Showing posts with label သတင်းထောက်. Show all posts
Showing posts with label သတင်းထောက်. Show all posts

Sunday, April 5, 2020

ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနကို ရဲတပ်ဖွဲ့ ဝင်ရောက် ရှာဖွေ၊သတင်းထောက်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွား

Myanmar Now
2020.04.05
စစ်တွေမြို့အခြေစိုက် ရခိုင်သတင်းဌာနတခုဖြစ်သည့် နိရဉ္စရာသတင်းဌာနကို ယနေ့ညနေ ၅နာရီခွဲခန့်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး သတင်းထောက် သုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါ သတင်းဌာနမှ စာတည်းမှူး ကိုနောင်ခိုင်အောင်က Myanmar Now ကိုပြောသည်။

Tuesday, May 7, 2019

Reuters သတင်းထောက် ၂ ယောက် ပြန်လည် လွတ်မြောက်

 Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (မေ၊ ၀၇၊ ၂၀၁၉)

သမ္မတ ဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ ရိုက်တာသ တင်း ထောက်တွေ ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်ပါတယ်။

Tuesday, April 23, 2019

ရိုက်တာသတင်းထောက်တွေကို လွှတ်ပေးဖို့ နိုင်ငံတ ကာအဖွဲ့အစည်းတွေ တောင်းဆို

RFA  
လွတ်လပ်တဲ့ အာရှအသံ
2019-04-22
                                          ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်  

 ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ဦးနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ချုပ်ရုံးအနေနဲ့ သူတို့ကို ပြစ်ဒဏ်ကနေ လွှတ်ပေးဖို့ ဆုံးဖြတ်သင့်တယ်လို့ နိုင်ငံတကာအရပ်ဘက်လေ့ လာစောင့်ကြည့်ရေး အဖွဲ့တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။


RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။


Link : Here

Wednesday, April 17, 2019

ရိုက်တာသတင်းထောက်နှစ်ဦး သမ္မတလွတ်ငြိမ်းခွင့် မရ

VOA  
ဗွီအိုအေ (မြန်မာဌာန) 
17 ဧပြီ၊ 2019
ကိုဇော်ဝင်းလှိုင်
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ကြိုးစား လုပ်ဆောင်ခဲ့ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို သတင်းသမားတွေအတွက် အမြင့်ဆုံးဆု Pulitzer ဆုကို ချီးမြင့်ခံလိုက်ရပေမယ့် ဒီကနေ့ မြန်မာ နှစ်ဆန်းတရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ လွတ် ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ သူတို့ ၂ ဦး ပါမလာပါဘူး။ သူတို့ ၂ ဦးရဲ့ မိ သား စုဝင်တွေကတော့ ဆုရတဲ့အတွက် ဝမ်းသာနေကြသလို သူတို့ အမြန် ပြန်လွတ်လာဖို့အတွက်လည်း မျှော်လင့် စောင့်ဆိုင်းနေကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Friday, April 12, 2019

ကုလသမဂ္ဂ သတင်းလွတ်လပ်ခွင့်ဆုကို ရိုက်တာသ တင်းထောက်နှစ်ဦး ရရှိ

Frontier
MYANMAR
ရဲမွန်
Thursday, April 11, 2019
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံထားရသည်မှာ တစ်နှစ်ခွဲကျော်ရှိနေပြီဖြစ်သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ 

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခံရမှုများနှင့်အတူ ထောင်ချခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂ဝ၁၉ ခုနှစ်အတွက် Guillermo Cano သတင်းလွတ်လပ်ခွင့်ဆုချီးမြှင့်ရန် ရွေးချယ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ဧပြီ ၁ဝ ရက်တွင် ကြေညာသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */