Showing posts with label ကူညီ. Show all posts
Showing posts with label ကူညီ. Show all posts

Tuesday, October 1, 2024

ရိုဟင်ဂျာတွေအတွက် ဒေါ်လာသန်း ၂၀၀ နီးပါး အမေရိကန် ထပ်မံကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၁ အောက်တိုဘာ၊ ၂၀၂၄ 


ရိုဟင်ဂျာအရေး နောက်ထပ် အကူအညီအဖြစ် ဒေါ်လာ သန်း ၂၀၀ နီးပါး သုံးစွဲမယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ၊ အကူအညီပေးနေတဲ့ ဒေသခံလူမှုအသိုက်အဝန်းနဲ့ ဒေသတွင်းအတွက် ဒေါ်လာ ၁၉၉ သန်း ပေးမှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ် ထဲ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန် သီးသန့်အစည်းအဝေးမှာ ကြေညာလိုက်တာပါ။

Friday, March 15, 2024

ရိုဟင်ဂျာတွေအတွက် ပေါင် ငါးသန်းကျော် ဗြိတိန်ထပ်မံကူညီ

RFA
RFA Burmese
2024.03.13

မီးလောင်ပျက်စီးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသ Ukhia ဒုက္ခသည်စခန်းရှိ အပျက်အစီးများနှင့်အတူ ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နောက်ထပ် ပေါင်စတာလင် ၅.၂ သန်း ကူညီမယ်လို့ ဗြိတိန်အစိုးရက မတ်လ ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

Saturday, July 15, 2023

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ဒေါ်လာ ၇၄ သန်း အမေရိကန် ကူညီမည်

RFA
RFA Burmese
2023.07.14

၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။ AFP

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၇၄ သန်းကျော် ထပ်ပြီးကူညီထောက်ပံ့သွားမယ်လို့ အမေရိ ကန်အစိုးရက ဇူလိုင် ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တစ် ဆင့် ကူညီတာဖြစ်ပါတယ်။

Friday, May 26, 2023

မုန်တိုင်းဒဏ် အရေးပေါ်အကူအညီ ဥရောပသမဂ္ဂ ဒေါ်လာ ၂.၇ သန်း ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၆ မေ၊ ၂၀၂၃
မိုခါမုန်တိုင်းဒဏ်သင့် ကျောက်ဖြူမြို့မြင်ကွင်း၊ မေ ၁၅၊ ၂၀၂၃

မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရ်ှ လူမှုအသိုင်းအဝိုင်းအတွက် မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အရေးပေါ်အကူအညီအဖြစ် အီးယူဥရောပသမဂ္ဂက ယူရိုငွေ ၂ သန်းခွဲ (ဒေါ်လာ ၂.၇ သန်းကို) ပေးအပ်မယ်လို့ ဥရောပကော်မရှင်က ေကြညာပါတယ်။

Wednesday, March 8, 2023

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကန် ဒေါ်လာ ၂၆ သန်း ထပ်မံကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ မတ်၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂၆ သန်း ထပ်မံ ကူညီ ပံ့ပိုးပေးသွားမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က မနေ့ မတ်လ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ မနေ့ကျင်းပတဲ့ ၂၀၂၃ ခုနှစ် ရိုဟင်ဂျာအရေး နိုင်ငံတကာအလှုရှင်းများရဲ့ စည်းဝေးပွဲမှာ အမေရိကန်ပြည်ထောင်စုက အဲဒီ ငွေကြေးပမာဏကို ကတိကဝတ်ပြုခဲ့တာလို့ Ned Price က ပြောကြားလိုက်တာပါ။

Sunday, March 5, 2023

တူရကီ ဆီးရီးယား ငလျင်အတွက် ရိုဟင်ဂျာတွေကူညီ

VOA
ဆုမွန်
ဗွီအိုအေမြန်မာပိုင်း
၀၅ မတ်၊ ၂၀၂၃

လူပေါင်း လေးသောင်းခုနှစ်ထောင်ကျော် အသက်ဆုံးပါးခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယား ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မလေးရှားရောက်ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေက တတ်စွမ်းသလောက် ဝိုင်း ဝန်းလှူဒါန်းပေးနေတဲ့အကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

 
Link : Here

တူရကီ ဆီးရီးယား ငလျင်အတွက် ရိုဟင်ဂျာတွေ ကူညီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၆ မတ်၊ ၂၀၂၃
တူရကီနဲ့ ဆီးရီးယား ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မလေးရှားရောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ ထောက်ပံ့ကူညီ (ဓါတ်ပုံ - MERHROM)

လူပေါင်း လေးသောင်းခုနှစ်ထောင်ကျော် အသက်ဆုံးပါးခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယား ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မလေးရှားရောက် ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့ကူညီနိုင်ရေး တတ်စွမ်းသလောက် ဝိုင်းဝန်းလှူဒါန်းပေးနေကြပါတယ်။ ရိုဟင်ဂျာတွေအရေး ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်တည်ပြီး ဦးဆောင်ကူညီပေးခဲ့တဲ့ တူရကီနိုင်ငံ အခုလို သဘာဝဘေ းဒဏ် ကပ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ ရိုဟင်ဂျာတွေဘက်က ဆုတောင်းပွဲ ကျင်းပကြသလို လိုအပ်တဲ့အကူအ ညီတွေကိုလည်း တတ်နိုင်သလောက် ဝိုင်းဝန်းလှူဒါန်းခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း စားဝတ်နေရေး အ ခက်အခဲစိန်ခေါ်မှုတွေ ရင်ဆိုင်နေကြရတဲ့ကြားကနေ တူရကီငလျင်အရေး ကူညီလှူဒါန်းပေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

Thursday, July 2, 2020

အင်ဒိုနီးရှားမှာ ယာယီထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေ ကို IOM ကူညီပေးနေ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
02 ဇူလိုင်၊ 2020  
အင်ဒိုနီးရှားနိုင်ငံ၊ Aceh ပြည်နယ် ကမ်းခြေတစ်ခုကို စက်လှေနဲ့ ရောက်ရှိသွားပြီးတဲ့နောက် မကြာခင် ရက် ပိုင်းကပဲ ကမ်းကပ်ခွင့်ရခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၉ ဦးကို နာရီနဲ့အမျှ အကူအညီတွေ ပေးအပ် နေတယ်လို့ အင်ဒိုနီးရှားမှာ ရှိတဲ့ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံ တကာ ရွှေ့ပြောင်းသူအခြေချနေထိုင်သူများ အကူ အညီပေးရေးအဖွဲ့ (IOM) က ပြောပါတယ်။

Tuesday, December 24, 2019

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို အင်ဒိုနီးရှား ဒေါ်လာ ၅ သိန်းကျော် ကူညီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 ဒီဇင်ဘာ၊ 2019 
ဇော်ဝင်းလှိုင် 
 အင်ဒိုနီးရှားအစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်း
 
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး ကူညီတဲ့အနေနဲ့ အင်ဒိုနီး ရှား အစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်းလိုက် ပါတယ်။ ဒုက္ခသည်တွေ အမြန်ဆုံး ပြန်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ် ကြောင်း လည်း အလှူငွေ ပေးအပ်တဲ့အခမ်းအနားမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Tuesday, January 8, 2019

ဘင်္ဂလားဒေ့ရှ် ကို ဂျပန်ကူညီ

VOA 
ဗွီအိုအေမြန်မာပိုင်း
January 08, 2019
                                                         ရိုဟင်ဂျာဒုက္ခသည်များ 
  
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် လယ်သမားတွေ အတွက် ဂျပန်အစိုးရက ၂၀၂၀ ဒီဇင်ဘာလအထိ အမေရိကန် ဒေါ်လာ ၅ သန်း ပံ့ပိုးကူညီမှာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */