Showing posts with label ရပ်ဆိုင်း. Show all posts
Showing posts with label ရပ်ဆိုင်း. Show all posts

Thursday, June 8, 2023

နေရပ်ပြန်ဖို့စာရင်းပေးထားတဲ့ရိုဟင်ဂျာ ၂၃ ဦးကို UNHCR ထောက်ပံ့မှု ရပ်

RFA
RFA Burmese
2023.06.07

၂ဝ၁၈ ခုနှစ် ဩဂုတ် ၂၄ ရက်နေ့တွင် ကော့ဘဇားရှိ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးနှင့်ကလေးကို တွေ့ရစဉ်။Reuters


နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာမိသားစု လေးစုက လူ ဦးရေ ၂၃ ဦးကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စားနပ်ရိက္ခာထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။

ဒုက္ခသည်သက်သာရေးနဲ့ နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မရှင်နာ Md Mizanur Rahman က တနင်္လာနေ့မ နက်( ဇွန်လ ၅ရက်)မှာ UNHCR ရဲ့ ထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်တာလို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတချို့ကို အတည်ပြုပြောထားပါတယ်။

Friday, March 20, 2020

မလေးနဲ့ မြန်မာ လေကြောင်းပျံသန်းမှု ရပ်ဆိုင်း

VOA
 ဗွီအိုအေ (မြန်မာဌာန)
အေးအေးမာ 
20 မတ်၊ 2020 
မြန်မာလူမျိုး ၅သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၀၀ လောက်ရှိသွားပြီမို့ ဗလီဝတ်ပြုဆုတောင်းပွဲတက်ခဲ့သူ ထဲမှာ ပါဝင်တဲ့ရိုဟင်ဂျာ ၂၀၀၀ ထက်မနည်းကိုရှာဖွေ ဆေး စစ်မှုများပြုလုပ်နေသလို မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ထွက်တဲ့လေကြောင်းလိုင်းတွေကိုလည်း မတ်လ ၁၉ရက်ကစပြီး ပိတ်ပစ်လိုက်ပါပြီ ။ အကြောင်းစုံကို မအေးအေးမာက တင်ပြထားပါတယ်။

Wednesday, January 8, 2020

ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ဆောင်ရွက်ခဲ့သော အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (IRC)၏ အသက် မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးစီမံကိန်း ရပ်ဆိုင်း

ELEVEN
8 JANUARY 2020 
စည်သူအောင်

ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ဆောင်ရွက်ခဲ့သော အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (IRC) ၏ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးစီမံကိန်း ရပ်ဆိုင်းကြောင်း ဇန်နဝါရီ ၇ ရက်တွင်သတင်း ထုတ် ပြန်သည်။

ငါးနှစ်ကျော်မျှ မြေပုံနှင့် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀၂ ရွာတွင် လူဦးရေ ၅၆၀၀၀ ကျော်အား စား နပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်း အကူအညီများပေးခဲ့သော အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့ (IRC) ၏ တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက်တွင် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

Friday, September 6, 2019

အကူအညီပေးရေးနှစ်ဖွဲ့ကို ရိုဟင်ဂျာစခန်း လုပ်ခွင့်ပိတ်

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး လက်မခံကြဖို့ တိုက်တွန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကူအညီပေးရေး အဖွဲ့ ၂ ဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပိတ်လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */