Showing posts with label လှေစီးဒုက္ခသည်. Show all posts
Showing posts with label လှေစီးဒုက္ခသည်. Show all posts

Wednesday, September 7, 2022

ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာ ၁၀ဦးနှင့် ကျွန်းပေါ်က ၄၁ဦးတို့ကို ထိုင်းကယ်တင်



ထိုင်းနိုင်ငံ စတုန်ခရိုင်ရှိ ပင်လယ်ထဲတွင် အကာအကွယ်မရှိဘဲ မျောပါဒုက္ခရောက်နေသော ရိုဟင်ဂျာ ဒုက္ခသည် ၁၀ ဦးကို စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၄၁ ဦးကို ကျွန်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စတုန်ခရိုင် လန်ဂူးဒေသ ဘူလိုးကျွန်းအနီး ပင်လယ်ပြင်တွင် မျောပါနေသည်ကို ထိုင်းငါးဖမ်းသမားများက မြင်တွေ့သဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းပင်လယ်ထဲ တွန်းချခံရသည့် ရိုဟင်ဂျာ ၁၀ ဦးနှင့် ကျွန်းပေါ်သောင်တင်နေသူ ၄၁ ဦးကို ကယ်တင်

DVB
2022.09.07

ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ ပင်လယ်ထဲတွန်းချခံရတဲ့ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးနဲ့ ကျွန်းပေါ်သောင် တင် နေတဲ့ ၄၁ ဦးတို့ကို ထိုင်းအာဏာပိုင်တွေ ကူညီကယ်ဆယ်ထားတယ်လို့ The Nation ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက် ၆ နာရီလောက်က ထိုင်းပင်လယ်ပြင် ပူးလွန်း ကျွန်းစုအနီးမှာ လူတစုရေထဲ ကူးခတ်ပြီး အကူအညီလှမ်းတောင်းနေတာကို တံငါသည် ရွာသားတွေက တွေ့ရှိတာကြောင့် ကနဦးကယ်တင်ပြီး လငူးမြို့နယ် အုပ်ချုပ်ရေးရုံးနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ လငူးနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူး က ပြောပါတယ်။

လှေစီးပြေး ရိုဟင်ဂျာ ၅ဝ ကျော် ထိုင်းရေလုပ်သားတွေ ကယ်တင်

VOA
ဗွီအိုအေမြန်မာပိုင်း
၀၇ စက်တင်ဘာလ၂၀၂၂ 

Koh Bulone ပင်လယ်ပြင်ထဲမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ဆယ်ဦးကို ထိုင်းငါးဖမ်းလှေ လုပ်သားတွေက တွေရှိ တာကြောင့် ကယ်ဆယ်ခဲ့ပြီး နောက်ထပ် အဲဒီပင်လယ်ပြင်နဲ့ နီးတဲ့ကျွန်းတကျွန်းပေါ်မှာ ရိုဟင်ဂျာ ၄၁ဦးကို ထပ် တွေ့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းတောင်ပိုင်း Satun ပြည်နယ်ထဲက ပင်လယ်ပြင်မှာ ဖော့တုံးတွေကို ဖောင်လုပ်ပြီး ရေထဲမျောနေတဲ့ ရိုဟင် ဂျာ ၁၀ ဦးကို ထိုင်းငါးဖမ်းလှေ က ကယ်ဆယ်ခဲ့တာပါ။ သူတိုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေတဆင့် ဘင်္ဂလားဒေရှ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး အဲဒီကတဆင့် အင်ဒိုနီးရှားနိုင်ငံ ဘက်ကိုသွားဖို့အတွက် လာကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။

Tuesday, December 28, 2021

ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာတဲ့ လှေတစီး အင်ဒိုနီးရှားမှာ သောင်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဒီဇင်ဘာ၊ 2021

 

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက Aceh ပြည်နယ်ကမ်းလွန်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစင်း သောင်တင်နေတာတွေ့ရတယ်လို့ ဒေသအာဏာပိုင်တွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေက တနင်္လာနေ့မှာ ပြောပါတယ်။

ဒီလှေကို တနင်္ဂနွေနေ့မှာ စတွေ့ခဲ့ပြီး သူတို့ကိုကယ်ဆယ်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်နေ တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ UNHCR ကပြောပါတယ်။

ဒေသတွင်းက ငါးဖမ်းသမားတွေရဲ့ ခေါင်းဆောင်ကတော့ လှေပေါ်မှာ လူ ၁၂၀ လောက်ပါပြီး သူတို့ကို အစားအစာ တွေ ပေးထားကြောင်းနဲ့ သူတို့ကို ကယ်ဆယ်ဖို့ပါ တာဝန်ရှိသူတွေကို ပန်ကြားထားကြောင်း ပြောတယ်လို့ အင်ဒိုနီး ရှားမှာရှိတဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ခွဲက ပြောပါတယ်။ အန္တရာယ်ရှိတဲ့ ရေပြင်ကို ဖြတ်ပြီး အခုလို ဒုက္ခသည်တွေမလာအောင်လုပ်ဖို့ ဒေသတွင်းနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ရာနဲ့ချီ ရောက်လာတာ ဖြစ်ပါတယ်။

Link : Here

Thursday, December 16, 2021

ရခိုင်မှာ ရိုဟင်ဂျာ ၁၀၀ ကျော် ထောင်ဒဏ် ငါးနှစ်စီ ချမှတ် ခံရ

လွတ်လပ်တဲ့အာရှအသံ 
2021-12-16
စစ်တွေမြို့အနောက်မြောက်ဘက်မှာ ရိုဟင်ဂျာ လှေတစ်စီးကို စစ်တပ်က ဖမ်းဆီးရမိကြောင်း ၂၀၂၁ နိုဝင်ဘာ ၂၉ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားစဉ်ဓါတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ခွာစဉ် ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၉၀ ကျော်ထဲက ၁၀၉ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ် တရားရုံးကနေ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီး ဘူးသီးတောင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေက RFA ကို ဒီနေ့ပြောပါတယ်။

Tuesday, November 30, 2021

မွတ်ဆလင်၂၀၀ ကျော် တင်ဆောင်လာသော စက်လှေ ၁ စီး ဖမ်းမိ

ဧရာဝတီ
30 November 2021

မလေးရှားနိုင်ငံသို့ သွားမည့် မွတ်ဆလင် ၂၂၈ ဦးတင်ဆောင်လာသည့် စက်လှေတစီးကို စစ်တွေမြို့နယ် မေယု ကျွန်း အနောက်ဘက် ၁၇မိုင်အကွာတွင် ယမန်နေ့ နံနက်ပိုင်းက မြန်မာရေတပ်က ဖမ်းဆီးလိုက်ကြောင်း သိရ သည်။

အဆိုပါ စက်လှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းမှနေ မလေးရှားနိုင်ငံသို့ သွားရန် ထွက် ခွာလာ စက်လှေတစီးဖြစ်ကြောင်း လက်ရှိတွင် ဥပဒေအရ အရေးယူရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည် နယ် စီမံ အုပ်ချုပ်ရေး ကောင်စီမှ အရာရှိတဦးက ပြောသည်။

၎င်းက “မနေ့က ဖမ်းမိတဲ့သူတွေက ကူတူပါလောင် ဒုက္ခသည်စခန်းကနေ မလေးရှားသွားဖို့ ထွက်လာကြတာ လို့ သူတို့က ထွက်ဆိုတယ်။ အဲဒီမှာ ၁၂ နှစ်အောက် ကလေးတွေလည်း ပါလာတော့ ကလေးတွေကိစ္စကို ကျေ နာ်တို့ ဘယ်လို ဆောင် ရွက်မယ်ဆိုတာ စီစဉ်နေကြတယ်။ ကျန်တဲ့ လူကြီးတွေကိုတော့ တရားဥပဒေအရ အ ရေး ယူဖို့ စီစဉ်နေပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

အဆိုပါ လူမှောင်ခို စက်လှေမှာ ဝဒီထွန်း (၅) အမည်ရှိပြီး စက်လှေပါ မြန်မာလူမျိုး (တရားခံ) ၅ ဦး၊ မွတ်ဆလင် (ကျား) ၇၀ ဦး၊ မွတ်ဆလင် (မ) ၁၂၅ ဦး၊ ကလေး ၃၃ ဦးတို့ ပါဝင်ကာ လက်ရှိအချိန်တွင် ၎င်းတို့ကို မည်သည့် နေ ရာတွင် ထိန်း သိမ်း စစ်ဆေးနေသည်ကိုတော့ မသိရပေ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင် လက်နက်များ ချင်းချင်းကြား ပဋိ ပက္ခဖြစ်ပွား မှုကြောင့် စခန်းရှိ မွတ်ဆလင် မိသားစုဝင်များမှာ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများသို့ ထွက်ခွာမှု များရှိလို တချို့မှာလည်း နှစ်နိုင်ငံ နယ်စပ်မှတဆင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့လည်း တရားမ ဝင် လမ်းကြောင်းဖြင့် ဝင်ရောက်မှု များရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆ လင် ကျေးရွာသားများ သိန်းနှင့်ချီ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားရာ လက်ရှိအချိန် အထိ အဆိုပါ မွတ် ဆလင်အရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြန်လည် နေရာချထားမှု မပြုလုပ်နိုင် သေး ပေ။

ယခုလ နိုဝင်ဘာလ ၂၇ ရက်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်ကြသော မွတ်ဆလင်များအ နေ ဖြင့် လဝက ဌာနက ထုတ်ပေးလေ့ရှိသော ခရီးသွားခွင့် (ပုံစံ – ၄) ရယူခြင်းမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊တိုင်း သို့ ကျော်လွန်ပြီး ခရီးသွားလာခွင့် မပြုကြောင်း ဒေသအာဏာပိုင်များက တားမြစ်စာ ထုတ်ထားသည်ကိုလည်း အင်တာနက် လူမှုကွန် ရက်တွင် တွေ့ရှိရသည်။

တားမြစ်ထားသည့်အတိုင်း လိုက်နာမှု မရှိဘဲ ဖောက်ဖျက် ကျူးလွန်သူများကိုလည်း တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

ဘူသီးတောင်မြို့နယ်အတွင်းကမွတ်ဆလက် ကျေးရွာလူကြီး တဦးက “ကျနော်တို့ NVC (National Verification Card) နဲ့ ခရီးသွားလာလို့ ရနေတာကို အခုလို ပုံစံ – ၄ ရ ယူပြီးမှ သွားရမယ် ဆိုတာကတော့ ကျ နော်တို့အတွက် တော်တော် အခက် အခဲဖြစ်တယ်။ ပုံစံ- ၄ ရဖို့ဆိုတာက ဒီအတိုင်း ထုတ်ပေးတာမှ မဟုတ် တာ။ အဆင့်ဆင့် တင် ပြရတယ်။ အချိန်ကုန်၊ ငွေ ကုန် ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မွတ်ဆလင် ကျေးရွာသားများကို ထိုသို့ ခရီးသွားလာခြင်းမှ တားမြစ်မှုမှာ လုပ်ထုံး၊ လုပ်နည်းအရ မှန်ကန်သော် လည်း ပုံစံ – ၄ ထုတ်ပေးသည့် ဌာနဆိုင်ရာများကို ကိုယ်တိုင် အချိန်နှောင့်နှေး ကြန့်ကြာမှု မဖြစ်ရန် မြန်မြန်ဆန် ဆန် စိစစ်ကာ ထုတ်ပေး နိုင်မည် ဆိုပါက အားလုံးအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းရွှေက ဆိုသည်။

ဦးအောင်သောင်းရွှေက “ကျနော့် အမြင်ကတော့ ပုံစံ – ၄ ပါမှ ခရီးသွားခွင့်ပြုမယ်ဆိုရင် လဝက ဌာနက အဲဒီ ပုံစံ – ၄ ကို ကြန့်ကြာမှု မဖြစ်အောင် ထုတ်ပေးသင့်တယ်လို့ မြင်တယ်။ အဲဒီလို မဟုတ်ရင် သူတို့ကို တမင် ဖိနှိပ်ထား သလိုမျိုး ဝေဖန်မှု တွေ ထွက်လာနိုင်တယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

Link : Here

ရိုဟင်ဂျာ နှစ်ရာကျော်ပါတဲ့ စက်လှေ စစ်တွေမြို့အနီး ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2021-11-29
ရိုဟင်ဂျာ ၂၂၆ ဦးပါလာသော စက်လှေအား စစ်တွေမြို့အနောက်မြောက်ဘက်တွင် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီပြန်ကြားရေး ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် ဓာတ်ပုံ။
 
ရိုဟင်ဂျာ ၂၂၈ ဦး ပါလာတဲ့ စက်လှေတစ်စီးကို ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ မြန်မာရေတပ်က မနေ့မ နက်ပိုင်းမှာ ဖမ်းဆီးခဲ့တဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါတယ်။

ရိုဟင်ဂျာ ၂၀၀ ကျော် ရခိုင်ကန်းရိုးတန်းအနီး မြန်မာဘက် က ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
30 နိုဝင်ဘာ၊ 2021

     ရိုဟင်ဂျာ ၂၀၀ ကျော် ရခိုင်ကန်းရိုးတန်းအနီး မြန်မာဘက်ကဖမ်းဆီး (ဓါတ်ပုံ- တပ်မတော် သတင်း)

 စစ်တွေမြို့ အနောက်မြောက်ဘက်မှာ လူ ၂၃၃ ဦး လိုက်ပါလာတဲ့ စက်လှေ တစင်ကို နိုဝင်ဘာလ ၂၉ ရက် နေ့ မနက် ပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။ သတင်းအရတော့ ဖမ်းဆီးတဲ့ ဝဒီထွန်း (၅) သစ်သား စက်လှေပေါ်မှာ ရိုဟင်ဂျာ ၂၂၈ ဦးပါဝင်ပြီးကလေးငယ် ၃၃ဦး၊ အမျိုးသမီး ၁၂၅ ဦးနဲ့ အမျိုးသား ၇၀ ဦးတို့ ဖြစ်ပါတယ်။ စက်လှေ ဝန်ထမ်း အမျိုးသား ၅ ဦး ဖမ်းခံရတဲ့ အထဲမှာ ပါဝင်ပါတယ်။

ဆယ်စုနှစ်တခုကြာ ပိတ်ဆို့ခံထားရတဲ့ ရိုဟင်ဂျာများ

VOA
ဗွီအိုအေမြန်မာပိုင်း
သားညွန့်ဦး
30 နိုဝင်ဘာ၊ 2021 မြန်မာနိုင်ငံမှာ နှစ်စဉ် ပွင့်လင်းရာသီရောက်လာပြီဆိုရင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ မလေးရှားနိုင်ငံဘက် ကို လှေစီးထွက်ပြေးဖို့ ကြိုးစားတတ်ကြပါတယ်။ နိုဝင်ဘာ ၂၉ရက် တနင်္လာနေ့ကပဲ လှေစီးပြေးသူ ၂၂၈ ယောက်ပါတဲ့ စက်လှေတစီးကို စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ ရေတပ်က ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေဟာ အသွားအလာကန့် သတ် ခံထားရသလိုဒုက္ခ သည်စခန်းတွေထဲမှာ ဆယ်စုနှစ် တခုကြာ နေထိုင်နေကြရတာကြောင့် အခုလို တ ခြား နိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားလေ့ရှိတဲ့အကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

Friday, June 26, 2020

"ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေး" - အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
26 ဇွန်၊ 2020  

Tuesday, June 9, 2020

လှေစီးပြေး ရိုဟင်ဂျာတွေ ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်ကို မလေးရှားတောင်းဆိုမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇွန်၊ 2020
မလေးရှားနိုင်ငံကို ဝင်ဖို့ ကြိုးစားကြတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တချို့။ (မေ ၀၂၊ ၂၀၂၀) 

မလေးရှား ရေပိုင်နက်အတွင်း စက်လှေတစ်စင်းနဲ့ ဝင်ရောက်လာရာက ထိန်းသိမ်းခံနေရတဲ့ ရိုဟင်ဂျာ ၃၀၀ လောက်ကို ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုသွားမယ်လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က အင်္ဂါနေ့က ပြောပါတယ်။

ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည် ၂၆၀ ကျော် မလေးကို ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇွန်၊ 2020
၂၀၁၈ ခုနှစ်အတွင်း Langkawi ကျွန်းကိုရောက်လာသည့် ရိုဟင်ဂျာဒုက္ခသည်များ (မှတ်တမ်းဓာတ်ပုံ) 

မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် လှေစီးပြေးဒုက္ခသည်တွေကို တားမြစ်နေတဲ့ကြား ကပဲ ၊ ရိုဟင်ဂျာ ၂၆၀ ကျော်ဟာ လှေစီးခရီးနဲ့ တနင်္လာနေ့မှာ မလေးရှားနိုင်ငံကို ရောက်လာတယ်လို့ တာ ဝန်ရှိသူတွေက ပြောပါတယ်။

Sunday, May 31, 2020

ရိုဟင်ဂျာ ဒုက္ခသည်အရေး - "ညဘက်မှာ လှေပေါ်က အလောင်းတွေ ရေထဲပစ်ချခဲ့တယ်"

B B C
ဘီဘီစီ မြန်မာပိုင်း
2020.05.31
စက်လှေကမ်းခြေဆိုက်အပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ပစ္စည်းတွေ ကမ်းခြေမှာ ပြန့်ကျဲနေ

"လူတွေ ဘယ်နှစ်ယောက် သေခဲ့သလဲဆိုတာကို ဘယ်သူမှ အတိအကျ မသိကြပါဘူး။ ၅၀ လောက် ဒါမှ မ ဟုတ် ဒါ့ထက်လည်း ပိုနိုင်တယ်" လို့ ခါဒီဇာ ဘီဂမ် က ပြန်ပြောပြပါတယ်။

Saturday, May 16, 2020

ပင်လယ်တွင်းမျောနေတဲ့ စက်လှေတွေပေါ်က ရိုဟင်ဂျာ တွေကို ကူညီဖို့ AI အဖွဲ့ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
16 မေ၊ 2020  
မလေးရှားရေပိုင်နက်အတွင်း ဖမ်းဆီးမိသည့် ရိုဟင်ဂျာဒုက္ခသည်များ တင်ဆောင်လာသည့် လှေတစီး။ (ဧပြီ ၅၊ ၂၀၂၀)

ရိုဟင်ဂျာ ၁,၀၀၀ ထက်မနည်းဟာ ဘယ်ကမ်းမှ ကပ်ခွင့်မရဘဲ ပင်လယ်ထဲမှာပဲ ရှိနေကြတယ်လို့ AI နိုင်ငံ တကာ လူ့အခွင့်အရေးအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။

အရှေ့တောင်အာရှ၌ နယ်စပ်ပိတ်ထား၍ ရိုဟင်ဂျာ ၁၀၀၀ ခန့် ပင်လယ်အတွင်း သောင်တင်

မဇ္ဈိမ 
 Reuters 
16 May 2020
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အရှေ့တောင်အာရှနိုင်ငံများက နယ်စပ်ကို ပိတ်ထားခြင်းကြောင့် ပင် လယ် ပြင်တွင် အနည်းဆုံး ရိုဟင်ဂျာ၁၀၀၀ သောင်တင်နေသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က သောကြာနေ့၌ ပြောသည်။

Wednesday, May 6, 2020

ပင်လယ်ပြင်မှာ လနဲ့ချီမျောပါခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရဲ့ ပြောပြချက်

VOA 
ဗွီအိုအေ (မြန်မာဌာန)
05 မေ၊ 2020
နန်းလောင်ဝ်

ပင်လယ်ပြင်ကို စက်လှေတွေနဲ့ဖြတ်ပြီး ထိုင်း၊ မလေးရှား နိုင်ငံတွေကိုသွားဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာ ဒုက္ခ သည်တွေ ရင်ဆိုင်ခဲ့ရတဲ့ အေတြ့အကြုံတြေကို ရိုက်တာသတင်းဌာနက မေးမြန်းထားတဲ့အကြောင်းကို နန်းလောင်ဝ် ပြောပြပေးမှာပါ။
 

Link : Here

Sunday, May 3, 2020

ပင်လယ်ထဲမှာ မျောနေတဲ့ ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ် ကယ်တင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 မေ၊ 2020
၂၀၁၂ ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ရန် ကြိုးပမ်းသည့် လှေစီးပြေး ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ကယ်ဆယ်နေသည့် မြင်ကွင်း။ (ဇွန် ၁၈၊ ၂၀၁၂)
 
 မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားခဲ့ကြပြီးနောက် ပင်လယ်ထဲမှာ သီတင်းပတ်နဲ့ချီ မျောနေကြတဲ့သူတွေလို့ ယူ ဆရတဲ့ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေ ၂ စင်းဟာ စနေနေ့မှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို ဆိုက်ကပ်ခဲ့တယ်လို့ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သ တင်းမှာ ဖော်ပြထားပါတယ်။

Saturday, May 2, 2020

ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လက်ခံပေး ဖို့ မလေးရှားကို ဒုက္ခသည်အဖွဲ့ တောင်းဆို

VOA 
ဗွီအိုအေ (မြန်မာဌာန) 
02 မေ၊ 2020
ကိုဉာဏ်ဝင်းအောင်
 ဧပြီ ၅ ရက်နေ့တုန်းက မလေးရှားပင်လယ်ပြင်အတွင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

 မလေးရှားနိုင်ငံကို အဝင်မခံပဲ ပြန်မောင်းထုတ်လိုက်လို့ ပင်လယ်ပြင်ထဲမှာ မျောနေရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည်တွေကို လူသားချင်းစာနာတဲ့ အနေနဲ့ မလေးရှားအစိုးရက ခိုလှုံခွင့် ပေးသင့်တယ်လို့ Refugees International အဖွဲ့က တောင်းဆိုလိုက်တဲ့ အကြောင်းကို ကို ဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

Saturday, April 18, 2020

အိမ်မက်ဆိုး ခရီးကနေ ငတ်မွတ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ကယ်တင်။

SBS မြန်မာ
2020.04.18


ဘင်္ဂလာဒေ့ရှ် ကမ်းခြေစောင့်တပ်က မလေးရှားကိုမရောက်ဘဲ ပင်လယ်ပြင်မှာ ငတ်မွတ် မျှောနေတဲ့ ရိုဟင် ဂျာ ဒုက္ခသည် ၃၉၆ ယောက်ကို ကယ်တင်ခဲ့ရပါတယ်။

ယ္ခင်ကလည်း မလေးရှားကို သွားဘို့ကြိုးပမ်းရင်း လမ်းပျောက်၊ ပင်လယ်ပြင်မှာမျှောနေတဲ့ ရိုဟင်ဂျာ ဒုက္ခ သည် ၄၀၀ ကိုလည်း ဘင်္ဂလာဒေ့ရှ် ကမ်းခြေစောင့်တပ်က ကယ်တင်ခဲ့ရပါသေးတယ်။

 

Link : Here

Thursday, April 16, 2020

ရိုဟင်ဂျာ ၄၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် ကယ်တင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
16 ဧပြီ၊ 2020 
  ဇွန် ၂၀၁၂ တုန်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် တွေ ရိုဟင်ဂျာ ၅၀ နီးပါးကို ကယ်တင်စဉ် 

 ဘင်္ဂလားဒေ့ရှ် ပိုင်နက် ရေပြင်ထဲမှာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက လှေကြီး တစင်းနဲ့ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ်က ဗုဒ္ဓဟူးနေ့မှာ ကယ်ဆယ်ခဲ့ရတယ်လို့ ကမ်းစောင့်တပ်က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */