Showing posts with label ပြောင်းရွှေ့. Show all posts
Showing posts with label ပြောင်းရွှေ့. Show all posts

Friday, November 26, 2021

ရိုဟင်ဂျာဒုက္ခသည် နောက်ထပ် ၃၈၀ နီးပါး Bhasan Char ကျွန်းပေါ် စတင်ပြောင်းရွှေ့

VOA
ဗွီအိုအေ (မြန်မာဌာန)
25 နိုဝင်ဘာ၊ 2021 

 စစ်တကောင်းခရိုင်တွင်း ဘာဆန်ချာကျွန်းဆီ ရွှေ့ပြောင်းနေတဲ့ ရိုဟင်ဂျာများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၁) 

နိုင်ငံတကာက စိုးရိမ်မှုတွေရှိနေတဲ့ကြားမှာပဲ ရိုဟင်ဂျာဒုက္ခသည် နောက်ထပ် ရာနဲ့ချီပြီး ဘင်္ဂလားပင်လယ် aအာ်ထဲက Bhashan Char ကျွန်းဆီ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီကနေ့ စပြီး ရွှေ့ပြောင်းနေပါတယ်။

Friday, December 4, 2020

ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကျော် Bhasan Char ကျွန်း ပြောင်းရွှေ့

VOA
ဗွီအိုအေ (မြန်မာပိုင်း)
04 ဒီဇင်ဘာ၊ 2020





 Bhasan Char ကျွန်းသို့ Rohingya ဒုက္ခသည်တွေ ပြောင်းရွှေ့တဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၀၄၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ဘာဆန်ချာကျွန်းကို ဒီနေ့ စတင်ပို့ ဆောင်နေပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေကို အဲဒီကျွန်းကို ပို့မယ်အစီအစဉ်ကို ရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ က တောင်းဆိုနေပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီနေ့မှာ စတင်ပို့ဆောင်လိုက်တာဖြစ်ပါတယ်။ Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ဦးရေ ၁,၆၀၀ ကျော်ကို တင်ဆောင်ထားတဲ့ ဘင်္ဂ လားဒေ့ရှ်ရေတပ်သင်္ဘော ၇ စင်းဟာ ဘာဆန်ချာကျွန်းကို ဒီနေ့ မနက်ပိုင်းမှာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် သင်္ဘော ၂ စင်းကတော့ ဒုက္ခသည်တွေအတွက် အစားအစာတွေ နဲ့ တခြားလိုအပ်တဲ့အရာတွေကို တင်ဆောင်ပြီး ထွက်ခွာသွားပါတယ်။

Thursday, December 3, 2020

ရိုဟင်ဂျာ နှစ်ထောင်ကျော်ကို ဘာဆန်ချာကျွန်းပေါ် စ ပြောင်းပြီ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခက်မာ
2020-12-03

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၂၀၀၀ ကျော်ကို ဘာဆန်ချာကျွန်းပေါ် စတင်ပြောင်းရွှေ့ နေပြီ ဖြစ်ပါတယ်။ အခုပို့တဲ့သူတွေဟာ အဲဒီကျွန်းမှာ သွားနေမယ်လို့ စာရင်းပေးထားသူတွေဖြစ်ပြီး ဒုက္ခသည် အ များစု ကတော့ မြန်မာနိုင်ငံကို ပြန်ချင်ကြတယ်လို့ ဆိုပါတယ်။

Saturday, October 31, 2020

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို ရွှေ့ပြောင်း

B B C

ဘီဘီစီ မြန်မာပိုင်း
၃၀ အောက်တိုဘာ ၂၀၂၀

ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီးထဲမှာ နေထိုင်ခဲ့ကြတာ ၃နှစ်အထိ ရှိနေခဲ့ပါပြီ။ အဲဒီမှာလည်း အကြမ်းဖက်မှုတွေ၊ မူးယစ်ဆေး ဝါး မှုတွေ နဲ့ လူကုန်ကူးမှုပြဿနာတွေကြောင့် သူတို့ရဲ့ လုံခြုံရေးအခြေအနေက တည်တည်ငြိမ်ငြိမ် မရှိသေးပါ ဘူး။ ဒုက္ခသည်စခန်းထဲမှာ မှုခင်းဖြစ်ပွားမှုတွေများပြားနေတာကြောင့် စခန်းမှာနေထိုင်ကြသူတွေကို ဘာရှန် ချာလို့ ခေါ်တဲ့ ကျွန်းလေးဆီကို ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စီစဉ်နေပါတယ်။ အဲဒီမှာ ဘယ်လို အခြေအနေတွေရှိနေပါသလဲ။ ကိုဘိုဘိုက ပြောပြပေးမှာပါ။


Link : Here

Wednesday, May 20, 2020

Amphan မုန်တိုင်းအန္တရာယ်ကြောင့် Bhasan Char က ဒုက္ခသည်တွေ ရွှေ့ပြောင်းပေးထား

VOA
ဗွီအိုအေ (မြန်မာပိုင်း)
20 မေ၊ 2020  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈)

ဘင်္ဂလားပင်လယ်အော်ထဲမှာ Amphan ဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်နေတာကြောင့် ရေကြီးရေ လျံှနိုင်တဲ့ကျွန်းပေါ်က ရိုဟင်ဂျာဒုက္ခသည် ရာပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘေးလွတ် ရာရွှေ့ ပြောင်းပေးထားပါတယ်။

Friday, July 12, 2019

ရခိုင်စစ်ဆင်ရေးကိုင်တွယ်နေသည့် ကစထမှူး အ ပြောင်း အလဲဖြစ်

နိရဥၥရာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဇူလိူင် ၁၂/ ၂ဝ၁၉

ရခိုင်စစ်ဆင်ရေးကို ကိုင်တွယ်ဆောင်ရွက်နေသည့် မြန်မာတပ်မတော်မှ အမှတ် ၃စစ်ဆင်ရေးအထူး (ကစထ- ၃) ကွပ်ကဲရေးမှူး အပြောင်းအလဲဖြစ်သည်ဟု သတင်းရရှိသည်။

Friday, July 5, 2019

စစ်ဘေးရှောင်စခန်း မြစ်ရေလျှံလို့ နေရာပြောင်းရွှေ့ရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-05
မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းဘေးက စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ရေကြီးနေတာကို ၂၀၁၉ ဇူလိုင် ၄ ရက်နေ့ကတွေ့ရစဉ် Photo: Khine Murn Chun-Mrauk U                                       
 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အရှေ့ဘက်မှာရှိတဲ့ လေးမြို့မြစ်ဟာ တောင်ကျရေတွေကြောင့် ပြည့်လျှံ လာ ခဲ့ တာဖြစ်ပြီး မြစ်ကမ်းဘေးမှာရှိတဲ့ စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းကိုလည်း အရေးပေါ်နေရာပြောင်းရွှေ့နေရတာဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */