Showing posts with label မဲဆောက်. Show all posts
Showing posts with label မဲဆောက်. Show all posts

Tuesday, January 10, 2023

မဲဆောက်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနှင့် ရိုဟင်ဂျာ ၇၀ ကျော် ဖမ်းဆီးခံရ

DVB
10 January, 2023

ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး သင်္ချိုင်း ကုန်းအနီး ကြံပင်တွေကြားမှာ ပုန်းအောင်းနေတဲ့ မြန်မာနဲ့ ရိုဟင်ဂျာ စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်သူတွေ ဝင်ရောက်လာကြောင်း သတင်းပေးပို့ချက်အရ ထိုင်းစစ်တပ် နရဲစွန် ခြေမြန်တပ် ရင်း လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၈ ရက်က မဲဆောက်မြို့ ထာ့ဆိုင်လွတ်အုပ်စု ဘန့်ဝမ်းမုန့်ရွာ သု သာန်အနီး ကြံခင်းထဲကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကနဦးမှာ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးကို ဖမ်းဆီးရမိပြီး ပွဲစားကတော့ ထွက်ပြေး လွတ်မြောက်သွားတယ် လို့ ဆိုပါတယ်။

Tuesday, June 12, 2018

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူ နှီးနှောဖလှယ်ပွဲ ကျင်းပ

RFA 
June 12, 2018
၂၀၁၈ ခုနှစ်၊ ဇွန်လ (၈) ရက်မှ (၁၂) ရက်နေ့အထိ ကျင်းပတဲ့ ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲ ကို တွေ့ရစဉ် 
Photo: Arakan National Council-ANC - facebook


ပြည်တွင်းမှာ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတာကြောင့် ရခိုင်အမျိုးသားတွေ ရဲ့ ဘုံသဘောတူညီချက် ရရှိနိုင်ရေးအတွက် ရခိုင်ပြည် အမျိုးသားကောင်စီ ANC က ဦးဆောင်ပြီး နှီးနှော ဖလှယ်ပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ၅ ရက်ကြာ ကျင်းပခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */