမှုအဆင့်တခုရောက်ရင် AA ကို အကြမ်းဖက် အ ဖွဲ့အဖြစ်က ပယ်ဖျက်ပေးမယ်

VOM
ဆွေလင်းထွန်း(VOM)
Editor Htein Lin
နိုဝင်ဘာ-၂၇-၂၀၂၀

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ရက္ခိုင့်တပ်တော်(AA) နဲ့ ဆွေးနွေးနိုင်ရေးအတွက် လူ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကတဆင့် ဆောင်ရွက်နေပြီး ဆွေးနွေးမှုအဆင့်တခုရောက်ရင် အကြမ်းဖက်အဖွဲ့ အဖြစ်ကနေ ပယ်ဖျက်ပေးမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည် တော်မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့် ပြောခဲ့တာ ဖြစ်ပါတယ်။

Wednesday, November 18, 2020

မောင်တောမှာမိုင်းထောင်ထားတာ (ARSA) အဖွဲ့လို့ တပ်မတော် ထုတ်ပြန်

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိမ်
18 နိုဝင်ဘာ၊ 2020

 
မြန်မာအစိုးရတပ် ဖွဲ့ဝင်များ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တဲ့ မိုင်းပေါက်ကွဲမှုဟာ ARSA ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်အဖြစ် တပ်မတော်က ပြောဆိုလိုက်တဲ့အကြောင်း နိုင်ကွန်းအိန် ကသတင်းပေးပို့ထားပါတယ်။

Sunday, November 1, 2020

ရခိုင်မှာ တပ်မတော်က သွေးခွဲဝါဒဖြန့်ကြောင်း ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
01 နိုဝင်ဘာ၊ 2020 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးယူနေတဲ့ မြန်မာ့တပ်မတော်သားအချို့။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)
ရခိုင်ပြည်နယ်တွင်းနဲ့ အွန်လိုင်းမှာပါ မြန်မာ့တပ်မတော်က ဝါဒဖြန့်စစ်ပွဲ လုပ်လာတဲ့အပေါ် စိုးရိမ်မှု ပိုတိုးလာ ရကြောင်း ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ စုပေါင်းထုတ်ပြန်လိုက်တဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

Sunday, October 25, 2020

မွတ်စလင်ဒေသခံ လူငယ် ၂ ဦး သေဆုံးမှု မြန်မာစစ်တပ် ပြန်စုံစမ်းစစ်ဆေး

VOA 
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
25 အောက်တိုဘာ၊ 2020
နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၂၄၊ ၂၀၂၀)
အောက်တိုဘာ ၅ ရက်နေ့တုန်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည် (မွတ်စလင်) ကျေးရွာက လူ ငယ်လေးနှစ်ဦး သေဆုံးတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ ပါ တယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

Monday, October 12, 2020

ကျောက်တော်နဲ့ အမ်း ပစ်ခတ်မှုမှာ အရပ်သား သုံးဦး ဒဏ် ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ 
2020.10.12

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြစ်ကမ်းနဘေးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဂုပ္ပီထောင့်နဲ့ အမ်းမြို့နယ် ဒလက်အနောက်ရွာက အရပ်သား သုံးဦးဟာ အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက လက်နက်ကြီးအစထိမှန်ပြီး ထိခိုက်ဒဏ်ရာရသွားကြ တယ် လို့ ကာယကံရှင်တွေနဲ့ ကျေးရွာလူကြီးတွေကပြောပါတယ်။

Wednesday, September 16, 2020

ရိုဟင်ဂျာအရေးကို စုံစမ်းစစ်ဆေးမယ်လို့ တပ်မတော်ပြော

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ ကျော်လွင်ဦး
2020-09-15
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို တပ်မတာ် အနေနဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်နေပြီး ဒီအထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စွပ်စွဲမှုတွေရှိခဲ့တဲ့ ဘူးသီးတောင်မြိုနယ်တောင် ဘဇားကျေးရွာကိစ္စ၊ မောင်တောမြို့နယ်က ကျေးရွာတွေကိစ္စလည်း ပါဝင်တယ်လို့ တပ်မေ တာ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

Tuesday, September 8, 2020

လူအစုလိုက်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားတဲ့ တပ်မတော် သားနှစ်ဦးကို ICC ထိန်းသိမ်းထား


လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020-09-08

၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်အတွင်း ရိုဟင်ဂျာမွတ်ဆလင် အရပ်သား အမြောက်အမြားကို သတ်ဖြတ်ခဲ့ရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ ဝန်ခံ ထားတဲ့ တပ် သားမျိုးဝင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့ကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) က နယ်သာလန် နိုင်ငံ သည်ဟိတ်မြို့မှာ ထိန်းသိမ်းထားတယ်လို့ နယူးယောက်တိုင်း သတင်းစာက ဒီနေ့ အတည်ပြု ရေးသားလိုက်ပါတယ်။

Friday, September 4, 2020

ဂူတာပြင်ရွာသတ်ဖြတ်မှု စစ်ခုံရုံးစီရင်ချက် ထုတ်မပြောနိုင်‌ ကြောင်း တပ်မတော် ငြင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ သက်စုအောင်
2020-09-04


ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင်ကျေးရွာက မွတ်စလင်တွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး၊ စစ်ခုံရုံးရဲ့ စီရင်မှုတွေကို အတိအကျ ထုတ်မပြောနိုင်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

Saturday, August 15, 2020

တပ်မတော်အက်ဥပဒေပြင်တာ အိုင်စီဂျေနဲ့ သက်ဆိုင်သလား

B B C
 ဘီဘီစီ မြန်မာပိုင်း
၁၄ သြဂုတ် ၂၀၂၀
အမျိုးသားလွှတ်တော်မှာ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း အဆိုတင်သွင်းစဉ်

 တပ်မတော်အက်ဥပဒေပုဒ်မ ၁၂၅ အပိုဒ်ခွဲ ၁ ပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ပါ ပြီ။ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ရင် ဥပဒေ ဖြစ်လာတော့မှာပါ။

Wednesday, July 22, 2020

မင်းပြားမှာ တပ်နဲ့ AA တိုက်ပွဲပြင်းထန်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ

2020-07-21


 

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာနားမှာ မနေ့ညက တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက် ခံရပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာ ရခဲ့ပါတယ်။

Thursday, July 16, 2020

မောင်တောနဲ့ ရသေ့တောင်က ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020-07-16



ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဆားငံချောင်းကျေးရွာနဲ့ ရသေ့တောင်မြို့နယ် ချိန်ခါလိန်၊ ကိုးတန် ကောက်ရွာ တွေအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေက ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဇူလိုင်၁၄ ရက်နေ့မှာ ရွာသားတစ်ယောက်သေ ဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့ တယ်လို့ ရွာသားတွေက ပြောပါတယ်။

Wednesday, July 8, 2020

ရသေ့တောင် အဓမ္မပြုကျင့်မှုစွပ်စွဲချက် ပြည်နယ်ရဲတပ် ဖွဲ့စစ်ဆေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.07.07


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညက အသက် ၃၆ နှစ်အ ရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီး RFA ကို ဇူလိုင်လ ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်တဲ့နောက် မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာတော့ ကာယ ကံရှင် အမျိုး သ မီးနဲ့အတူရှိနေခဲ့တဲ့ အမျိုးသမီး သုံးဦးကို ရဲတပ်ဖွဲ့က စစ်တွေမြို့ အရန်ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ် ယူစစ်ဆေး ခဲ့ပါတယ်။

Sunday, July 5, 2020

တပ်မတော်ကကျူးလွန်မှုတွေကိုတာဝန်ခံလာအောင် နိုင်ငံ တကာလက်တွဲဖို့ HRW တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ရဲစည်သူကာ
2020-07-05

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ခဲ့တဲ့ ဂူတာပြင်ကျေးရွာက ရိုဟင်ဂျာတွေကို အစုလိုက် အပြုံ လိုက် သတ်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ပတ်သက်လို့ ကျူးလွန်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ နှစ်ယောက်နဲ့ အခြား အ ဆင့် တစ်ယောက်၊ စုစုပေါင်း သုံးယောက်ကို စစ်ခုံရုံးနဲ့ အရေးယူလိုက်တယ်ဆိုတာဟာ အစိုးရရဲ့ တာဝန်ခံမှုနဲ့ ပတ် သက်လို့ ရှောင်လွှဲတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲက ဇူ လိုင်လ ၃ ရက်နေ့က ဆောင်းပါးတစ်စောင်ရေးပြီး ထောက်ပြလိုက်ပါတယ်။

Wednesday, July 1, 2020

ဂူတာပြင်ကိစ္စ အရေးယူခံရသူတွေရဲ့ပြစ်ဒဏ်တွေကို ထုတ် ပြောဖို့မရှိကြောင်း တပ်မတော် ပြော

B B C
ဘီဘီစီ မြန်မာပိုင်း
၃၀ ဇွန် ၂၀၂၀
တာပြင်ဖြစ်စဉ်ကို တစ်နှစ်ကျော်အကြာ စစ်ဆေးအပြီးမှာ ခုလိုအရေးယူတဲ့အကြောင်း ထုတ်ပြန်တာဖြစ်

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ အဓိက တာဝန်ရှိသူ အရာရှိကြီးတစ်ဦးအပါအဝင် သုံးဦးကို စစ်တရားရုံးကနေ ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ချက်ချင်းအပစ်ရပ်ဖို့ တပ်မတော်ကို ကုလသမဂ္ဂ လူ့အခွင့် အရေး မဟာမင်းကြီးတိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
နန္ဒာချမ်း
2020-06-30
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ၄၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ တွေ့ရတဲ့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲ ဘတ်ရှလတ် (Michelle Bachelet)။
Photo: UN web TV

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ အတိဒုက္ခရောက်နေကြသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက် ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေလည်း နေရပ်မပြန်နိုင်ဘဲ ဖြစ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစိုးရက ကြိုး ပမ်းနေပါတယ်လို့တုံ့ပြန်ခဲ့တာပါ။

ဂူတာပြင်သတ်ဖြတ်မှု တပ်မတော်ကြေညာချက် ပွင့်လင်းမှု မရှိဟု ပြည်တွင်းပြည်ပ ဝေဖန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-06-30
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂ဝ၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ စစ် ဆင်ရေးအတွင်း လူအစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိ ၂ ဦးနဲ့ စစ်သည် ၁ ဦးကို စစ်တရားရုံးကအပြစ် ရှိကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော် က မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Tuesday, June 23, 2020

ရခိုင်စစ်ပွဲအပေါ် ဘယ်လိုရှုမြင်ကြသလဲ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ 
2020-06-22
 

မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့အကြား တစ်နှစ်ခွဲနီးပါး ကြာမြင့်လာတဲ့ လက်နက်ကိုင် တိုက်ပွဲ တွေ အတွင်း လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ပြီး ဖြစ်သလို၊ လူဦးရေ တစ်သိန်းခြောက်သောင်းထက်မနည်း အိုး အိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါပြီ။

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၇)

ဧရာဝတီ
ဆောင်းပါး
By မောင်မောင်စိုး
23 June 2020
ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့နိုင်ပါတယ် / အောင်ကျော်ထက် / ဧရာဝတီ


ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများရှိသည်အနက် လက်ရှိ အအောင်မြင်ဆုံးနှင့် ရခိုင်လူထုကြား သြဇာအရှိ ဆုံး ပါတီမှာ ANP ရခိုင်အမျိုးသားပါတီ ဖြစ်သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ANP ပါတီကတင်သွင်း သော စာတမ်း အရ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ANP ပါတီ လိုချင်သော နိုင်ငံရေးရည်မှန်း ချက် မှာ ကွန်ဖက် ဒရိတ် အဆင့်အတန်း ဖြစ်သည်ကို တွေ့ရသည်။ ANP နှင့် AA လျှောက်လှမ်းသည့် ပုံစံမတူ သော်လည်း နိုင်ငံရေး ရည်မှန်းချက်မှာ ယေဘုယျ အားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */