Showing posts with label တိုက်ပွဲပြင်းထန်. Show all posts
Showing posts with label တိုက်ပွဲပြင်းထန်. Show all posts

Tuesday, November 21, 2023

ပေါက်တောတွင် စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန် နေ၊ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုလုပ်

Western News
နိုင်ဝင်ဘာ ၂၁ ၂၀၂၃
ရခိုင်ပြည် ပေါက်တောမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA ကဝင် ရောက် တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ 

စစ်ကောင်စီတပ်က တပ်စွဲထားသည့် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီကျော်က ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှလည်း တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Monday, August 22, 2022

မောင်တောမြို့နယ်တွင် AA နှင့် တပ်မတော်ကောင်စီတို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

RFA
2022.08.22
ရက္ခိုင့်တပ်မတော် (အေအေ) ရဲဘော်တစ်ဦးကို တွေ့ရစဉ်
ဓာတ်ပုံ- ရက္ခိုင့်တပ်မတော် YouTube

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း မိုင်တိုင်ကျေးရွာအနီးတွင် သြဂုတ် ၂၂ ရက် နံနက်ပိုင်းမှ စတင်ကာ တပ်မတော် ကောင်စီနှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မီယိုတိုင်ရွာအနီး ဝေတောင်ပေါ်တွင် လက်နက်ကြီးတစ်ခု။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ နှစ်ဖက်စလုံးက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

Wednesday, October 7, 2020

ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

Myanmar Now
သန့်မြတ်ခိုင်
Oct 7, 2020

တပ်မတော်စစ်ကြောင်းက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက် ပွဲဖြစ်ပွားခဲ့ရာတွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့ဝင် ဆိုင်းဘုတ်ကို ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - သန့်မြတ်ခိုင်/ Myanmar Now) 
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး၍ တစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Wednesday, July 22, 2020

မင်းပြားမှာ တပ်နဲ့ AA တိုက်ပွဲပြင်းထန်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ

2020-07-21


 

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာနားမှာ မနေ့ညက တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက် ခံရပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာ ရခဲ့ပါတယ်။

Thursday, February 20, 2020

ပလက်ဝနဲ့ ရခိုင်သုံးမြို့နယ်တိုက်ပွဲ ၁၀ ရက်ကျော်ထိ ပြင်း ထန်ဆဲ

VOA 
ဗွီအိုအေ (မြန်မာဌာန
သက်နိုင်
19 ဖေဖော်ဝါရီ၊ 2020
ရခိုင်ပြည်နယ်အတွင်းရှိ တပ်မတော်သားများကို တွေ့ရစဉ် ( အောက်တိုဘာ ၂၀၁၆ )
 
 ပလက်ဝမြို့နယ်နဲ့ ရခိုင်မြို့နယ် မြို့နယ်သုံးခုထက်မနည်းမှာ တိုက်ပွဲတွေဖြစ်နေတာ ၁၀ ရက်ကျော် လာ ပြီဖြစ်ပြီး အပြင်းအထန် ဆက်ဖြစ်နေဆဲပါ။ တိုက်ပွဲရန်ကနေ ဘေးလွတ်ရာ ထွက်ပြေးရသူ အရပ်သားအရေ အတွက် ပိုတိုးလာသလို တိုက်ပွဲအတွင်း ပိတ်မိနေသူတွေလည်း ရှိပါတယ်။

Wednesday, February 5, 2020

အင်တာနက်လိုင်းတွေဖြတ်ခံရပြီးနောက် ရသေ့တောင် တိုက်ပွဲပြင်းထန်ခဲ့

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဇာဏီထွဏ်း
2020-02-05 
 

ရခိုင်ပြည်နယ်က မြို့နယ် ငါးခုမှာ အင်တာနက်လိုင်းတွေ ပြန်ပိတ်ပြီး နောက်ရက် ဖေဖော်ဝါရီ ၄ ရက်မှာ တပ် မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

Wednesday, January 8, 2020

ရခိုင်မင်းပြား AA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဇန္နဝါရီ၊ 2020
နိုင်ကွန်းအိန်
မြန်မာအစိုးရနဲ့NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေး နွေးနေတဲ့တချိန်ထဲမှာဘဲ NCA မထိုးနိုင်သေးတဲ့ ရခိုင်လက်နက်ကိုင် AA နဲ့မြန်မာစစ်တပ်တို့ အ ကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Sunday, December 8, 2019

ရသေ့တောင်မှာ တိုက်ပွဲတွေပြင်းထန်

B B C
ဘီဘီစီ မြန်မာပိုင်း 
08 ဒီဇင်္ဘာ 2019
 ဘူးသီးတောင်နဲ့ရသေ့တောင်ကြားက ရွာဆယ်ရွာကျော်ကို ဒေသခံတွေစွန့်ခွာသွားကြပါပြီ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီဇင်ဘာ ၇ ရက်မှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */