Showing posts with label မြန်မာကိုယ်စားလှယ်အဖွဲ့. Show all posts
Showing posts with label မြန်မာကိုယ်စားလှယ်အဖွဲ့. Show all posts

Tuesday, October 31, 2023

ရိုဟင်ဂျာတွေ ပြန်လက်ခံရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေ

RFA
RFA Burmese
2023.10.31

ရိုဟင်ဂျာများ နေရပ်ပြန်ဖို့ ဆွေးနွေးရေး ဘင်္ဂလားဒေရှ့် နယ်စပ် တက္ကနပ်မြို့သို့ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က သွားရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အား တွေ့ရစဉ်။ AFP 

နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ ဟာ အောက်တိုဘာလ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့ (Teknaf) ကို ရောက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။

Wednesday, September 6, 2023

ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ပြန့်ပို့ရေး မြန်မာ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် သွားဖွယ်ရှိ

VOM
ဒေလီ၊ စက်တင်ဘာ-၆-၂၀၂၃
မျိုးဆက်(VOM)
 

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင် ရေးနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက် ဖွယ်ရှိနေပါတယ်။

ဆိုင်းငံ့ထားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့ တရုတ်ကကြားဝင်စေ့စပ်ပေးမယ့် ဆွေးနွေးပွဲတွေတက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ် အဖွဲ့ ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

Wednesday, March 15, 2023

ရိုဟင်ဂျာနေရပ်ပြန်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံစီစဉ်

VOA
ဗီွအိုအေမြန်မာပိုင်း
ရဲမွန်
၁၆ မတ် ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ယခင်မှတ် တမ်းဓာတ်ပုံ)
 

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခသည်စခန်းအတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံသဘောတူ ညီ ချက်အရ မြန်မာစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ပြန်လည်လက်ခံမယ့်သူတွေကို မြေပြင် ကွင်းဆင်းစစ်ဆေးဖို့ ရောက်နေတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာပြည်ပြန်ဖို့ သဘောတူလက်ခံထားတဲ့ ဒုက္ခသည်တွေစခန်းအတွင်း တွေ့ ဆုံ ခဲ့တယ်လို့လည်းသိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကိုအခြေခံပြီး ကိုရဲမွန်အောင်က တင်ပြပေးထား ပါတယ်။

Saturday, December 21, 2019

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို မြန်မာကိုယ်စား လှယ် အဖွဲ့ သွားရောက်တွေ့ဆုံ

လွတ်လပ်တဲ့အာရှအသံ ( RFA )
21 ဒီဇင်္ဘာလ2019
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသွားသူများနှင့် တွေ့ဆုံခဲ့စဉ်
Photo: MOI Webportal Myanmar
 
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားကို သွားရောက် ခဲ့စဉ် အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေကို သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

Friday, December 20, 2019

မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ့ဆုံပွဲ ထူးခြားမှုမရှိ


RFA
လွတ်လပ်တဲ့ အာရှအသံ
နေရိန်ကျော်
2019-12-19
  မြန်မာနိုင်ငံခြားရေးဌာန ကိုယ်စားလှယ်အဖွဲ့နဲ့ ကုတုပါလောင်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က တွေ့ဆုံခဲ့ကြစဉ်။Photo: AFP
 
မြန်မာနိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် ကုတုပါလောင်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေကို မနေ့က ဒီဇင်ဘာလ ၁၈ ရက်နဲ့ ဒီကနေ့ ၁၉ ရက်နေ့မှာ တွေ့ဆုံပြီး ဒုက္ခသည်တွေရဲ့သဘောထားတွေ နားထောင်ခဲ့သလို၊ မြန်မာအစိုးရဘက်ကလည်း နေရပ်ပြန်ရေးဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေ ပြန်ပြီးရှင်းပြခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */