Showing posts with label ANC. Show all posts
Showing posts with label ANC. Show all posts

Monday, March 4, 2024

ရက္ခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ၏ မျက်နှာစာအသစ်တစ်ခုလား မြန်မာစစ်တပ်၏ ‘ခွဲခြား-ထိမ်းချူပ်ရေး’ မဟာဗျူဟာ၏ အဓိက နည်းဗျူဟာများ

tni

ပဋိပက္ခနှင့် ထိခိုက်ခံစားရမှုများ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ (State Administration Council) သည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တော်လှန်ခုံခံမှုများကို နှိမ်နှင်းရန် ‘ခွဲခြား-အုပ်ချုပ်ရေး’ (divide and rule) နည်းဗျူဟာများကို အသုံးပြုန်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။ သို့သော်ရက္ခိုင် ပြည်တွင်း အတွေ့အကြုံများကို သုံးသက်ချက်အရ အသိုင်းအဝိုင်းများကြား ပဋိပက္ခကို ဖော်ဆောင်၍ဖြစ်စေ၊ အတိုက်အခံလှုပ်ရှားမှုများကို ပြိုကွဲစေ၍ဖြစ်စေ စစ်ကောင်စီ၏ ထိုကဲ့သို့ သွေးခွဲသက်သျှိုသော နည်းဗျူဟာများသည် အလုပ်ဖြစ်နိုင်ခြေနည်းကြောင်း ကိုနိုင်လင်းမှ ယခု ဆောင်းပါးတွင် ရှင်းပြထားပါသည်။ ယင်းအစား စစ်ကောင်စီသည် အတိတ်ကာလများမှ ကျရှုံးမှုများကို ထပ်ခါကျူးလွန်နေပြီး၊ တဖက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan) မှ နယ်မြေဒေသတလွှားတွင်လည်း ဩဇာလွမ်းမိုးမှုကို ဆက်လက်တည်ဆောက် လျက်ရှိနေသည်။ 

Border News Agency (နယ်စပ် ခြံစည်းရိုးအနီးရှိ မြန်မာနယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ဝင်တဦးကို တွေ့ရစဥ်၊ မောင်တောမြို့နယ်) ဓါတ်ပုံ- (နယ်စပ်ဒေသ သတင်းဌာန)
 

မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ အရေးပေါ်ကာလတစ်ခုတွင် ရောက်ရှိနေသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှု (၂) နှစ်ခွဲကြာလာသည့်တိုင် ‘နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ’ ဟု တရားဝင်သိထား ကြသော စစ်ကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီကို ထောက်ခံလိုလားသော တော်လှန်ခုခံလှုပ်ရှားမှုများဆက်လက် ဖြစ်ပေါ်၊ တိုးလာနေစဥ်မှာပင် နိုင်ငံအတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ပြန်လည် မတည်ဆောက်နိုင်သေးပေ။ အခု အခြေအနေများသည် ၁၉၈၈ စက်တင်ဘာ ယခင် စစ်အာဏာသိမ်း မှုနောက်ပိုင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ ကသောင်းကနင်း အခြေအနေများနှင့်လည်း လွန်စွာ ကွဲပြားလှပါသည်။ 

Tuesday, June 12, 2018

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူ နှီးနှောဖလှယ်ပွဲ ကျင်းပ

RFA 
June 12, 2018
၂၀၁၈ ခုနှစ်၊ ဇွန်လ (၈) ရက်မှ (၁၂) ရက်နေ့အထိ ကျင်းပတဲ့ ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲ ကို တွေ့ရစဉ် 
Photo: Arakan National Council-ANC - facebook


ပြည်တွင်းမှာ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတာကြောင့် ရခိုင်အမျိုးသားတွေ ရဲ့ ဘုံသဘောတူညီချက် ရရှိနိုင်ရေးအတွက် ရခိုင်ပြည် အမျိုးသားကောင်စီ ANC က ဦးဆောင်ပြီး နှီးနှော ဖလှယ်ပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ၅ ရက်ကြာ ကျင်းပခဲ့ပါတယ်။

Saturday, June 14, 2014

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူနှီးနှောဖလှယ်ပွဲ ANC ကျင်းပ

RFAရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရတဲ့အတွက် ရခိုင်ပြည် အမျိုးသားကောင်စီ ANC က ဦးဆောင်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူ နှီးနှောဖလှယ်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */