Showing posts with label မစ္စယန် ဟီးလီ. Show all posts
Showing posts with label မစ္စယန် ဟီးလီ. Show all posts

Friday, August 27, 2021

လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှောင်လွှဲနိုင်ခဲ့သင့်တယ်လို့ မစ္စယန်ဟီးလီ ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021-08-26 

သြဂုတ်လ ၂၅ ရက်က အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ လေး နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာအရပ်ရပ်က ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ တက်ရောက် စကားပြောခဲ့ကြပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်ဟောင်း မစ္စ ယန်ဟီးလီနဲ့ မြန်မာနိုင်ငံက လူငယ် လှုပ်ရှားသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကလည်း တက်ရောက်ပြီး ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေအတွက် ဝမ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။

Tuesday, March 2, 2021

မြန်မာအရေး အထူးအကြံပေးကောင်စီ တစ်ရပ် ဖွဲ့စည်း

B B C

ဘီဘီစီမြန်မာပိုင်း
2 မတ် 2021 

ယန်းဟီးလီနဲ့မာဇူကီဒါရူစမန်

ဒီနေ့ဟာ ၆၂ တုန်းက စစ်အာဏာသိမ်းတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

အနှစ် ၆၀ နီးပါး ကြာခဲ့ချိန် ဒီကနေ့ မြန်မာပြည်မှာ စစ်တပ်ရဲ့ နောက်ကြောင်းပြန် အာဏာသိမ်းမှုနဲ့ ကြုံတွေ့ နေရပြီး ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို အသက်နဲ့ရင်းပြီး အံတုတော်လှန် နေကြရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း လှုပ်ရှားမှုတွေ တွေ့မြင်နေ ရပါတယ်။

Monday, October 5, 2020

အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား

ဧရာဝတီ
အောင်ဇော်
5 October 2020
၂၀၁၂ ခုနှစ် ရန်ကုန်တွင် ရခိုင်တိုင်းရင်းသားများက ကုလသမဂ္ဂနှင့် INGOs များ၏ ရခိုင်အရေးအပေါ် ကိုင်တွယ်သဘောထားပုံများအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြစဉ် / ဧရာဝတီ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူသစ် ခန့်အပ်လိုက်သူသည် အေမရိ ကန်ပြည်ထောင်စု မိန်းပြည်နယ် ပထမ လွတ်တော်မဲဆန္ဒနယ်မှ အောက်လွှတ်တော်ကိုယ်စား လှယ် ဟောင်း သောမတ် အင်ဒရူးဖြစ်သည်။

Friday, October 25, 2019

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန် ရှိမရှိ အကဲဖြတ်ရန် ကုလသမဂ္ဂ တောင်းဆို

ဧရာဝတီ
ဧရာဝတီ
18 September 2019
ကုလသမဂ္ဂ စုံစမ်း စစ်ဆေးသူများသည် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ခြင်းမှ ရှောင်ရှားခဲ့ကြောင်း ပြောသည် / Reuters
 
 ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ဒေါ်ဆောင်ဆန်းစုကြည်ကို ဥပဒေ ကြောင်းအရ အရေးယူနိုင်ခြင်း ရှိမရှိ ကျွမ်းကျင်သူများ၏ အကဲဖြတ်ချက် ရယူရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေး သူများက အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။

ရခိုင်ပြဿနာ အကြမ်းဖက်မှုကို ယန်ဟီးလီ လျစ်လျူမရှု

VOA
ဗွီအိုအေ (မြန်မာဌာန)
25 အောက်တိုဘာ၊ 2019 
အင်ကြင်းနိုင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက် လုပ်ရပ်ကို သူတို့ အာရုံမစိုက်ခဲ့ဘူးဆိုတာ မဟုတ်ပဲ အဓိက အင်အားအဆမတန် သုံးပြီး နိုင်ငံတကာဥပဒေ ကို ချိုးဖောက်တဲ့အထိ မြန်မာစစ်တပ်က နှိမ်နင်းခဲ့တဲ့ လုပ်ရပ်ကို အဓိက ထောက်ပြနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က တုံ့ပြန်ပြောဆိုလိုက်ပါ တယ်။

Wednesday, October 23, 2019

မြန်မာ့လူ့အခွင့်အရေး ကုလအထွေထွေညီလာခံ တတိယ ကော်မတီမှာ အပြန်အလှန်ပြောဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 အောက်တိုဘာ၊ 2019
မသိင်္ဂီထိုက်
ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေ အတွက် နိုင်ငံတကာ ရာဇဝတ် ပြစ်မှုဆိုင် ရာ ခုံရုံး ဒါမှမဟုတ်လည်း နိုင်ငံတကာ ခုံရုံးတခု ဖွဲ့စည်းကြဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အ ထူး ကိုယ်စားလှယ် ယန်ဟီးလီက ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီမှာ တင်သွင်းသွား ပါတယ်။

Thursday, July 18, 2019

မြန်မာလူ့အခွင့်အရေး ဒေသတွင်းသက်ရောက်ဟု ကုလကိုယ်စားလှယ် သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကျော်ကျော်သိန်း
18 ဇူလိုင်၊ 2019 

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဒေသတွင်းအတွက်ပါ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်လာနေ ပြီဆိုတာ သိပ်ကိုထင်ရှားနေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံ စမ်းစစ်ဆေးရေးမှူးက ပြောလိုက်ပါတယ်။ 

Tuesday, March 5, 2019

ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကျော် Bhasan Char ကျွန်းပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 မတ်၊ 2019 
 
Bhasan Char ကျွန်း

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ မူဆလင်တသန်းကျော် ရှိတဲ့ အ ထဲက ၁ သိန်းသုံး ထောင်ကျော်ကို ဘာဆန်ချာကျွန်းဆီပြောင်းရွှေ့နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ က စီစဉ်နေတဲ့အကြောင်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံကသတင်းတွေမှာ မနေ့ကဖေါ်ပြထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */