Showing posts with label ကျောင်းဆရာ. Show all posts
Showing posts with label ကျောင်းဆရာ. Show all posts

Wednesday, October 12, 2022

ဂူတာပြင်ကျေးရွာတွင် ရိုဟင်ဂျာ ကျောင်းဆရာ ၁ ဦး အသတ်ခံရ

DVB
Published By DVB | 12 October, 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ရိုဟင်ဂျာကျောင်းဆရာ တယောက်ကို ရက္ခိုင့်တပ်တော်(AA)က ပစ်သတ်ခဲ့တဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် အေအေ ကျူးလွန်ခဲ့တဲ့ ရာဇတ်မှုတွေအတွက် အပြင်းထန်ဆုံးရှုတ်ချတယ်လို့ ဥရောပရောက်ရိုဟင်ဂျာများကောင်စီ (ERC) က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

Saturday, October 8, 2022

ဘူးသီးတောင်မှာ ရိုဟင်ဂျာကျောင်းဆရာတစ်ဦး သတ်ဖြတ် ခံရ

RFA
Radio Free Asia
2022.10.08

ပစ်သတ်ခံလိုက်ရသည့် ဂူတာပြင်ရွာခံ ဦးရှေကုလ်။ Photo: Wai Wai Nu Facebook
 

ဦးရှေကုလ်အစ္စလာမ်ဟာ ဂူတာပြင်ကျေးရွာမှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက ဂူတာပြင်ကျေးရွာ နေအိမ် က အိမ်မွေးတိရိစ္ဆာန်တွေကို အစာသွားကျွေးပြီးအပြန် ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူ အသက် ၄၅ နှစ်အရွယ် ဦးရှေကုလ်အစ္စလာမ်ဟာ အဲဒီရွာက ကလေးတွေကို စေတနာ့ဝန်ထမ်း စာသင်ပေးနေတဲ့ ပညာတတ်ကျောင်းဆရာတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Wednesday, August 7, 2019

ဘူးသီးတောင်မှာ အဖမ်းခံရတဲ့ ကျောင်းဆရာကို အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်

B B C
ဘီဘီစီ မြန်မာပိုင်း
07 သြဂုတ် 2019

တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မြို့နယ်မှာ ပညာ ရေး ဝန်ထမ်းတစ်ဦးကို တပ်မတော်က မသင်္ကာလို့ ဖမ်းဆီးလိုက်ပြီး ဒီကနေ့ သြဂုတ်လ ၇ ရက်နေ့မှာ ဘူးသီး တောင်မြို့နယ်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် ရမန်ယူလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */