Showing posts with label ဆက်ဆံရေး. Show all posts
Showing posts with label ဆက်ဆံရေး. Show all posts

Wednesday, February 12, 2025

အာရက္ခပြည်နှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး ဆန်းစစ်ချက်

DMG
ခိုင်ရိုးလ - ရေးသည်။
12 Feb 2025

ရခိုင်ပြည်တစ်ခုလုံးနီးပါးကို စစ်ရေးအရ သိမ်းပိုက်ထားနိုင်သည့် အာရက္ခတပ်တော်သည် လက်ရှိတွင် Defecto Government တစ်ခုအဖြစ် ရခိုင်ဒေသကို ထိန်းချုပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ယန္တယားများဖြင့် လည်ပတ်ရန် ကြိုးစားနေသည်။

Thursday, March 21, 2024

စစ်ကောင်စီနဲ့ဆက်ဆံတာ ရပ်ဆိုင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

RFA
RFA Burmese
2024.03.20

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် ကုလလူ့အခွင့်အရေးကောင်စီညီလာခံ တက်ရောက်လာသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး။ AFP

စစ်မြေပြင်မှာ ကျရှုံးပြီး ပြည်သူတွေ ဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတဲ့ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပိုမိုတိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာက အားပိုကောင်းတဲ့ ဟန်ချက်ညီ အရေးယူဆောင် ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews)က မတ်လ ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 

Friday, January 31, 2020

ရခိုင်ကိစ္စ တင်းမာမှု ရှိနေသော်လည်း မြန်မာနှင့် နီးနီးကပ် ကပ် ဆက်ဆံသွားမည်ဟု အမေရိကန်သံအမတ် ပြောကြား

မဇ္ဈိမ  
31 January 2020

ဇန်နဝါရီ ၃၁ ။ ။ ရခိုင်အကျပ်အတည်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေဆိုးကျိုးတစ်ခုနှင့် မြန်မာစစ်တပ် အရာရှိကြီးများအပေါ် ပစ်မှတ်ထားပြီး ဆန်ရှင်ချမှတ်မှုတို့ ရှိနေလင့်ကစား ဝါရှင်တန်အစိုးရအနေဖြင့် မြန်မာနှင့် အခိုင်အမာ ဆက်လက် ဆက်ဆံပတ်သက်သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီယယ်က ရန်ကုန်မြို့တွင် ပြု လုပ် သည့် ဆွေးနွေးပွဲတစ်ခုမှာ အလေးပေး ပြောဆိုသွားခဲ့သည်။

Monday, January 27, 2020

သံသယတွေကြား သွေးစွန်းလာတဲ့ ရခိုင်-မြန်မာ ဆက်ဆံ ရေး

ဧရာဝတီ
ထက်နိုင်ဇော်
27 January 2020
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲမှာ မနှစ်က မြန်မာပြည်အလယ်ပိုင်း ရွှေ့ပြောင်းဝင်လာပြီး နေထိုင်သူတွေ ဈေးလည်ရောင်းရင်း ပျောက်ဆုံးခဲ့ရပါတယ်/ / Reuters
 
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေး ရွာက နေ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်ကို ဈေးလာရောင်းတဲ့ မောင်မျိုးထိုက်ဝင်းဆိုသူဟာ အဲဒီဒေသက ရွာ တချို့ကနေ ပစ္စည်းမှာလို့ သွားပို့ရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။

Sunday, January 12, 2020

တရုတ်သမ္မတခရီး မြန်မာပြည်အတွက် ဘာမျှော်လင့်နိုင်

VOA
ဗွီအိုအေ (မြန်မာဌာန) 
မဆုမွန်

11 ဇန္နဝါရီ၊ 2020
 တရုတ်သမ္မတ Xi Jinping

တရုတ်သမ္မတ Xi Jinping ရဲ့ ၂၀၂၀ ပြည့် နှစ်သစ်အတွက် ပထမဆုံး သွားရောက်မယ့် ပြည်ပနိုင်ငံဟာ မြန်မာ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်း ငြိမ်း ချမ်းရေးအတွက် အလားအလာ ရလဒ်ကောင်းတွေ မြင်ရဖို့ မျှော်လင့်တယ်လို့ တရုတ်-မြန်မာအရေး အ ကဲ ခတ်တွေက သုံးသပ်လိုက်ပါတယ်။ ၁၉ နှစ်တာကာလအတွင်း တရုတ်သမ္မတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမ ဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တဲ့အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ရေး နဲ့ ဘက်စုံ ပူးပေါင်း ဆောင်ရွက်လာနိုင်ခြေတွေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြထားပါ တယ်။

Tuesday, February 13, 2018

မြောက်ကိုရီးယားနှင့် မြန်မာ စစ်ဘက်ဆက်ဆံရေး ဆက်ရှိဆဲလား

ဧရာဝတီ 
by ဘာတီး(လ် )လင့်တနာ
13 February 2018
ဆောင်းပါ
 ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ် 
 
နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်မှ မြန်မာသံအမတ်၏ ပြောကြားချက်ကို ယုံကြည်ရမည် ဆိုပါက မြန်မာ နိုင်ငံ သည် မြောက်ကိုရီးယားနှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျှ မရှိဘဲ နျူကလီးယားနှင့် ဒုံးပျံ အစီအစဉ်များကြောင့် လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အပေါ် ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို လိုက်နာနေသည်။ 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */