Showing posts with label နှစ်ချုပ်. Show all posts
Showing posts with label နှစ်ချုပ်. Show all posts

Sunday, December 31, 2023

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

ဧရာဝတီ
28 December 2023

၂၀၂၃ ခုနှစ်သည် မြန်မာပြည်သူများအတွက် ခက်ခဲသော နှစ်တနှစ်ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ ကျေးရွာများကို ဗုံးကြဲ ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေ သော ကြောင့် စစ်ဘေးရှောင်ဦးရေ တိုးမြင့်လာသည်။ နိုင်ငံရေး အကျဉ်းသား ၂ သောင်းသို့ တိုးလာခဲ့သည်။ မြန် မာ့စီးပွားရေးမှာ ဆက်လက် ယိုယွင်းလာနေသည်။ အနောက်နိုင်ငံအချို့က စစ်အစိုးရအပေါ် ပိတ်ဆို့အရေး ယူ မှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ပြည်တွင်းပြည်ပရှိ စစ်တပ်၏ စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေး ထောက် တိုင်များက စစ်ကောင်စီ ဆက်လက်အသက်ရှင်ရေး ဝိုင်းပံ့ပိုးနေခဲ့ကြသည်။ သို့သော် ၂၀၂၃ ခုနှစ်သည် မျှော်လင့် ချက်တချို့လည်း သယ်ဆောင်လာခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ၎င်း၏ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ တို့သည် တိုင်းရင်းသား တပ်များနှင့် ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့် ဆောင်ရွက် လာခဲ့သည်။ တ ရုတ်နယ်စပ်အနီးရှိ နယ်မြေ များတွင် စစ်ကောင်စီ တပ်ဖွဲ့များအား ရင်သပ်ရှုမောဖွယ် စစ်ရေး တိုက်ခိုက်မှုများ စတင် ဖြစ်ပွားပြီး ဆက်တိုက်ဆိုသလို နိုင်ငံအနှံ့အပြားသို့ တိုက်ပွဲများ ပျံ့နှံ့သွားသည်။ တော်လှန်ရေးထိုးစစ်များ ကြောင့် စစ်ကောင်စီသည် ရာနှင့်ချီသော အခြေစိုက်စခန်းများ ဆုံးရှုံးခဲ့ပြီး အဓိကမြို့ကြီးများနှင့် ကုန်သွယ်ရေး လမ်းကြောင်းများ လက်လွှတ်လိုက်ရခြင်းက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကို အဆိုးရွား ဆုံးသော စိန်ခေါ်မှုဖြစ်လာခဲ့သည်။ ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းရန် နီးလာသည်နှင့်အမျှ မြန်မာ့အကျပ်အတည်း တွင် အရေးအကြီးဆုံး ပြည်ပနိုင်ငံဖြစ်သည့် တရုတ်သည် ၎င်း၏ လောင်းကြေးများကို ယခင်ကထက် ပိုမိုကာ ကွယ် လာနေပြီး NUG နှင့် ထင်ရှားကျော်ကြားသော အခွင့်အရေးအုပ်စုများစွာတို့ကလည်း နိုင်ငံတကာ စင်မြင့် ပေါ် တွင် ၎င်းတို့၏ အသံကို ရှာဖွေလာကြသည်။ မြန်မာပြည်သူများ၏ ခံစားနေရသည့် ဒုက္ခများအကြောင်း ဆိတ်ဆိတ်နေရန် သူတို့ ငြင်းပယ်ကြသည်။

Thursday, January 2, 2020

၂၀၂၀ မှာ မြန်မာကိုစောင့်ကြိုနေတဲ့ စိန်ခေါ်မှု (၅) ခု

B B C
ဘီဘီစီ မြန်မာပိုင်း
01.01.2020
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ နိုင်ငံရဲ့ကျန်းမာရေးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက သတ်မှတ်ထားတာပါ။

 ၂၀၁၉ ဟာ မြန်မာနိုင်ငံအတွက် အခက်ခဲဆုံးနဲ့ စိန်ခေါ်မှုတွေများစွာ ကျော်ဖြတ်ခဲ့ရတဲ့နှစ်လို့ ဆိုရမှာပါ။ နိုင်ငံ တကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး နိုင်ငံတကာ မျက်နှာ စာ မှာ နိုင်ငံရဲ့ ပုံရိပ်ကျဆင်းခဲ့ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */