Showing posts with label ပြည်သူ့ရဲ. Show all posts
Showing posts with label ပြည်သူ့ရဲ. Show all posts

Friday, August 7, 2020

စစ်တွေမြို့နယ်တွင် မွတ်ဆလင်နှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများပြော

DMG
သက်ပိုင် | DMG
သြဂုတ် ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အတွင်းမြောင်ရွာအနီးတွင် သြဂုတ် ၃ ရက် ည ၁၀ နာရီကျော်အချိန်က မွတ်ဆ လင်အမျိုးသားနှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

Wednesday, July 8, 2020

ရသေ့တောင် အဓမ္မပြုကျင့်မှုစွပ်စွဲချက် ပြည်နယ်ရဲတပ် ဖွဲ့စစ်ဆေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.07.07


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညက အသက် ၃၆ နှစ်အ ရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီး RFA ကို ဇူလိုင်လ ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်တဲ့နောက် မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာတော့ ကာယ ကံရှင် အမျိုး သ မီးနဲ့အတူရှိနေခဲ့တဲ့ အမျိုးသမီး သုံးဦးကို ရဲတပ်ဖွဲ့က စစ်တွေမြို့ အရန်ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ် ယူစစ်ဆေး ခဲ့ပါတယ်။

Saturday, April 6, 2019

ရခိုင် စစ်ဘေးရှောင်အတွက် အလှူခံနေသည့်အဖွဲ့ကို ရဲတပ်ဖွဲ့ တားမြစ်

DVB
By ဒီဗွီဘီ
6 April 2019

ရခိုင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အလှူခံနေတဲ့ မျိုးဆက်ရင်းသွီးပရဟိတ လူငယ်များ အသင်းကို ရဲတပ်ဖွဲ့တွေက လာရောက်တားမြစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Thursday, February 28, 2019

မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ထွေအုပ်လပတ်အစည်းအဝေးလုပ်နေရာမှ ရဲက ခေါ်ဆောင်သွား

နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လ ပတ် အစည်းအဝေး ပြုလုပ်ရာနေရာမှ ရဲက ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

Friday, November 18, 2016

( 18.11.2016 ) မဟုတ်မမှန်သတင်းများ ပေးပို့နေသူအား စစ်ဆေးမေးမြန်းရာမှ အစွန်းရောက်လှုပ်ရှားမှုကွန်ရက်အား ခြေရာခံမိ ( English - Burmese )

မဟုတ်မမှန်သတင်းများ ပေးပို့နေသူအား စစ်ဆေးမေးမြန်းရာမှ အစွန်းရောက်လှုပ်ရှားမှုကွန်ရက်အား ခြေရာခံမိ

ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသားသေကံ ကျေးရွာနေ ရာမောက်တူလာ(၂၁နှစ်) (ဘ) မာမောက် ဟာရှေး သည် ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များက အစ္စလာမ် ဘာသာဝင်များအား ညှင်း ပန်းနှိပ်စက် သတ် ဖြတ်နေသည်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဆော်ဒီနိုင်ငံများရှိ အစွန်းရောက် များထံသို့မဟုတ်မမှန်သတင်းများ ပေးပို့နေကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များသည် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့်အတူ ရာမောက်တူလာ၏ နေအိမ်သို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီတွင် သွားရောက် စစ်ဆေးခဲ့သည်။

( 18.11.2016 ) ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား


 ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား
 
မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု အနောက်ရွာနေကျေးရွာရပ်မိရပ်ဖနှင့် ရာအိမ်မှုး တာဝန် ထမ်း ဆောင်သူ ဂျာမာလ် (၄၂)နှစ်သည်ယမန်နေ့ညနေပိုင်းတွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု တောင်ရွာနေ ဟာဘီအုလ္လာ (၄၀) နှစ် ကနေအိမ်သို့ ညနေစာ စားရန် ဖိတ်ကြားသဖြင့် ညနေ ၆ နာရီတွင် သွားရောက်ပြီး ညနေစာ စားခဲ့သည်။

ထိန်းသိမ်းထားသူတစ်ဦး မောင်တောဆေးရုံ ၌ ဆေးကုသမှု ခံယူလျက်ရှိ , 59 suspects arrested in Maungtaw Township

  
 
( 17.11.2016 )
                ထိန်းသိမ်းထားသူတစ်ဦး မောင်တောဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများမှ နိုဝင်ဘာ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီ ခွဲတွင် ပွင့်ဖြူချောင်းကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိသော အကြမ်းဖက် ဘင်္ဂါလီ (၄၁) ဦးတွင် ပါဝင်သူ ဝက်ပြင်ကျေးရွာနေ မာမက်တာဟတ်(၂၈)နှစ်(ဖ)ဂူရာမျာ သည် မောင်တောမြို့မရဲစခန်း၌ ထိန်းသိမ်း ထားစဉ်ကျန်းမာရေး ချို့တဲ့သဖြင့် နိုဝင်ဘာ (၁၆)ရက်ညနေ(၄)နာရီတွင်မောင်တော  မြို့နယ် ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ 

Friday, October 14, 2016

( 14.10.2016 )မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)

                                        
                                           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)
(၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်)
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ  ၁၄ ရက်)
မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

 ၁။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်း စခန်းနှင့် ငါးခူရ နယ်မြေရုံးများသို့ အကြမ်းဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။အကြမ်း ဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ၈ ဦး၏ အလောင်း များ ရရှိခဲ့ပြီး ၂ ဦးအား အရှင် ဖမ်းမိခဲ့ပါသည်။ ၎င်းတို့ထံမှ လုပ်သေနတ်ပစ္စတို ၁ လက်၊ ၎င်းကျည် ၂ တောင့်နှင့် ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ပါသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */