ကုလ အထူးကိုယ်စားလှယ် Yanghee Lee (မှတ်တမ်းဓာတ်ပုံ- စက်တင်ဘာ ၀၃၊ ၂၀၁၉)
မြန်မာနိုင်ငံမှာ အခုနှစ်ဟာ အထွေထွေ ရွေးကောက်ပွဲကျင်းပမယ့်နှစ်ဖြစ်တာမို့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ မဲပေးခွင့်တွေ တန်းတူရရှိရေးအတွက် နိုင်ငံတကာအနေနဲ့ အထူးစောင့်ကြည့် အကဲဖြတ်ကြရမယ်လို့ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ လက်ရှိ ရိုဟင်ဂျာနေရပ်ပြန်ရေးကိစ္စအပြင် လက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်ဒေသခံတွေအတွက် အင်မတန် စိုးရိမ်စရာဖြစ်နေတယ်လို့လည်း ကုလအထူးကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီကို ပြော သွားပါတယ်။ လူ့အခွင့်အရေးကောင် စီအတွင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီကနေ့ ဆွေးနွေးပြောဆို ချက်တွေကို ကိုသားညွန့်ဦး ဆက်ပြီး ပြောပြပေးပါမယ်။