Showing posts with label တွေ့ဆုံဆွေးနွေးရေး. Show all posts
Showing posts with label တွေ့ဆုံဆွေးနွေးရေး. Show all posts

Thursday, November 21, 2019

အိုင်စီဂျေ၊ အိုင်စီစီ နိုင်ငံတကာ တရားရုံးကိစ္စ မြန်မာနိုင်ငံ ဘယ်လိုတုံ့ပြန်ဖြေရှင်းသင့်သလဲ

လွတ်လပ်တဲ့အာရှအသံ( RFA )
အေးအေးမွန်
2019-11-21

ဒီတပတ် “ယနေ့ နိုင်ငံရေး” အစီအစဉ်မှာ "အိုင်စီဂျေ၊ အိုင်စီစီ နိုင်ငံတကာ တရားရုံးကိစ္စတွေကို မြန်မာနိုင်ငံ ဘယ်လိုတုံ့ပြန်ဖြေရှင်းသင့်သလဲ" ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနဲ့ ပြည်သူ့လွှတ်
‌တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် တို့နဲ့အတူ RFA- ဝိုင်းတော်သူ မအေးအေးမွန်က ဆွေးနွေးတင်ပြထားပါတယ်။

 

Link : Here

Saturday, May 4, 2019

လွတ်လပ်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင် ၂ ရက်ကြာ ဆွေးနွေး၊ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-04
ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင်အဖွဲ့နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံစဉ်
Photo: Independent Commission Of Enquiry_ICOE_myanmar 
 

နိုင်ငံတော် သမ္မတ ဦးဝင်မြင့် ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ICOE ဟာ ကော်မရှင်ရဲ့ ၈ ကြိမ်မြောက် အစည်းအဝေးကို မေလ ၃ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခဲ့ တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

Tuesday, April 30, 2019

ရခိုင်ပြည်နယ်တိုက်ပွဲတွေအရေး တေ့ွဆုံဆွေးနွေးဖို့ ALP တောင်းဆို

RFA
2019-04-30
ALP ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်း ကို စစ်တွေမြို့မှာ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung 

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေး နွေးနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ထံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စာရေးသား တောင်းဆို ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က စာရေးသားကမ်းလှမ်းထားပေမယ့် အချိန် ၂ ပတ်ကျော်ကြာလာတဲ့အထိ တစ်စုံတစ်ရာအကြောင်းပြန်တာမရှိဘူးလို့ ALP ပါတီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်း ဆောင် ဒေါ်စောမြရာဇာလင်းက RFA ကို ဒီနေ့ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */