ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိမ်
18 နိုဝင်ဘာ၊ 2020
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တဲ့ မိုင်းပေါက်ကွဲမှုဟာ ARSA ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်အဖြစ် တပ်မတော်က ပြောဆိုလိုက်တဲ့အကြောင်း နိုင်ကွန်းအိန် ကသတင်းပေးပို့ထားပါတယ်။
မကြာသေးခင်ရက်တွေကစလို့ စစ်ရေးပဋိပက္ခတွေ လျော့ပါးလာနေတဲ့ ရခိုင်ပြည်နယ်မှာ အင်္ဂါနေ့တုန်းက မိုင်း ပေါက်ကွဲမှု ဖြစ်ပွားရာက ကားတစင်း ထိခိုက်ပျက်စီးသွားပြီး၊ ကားပေါ်ပါလာတဲ့ မိသားစုဝင် (၃)ဦးသေဆုံးပြီး နောက်ထပ် (၆) ဦး ဒဏ်ရာရရှိခဲ့တာပါ။ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မိုင်းပေါက်ကွဲမှုဟာ ARSA အဖွဲ့ရဲ့ လက်ချက် ဖြစ်ကြောင်းလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်ကလဲ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ ARSA အဖွဲ့ရဲ့လက်ချက်အဖြစ် ယူဆနိုင်ကြောင်း အခုလို ပြောပါတယ်။
"အဲဒီဖက်အခြမ်းမှာလှုပ်ရှားတာARSAဘဲလှုပ်ရှားတာနော။ ဗုံးခွဲတာARSAဘဲခွဲတယ်အဲဒီဖက်အခြမ်း။ AAလှုပ် ရှား မှု မရှိဘူး။ ARSAခနခန ရဲတွေ လမ်းကြောင်းတွေ ရဲကားတွေဘာတွေခနခနမိုင်းထောင်တာ အဲဒီနား မှာ ဘဲဖြစ်စဉ် တွေခနခနဖြစ်တယ်။ နောက်ချောင်းပစ်တာတွေဖြစ်တယ်။ အဲဒီတော့ကျွန်တော်သုံးသပ် သလောက် တော့ARSA ဘဲဖြစ်မယ်။"
ပေါက်ကွဲမှုကြောင့်ဒဏ်ရာရသူ(၆)ဦးအနက်(၄)ဦးကို မောင်တောဆေးရုံကတဆင့် စစ်တွေဆေးရုံကို ပို့ဆောင် ခဲ့တယ်လို့ မိသားစုဝင် ခရေမြိုင် ကျေးရွာသား ဦးစံမြသိန်းကပြောပါတယ်။
"အခုကစစ်တွေဆေးရုံမှာခင်ဗျ။ မိသားစု(၄)ယောက်ခင်ဗျ။ ကလေးနှစ်ယောက်ရယ် အဖေအမေရယ်ခေါ်လာ တယ် ခင်ဗျ။"
မနေ့က မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကိုတော့ ဦးစံမြသိန်းကဆက်ပြောပါတယ်။
"ဖြစ်စဉ်က သူတို့ကရှင်ပြုကထိန်ဗျ။ အဲဒီကိုလာတာ။ ပြီးတော့အပြန်ချိန်မှာ ဖြစ်တာဗျ။ တောင်ပြိုလက်ဝဲမြို့ နယ် ခွဲ လိပ်ရနဲ့ကျွန်းပေါက် အဲဒီကြားဖြစ်ခဲ့တယ်ခင်ဗျ။ ကားတွေကအကုန်လုံးစုတ်ပြတ်သွားတာပေါ့။ ဆုံး သွား တဲ့ သူ က ကျွန်တော်ဦးလေးရဲ့သမီးခင်ဗျ။ ပြီးတော့သူယောကျ်ားတယောက် ပြီးတော့သူ့သားလေး တယောက်။သူ့သားလေးက၂ နှစ်သားအရွယ်ဗျ။"
တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ မောင်တောမြို့နယ်၊ သာယာကုန်း ကျေးရွာကမောင်းနှင်လာတဲ့ မော် တော်ယာဉ် ၁ စီးဟာ မွန်းလွဲပိုင်းမှာ လိပ်ရလမ်းဆုံ အနီးအရောက်ARSA အဖွဲ့က ထောင်ထားတဲ့ ကားမိုင်း တစ်လုံးကို နင်းမိရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။ ARSA အဖွဲ့ကထောင်ထားတဲ့ မြေ မြှုပ်မိုင်းအဖြစ် တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်ဖို့ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက် သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာနေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဒီရက်ပိုင်း အတွင်း ရပ်ဆိုင်းနေချိန်မှာပဲ ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နယ်မြေတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော် က လက်ခံကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး နောက်မှာပဲ တိုက်ပွဲတွေ ရပ်ဆိုင်းနေတာလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေကနေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်ကြောင်းလည်း AAပြော ခွင့်ရ ခိုင်သုခကပြောပါတယ်။
"တဖက်နဲ့တဖက် ဒီအပစ်အခတ်တွေရပ်ထားပြီးတော့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့က ပိုပြီးတော့အရေးကြီး တာ ပေါ့ဗျာ။ ဒီပစ်ခတ်မှုတွေမရှိတော့ဘူးဆိုလို့ရှိရင်တော့ အနာဂါတ်မှာနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အ ဖြေ ရှာနိုင်တဲ့ အခင်းအကျင်းတွေကို ရှေ့ဆက်သွားဖို့အတွက်ကလဲ လမ်းကြောင်းတခုလဲဖြစ်လာနိုင်တာပေါ့။"
တပ်မတော်ကတော့ မြန်မာအစိုးရနဲ့ NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းသွား ဖို့ အမြဲတမ်းကော်မတီတခုကို ဖွဲ့စည်းခဲ့ပြီးလို့ ဒီလမှာထုတ်ပြန်ခဲ့ပါတယ်။
လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရခိုင်ပြည်နယ်မြို့နယ်ဒေသတချို့မှာ ဒီဇင်ဘာလကုန် နောက်ဆုံး ထားပြီး ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပဖို့ AA ရခိုင်လက်နက်ကိုင် အဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့ မှာ ကြေညာcချက်ထုတ်ပြန် တိုက်တွန်းတဲ့အပေါ် တပ်မတော်ဘက်က AAထုတ်ပြန်ချက်ကို ကြိုဆို ကြောင်း ထပ်မံ ထုတ်ပြန်ခဲ့တာပါ။
တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရထားတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်း သား နိုင်ငံရေးပါ တီတွေနဲ့ လက်တွဲဖို့ ဆန္ဒရှိကြောင်း ကမ်းလှမ်းလိုက်ပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒီသီတင်းပါတ်အတွင်းထုတ်ပြန်ချက်တွေအပေါ်မှာတော့ ငြိမ်း ချမ်းရေးအတွက် အလားအလာကောင်းအဖြစ်ရှုမြင်ကြောင်း နိုင်ငံရေးအကဲခတ်တချို့ကလည်း သုံးသပ်နေ ကြပါတယ်။ ကျွန်တော်နိုင်ကွန်းအိန် ဗွီအိုအေမြန်မာပိုင်းအတွက်သတင်းပေးပို့ထားပါတယ်။
Link : Here
No comments:
Post a Comment