Showing posts with label အစိုးရတပ်မတော်. Show all posts
Showing posts with label အစိုးရတပ်မတော်. Show all posts

Friday, March 15, 2019

ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ - အေ အေနဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲသုံးသပ်ချက်

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉-၀၃-၁၅


အစိုးရတပ်မတော် နဲ့ မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဘာကြောင့် ရခိုင်တွေ လက်နက်ကိုင်လာတာလဲ။ဒီအကြောင်း နိုင်ငံရေးအကဲခတ် ဦးမင်း ဇင်ကို ဘီဘီစီမြန်မာပိုင်း အကြီးတန်းသတင်းထောက် ကိုစောရန်နိုင်က မေးမြန်းထားပါတယ်။

-----------------
 

Link : Here

Sunday, March 10, 2019

AA တိုက်ခိုက်မှုကြောင့် ယိုးတရုပ်ရဲစခန်း တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-10
  AA တိုက်ခိုက်မှုကြောင့် ယိုးတရုပ်ရဲစခန်းက ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စစ်တွေ-ရန်ကုန်ကားလမ်းမဘေးက ယိုးတရုတ်ကျေးရွာ ရဲစခန်းကို မနေ့ ည ၁၁ နာရီကျော်လောက်က AA ရက္ခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ ပါတယ်။

Monday, February 11, 2019

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲ အရှိန်မြင့်

VOA 
February 11, 2019
AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေဆဲ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား မနေ့က မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့နယ်တွေမှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ပွဲဖြစ် ပွါးစဉ် ဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေရသလို ကျောင်းနေ အရွယ် ကလေးတွေ စာမေးပွဲဖြေဆိုဖို့အခက်တွေ့နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မှာ တိုက်ပွဲ ဖြစ်ပွါးရာဒေသကို တပ်မတော်နဲ့နယ်မြေခံရဲတွေကနေ စစ် ဆေးမှုတွေလုပ်ဆောင်နေတဲ့အခြေ အနေမှာ ရှိနေပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်း ထောက်နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။ရခိုင်ပြည်နယ် မြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းမှာ ရခိုင့်တပ်မတော်နဲ့မြန်မာ့တပ်မတော်တို့အကြား မနေ့က တနင်္ဂနွေတရက်ထဲမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့တယ်လို့AAပြန်ကြားရေးတာဝန်ခံခိုင်သုခကပြောပါတယ်။

Sunday, February 10, 2019

ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အဆုံးသတ်ရေး အစိုးရ က ဒေသခံတွေကို တွေ့ဆုံဖို့ USDP တိုက်တွန်း

ပါတီပြောရေးဆိုခွင့်ရှိသူများနဲ့ ရခိုင်အတွင်းရှိ မီဒီယာများ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉၊ ဖေဖော်ဝါရီ ၉ ရက်နေ့က ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပစဉ်

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် အဖြေရှာအဆုံးသတ်ဖို့ အစိုးရမှာ တာဝန်ရှိပြီး ရခိုင်ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီနေ့ပြောလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */