Showing posts with label မြန်မာသံအမတ်ကြီး. Show all posts
Showing posts with label မြန်မာသံအမတ်ကြီး. Show all posts

Thursday, May 6, 2021

ကန်အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီး တင်ပြချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို

VOA
05 မေ၊ 2021
အင်ကြင်းနိုင်


မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို အသိအမှတ်ပြုဖို့နဲ့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီဆီ ငွေကြေးစီးဆင်းမှုတွေကို ချက်ခြင်းရပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အောက်လွှတ်တော်အမတ်တွေကိုတိုက်တွန်း လိုက်ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

Link : Here

Wednesday, March 10, 2021

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးကို စစ်ကောင်စီက ပြန် ခေါ်

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
10 မတ်၊ 2021
ဗြိတိန်ဆိုင်ရာ မြန်မာသံရုံး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး တနလာၤနေ့က ကြေညာချက် ထုတ်ခဲ့တဲ့ ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးထံ ပြောင်းရွှေ့မိန့် ထုတ်ပြန်ကြောင်း မြန်မာ စစ်တပ်ရဲ့ မြဝတီ ရုပ်သံက အင်္ဂါနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

“သံအမတ်ကြီး ဦးကျော်စွာမင်းသည် ပေးအပ်ထားသည့် တာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် ၎င်းအား ယနေ့ ၉ ရက် ၃ လ ၂၀၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့မိန့် ထုတ်ပြန်လျက် ခေါ်ယူထားပြီး ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။


ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း

ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းက သံအမတ်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ခန့်အပ်ထားတာ ဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုကို ခံယူဆဲ ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့တာပါ။ အာဏာ သိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကတော့ သံအမတ်ကြီးက သူ့သဘောနဲ့သူ ကြေညာတာသာဖြစ်ကြောင်း ဖော်ပြထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ကို စစ်တပ်ပိုင် မြဝတီ ရုပ်သံမှာ ဖတ်ပြသွားပါတယ်။

ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်း ဘက်ကတော့ ဒီအပေါ် တုံ့ပြန် ပြောဆိုတာ မရှိသေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ကို ဆက်လက်ခံယူဆဲ ဖြစ်ကြောင်း တနင်္လာနေ့က သံအမတ်ကြီး ဦးကျော်စွာမင်း ကြေညာခဲ့တဲ့ ကိစ္စကိုတော့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Dominic Rabb က သတ္တိပြောင်မြောက်တဲ့ လုပ်ရပ် အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

တချိန်တည်းမှာဘဲ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို အရပ်ဝတ် လူ ၆ ဦးက ရုံးချုပ်ထိလာဖမ်းသွားကြောင်း မျက်မြင်တွေ့သူက ဗွီအိုအေကို ပြောပါတယ်။ တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ ဆွေးနွေးမှု ပေါက်ကြားမှု သံသယနဲ့ ဖမ်းဆီးတာ ဖြစ်နိုင်ကြောင်းလည်း ခန့်မှန်းပြောဆိုပါတယ်။

 
 Link : Here

Friday, February 26, 2021

အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဖို့ ကုလ သမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2021-02-26


ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဖေ‌ဖော်ဝါရီ ၂၆ ရက် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း NLD အစိုးရကိုသာ ဆက်လက်ကိုယ်စားပြု

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2021

သံအမတ်ကြီး ဦးကျော်မိုးထွန်: 

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ NLD အစိုးရကိုသာ ဆက်ပြီး ကိုယ်စားပြုကြောင်း ပြောသွားပါတယ်။ သံအမတ်ကြီးရဲ့ မြန်မာလိုပြော ဆိုချက် အပြည့်အစုံကတော့ -

Tuesday, July 2, 2019

ဒုက္ခသည်တွေ ဌာနေပြန်ရေး မြန်မာသံအမတ်ကြီး တုံပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
  မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ဒုက္ခသည်တွေ နေရပ်ပြန်လာရေး အခြေအနေတွေ ရှင်းပြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ် အဖွဲ့ ဇူလိုင်လ အကုန်မှာသွားရောက်ဖို့ ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။

Tuesday, February 5, 2019

ကန်အထက်လွှတ်တော်အဆိုပြုချက်မူကြမ်းအ ပေါ် မြန်မာသံအမတ်ကြီးတုန့်ပြန်



VOA 

ဗွီအိုအေမြန်မာပိုင်း 
February 05, 2019
အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း

ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ် လူ သားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု မြောက် မမြောက်ဆိုတာ ဆုံးဖြတ်ဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကို ဖိအားပေး တိုက်တွန်းထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရီပါပ လင်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုပူးပေါင်းပြီး အမေရိကန်အထက်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */