Showing posts with label ဧရာဝတီ. Show all posts
Showing posts with label ဧရာဝတီ. Show all posts

Friday, November 20, 2020

OIC နှင့် EU တင်သည့် မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းက ဘယ် လိုသက်ရောက်မှု ရှိမလဲ

ဧရာဝတီ 
By ဇင်လင်းထက်
20 November 2020

မောင်တောအရေးအခင်းကြောင့် နှစ်နိုင်ငံနယ်စပ်သို့ တိမ်းရှောင်ကာ ယာတီတဲထိုးနေထိုင်ကြသော မွတ်စလင် ရွာသားများ / မင်းအောင်ခိုင် / ဧရာဝတီ

အစ္စလာမ်မစ် နိုင်ငံများအဖွဲ့ (OIC)နှင့် ဥရောပသမဂ္ဂ (EU) တို့ ပူးတွဲတင်သွင်းခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အဆိုမူ ကြမ်းကို ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏အစည်းအဝေးတွင် တတိယကော်မ တီက မဲခွဲ ဆုံး ဖြတ်ခဲ့သည်။

Saturday, August 15, 2020

ARSA ပြန်ခေါင်းထောင်နေပြီလား

ဧရာဝတီ 
15 August 2020
မေယုတောင်ကြောပေါ်တွင် စစ်ရေးလေ့ကျင်နေသည့် ARSA အကြမ်းဖက်တပ်ဖွဲ့ဝင်များ

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ ARSA ခေါ် Arakan Rohingya Salvation Army ဟာ သူ့ရဲ့ အကြမ်းဖက် လက်နက်ကိုင် လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ် ပြန်ပြီး လုပ်နေတယ်လို့ ပြည်တွင်းပြည်ပ လေ့လာ သုံးသပ်သူတွေက ရှုမြင်သုံးသပ်ကြပါတယ်။

Tuesday, July 28, 2020

အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက် လား အချက်လား

ဧရာဝတီ
နန်းလွင်
28 July 2020
၂၀၁၂ နိုဝင်ဘာလ ဘားရက်အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု (ဝဲ) နှင့် ၂၀၂၀ ဇန်နဝါရီ ရှီကျင့်ဖျင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု (ယာ) / နိုင်ငံတော်အတိုင်ပင်ခံရုံ

မကြာသေးမီက မြန်မာနိုင်ငံရှိ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ သံရုံးများအကြား လူမှုကွန်ရက်တွင် အ ငြင်းပွားမှုသည် မြန်မာနိုင်ငံကို အင်အားကြီး နှစ်နိုင်ငံအကြား သံတမန်ရေးရာ အငြင်းပွားမှုအတွင်း သို့ ရောက် ရှိ စေသည်။ အမေရိကန် သံတမန်တဦး၏ အတွေ့အမြင်ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင် ငံ၏ လုပ်ဆောင်မှုများနှင့် ဟောင်ကောင်ကို အပြင်းအထန် ဖြိုခွဲခြင်းသည် မြန်မာနိုင်ငံအပါ အဝင် အိမ်နီးချင်း နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးကြောင်း စွပ်စွဲသည်။

Tuesday, July 21, 2020

တရားမဝင် ထပ်မံဝင်လာသည့် မွတ်စလင် ၁၃ ဦးကို ထောင် ၆ လစီ ချမှတ်

ဧရာဝတီ
မင်းအောင်ခိုင်
21 July 2020

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းသို့ နှစ်နိုင်ငံတရားဝင်နယ်စပ်ပိတ်ထားစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တ ရားမဝင် ထပ်မံ ဝင်ရောက်လာသည့် မွတ်စလင် ၁၃ ဦးကို မောင်တောမြို့နယ် တရားရုံးနှင့် ဘူးသီးတောင် မြို့နယ် တရားရုံးတို့က ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

Wednesday, June 24, 2020

ရခိုင် မြောက်ပိုင်းမှ မြောင်းမြသို့ ခိုးဝင်လာသည့် မွတ်စလင် များ ဖမ်းမိ

ဧရာဝတီ
ဆလိုင်းသန့်စင်
24 June 2020
မြောင်းမြမြို့နယ်၌ ဖမ်းဆီးရမိသည့် မွတ်စလင်များ / ဘိုဘို / မြောင်းမြ

 ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် မြင်းကကွင်းကျေးရွာသို့ တရားမဝင် ဝင်ရောက်လာသည့်ရခိုင် ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင် ၁၆ ဦးကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သ တင်း ရရှိသည်။

Tuesday, June 23, 2020

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၇)

ဧရာဝတီ
ဆောင်းပါး
By မောင်မောင်စိုး
23 June 2020
ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့နိုင်ပါတယ် / အောင်ကျော်ထက် / ဧရာဝတီ


ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများရှိသည်အနက် လက်ရှိ အအောင်မြင်ဆုံးနှင့် ရခိုင်လူထုကြား သြဇာအရှိ ဆုံး ပါတီမှာ ANP ရခိုင်အမျိုးသားပါတီ ဖြစ်သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ANP ပါတီကတင်သွင်း သော စာတမ်း အရ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ANP ပါတီ လိုချင်သော နိုင်ငံရေးရည်မှန်း ချက် မှာ ကွန်ဖက် ဒရိတ် အဆင့်အတန်း ဖြစ်သည်ကို တွေ့ရသည်။ ANP နှင့် AA လျှောက်လှမ်းသည့် ပုံစံမတူ သော်လည်း နိုင်ငံရေး ရည်မှန်းချက်မှာ ယေဘုယျ အားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။

Monday, May 4, 2020

ARSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲ ၂ ဦး ဒဏ်ရာရ

ဧရာဝတီ
Byသီဟလွင် 
3 May 2020
မောင်တောရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ / သော်ဟိန်းထက် / ဧရာဝတီ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို ယမန်
နေ့ မေလ ၂ ရက် နေ့က ARSA အဖွဲ့က ချောင်းမြောင်း ပစ်ခတ်သောကြောင့် ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦးဒဏ်ရာရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးတလျှောက် ကင်းလှည့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ နယ်ခြားမှတ် တိုင်၊ ဘီပီ ၄၁ ၏ အရှေ့တောင်ဘက် မီတာ ၄၀၀ သို့ ရောက်ရှိစဉ် ARSA အဖွဲ့က ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက် ခြမ်းမှ ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်စစ်ကြောင်းကပါ စစ်ကူပေးပြီး ပြန် လည် ပစ်ခတ်ခဲ့ခြင်းကြောင့် ARSA အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း တပ်မတော်၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ARSA အနေနဲ့က အရင်ကပြောထားတာအတိုင်းပဲ၊ ဒီလအတွင်းမှာတော့ ICJ မှာ အစီအရင်ခံစာ တင်ရမှာ ဖြစ် တဲ့အတွက် အစီအရင်ခံစာ မတင်ခင်ကာလအတွင်းမှာ လှုပ်ရှားမှု ပိုများလာတာကို တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ဧပြီလ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် ခမောင်းဆိပ်ကျေးရွာအနီးတွင် ARSA အဖွဲ့၏ ယာယီစခန်းချရာနေရာ မှ ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၅ ရက်နေ့ကလည်း အောင်ဇူနယ်မြေရုံးမှ အရေးကြီးလုပ်ငန်းစာရွက်များ ပေးပို့သော ရဲတပ်ဖွဲ့ဝင်များ ကို ARSA အဖွဲ့က ချောင်းမြောင်းပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရသေးသည်။

ဧပြီလ ၂၉ ရက်နေ့ကလည်း နယ်ခြားမှတ်တိုင် ဘီပီ ၄၁ ၏ မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာတွင် ARSA အဖွဲ့ဝင် ၂ ဦးကို လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာလုံခြုံရေးစခန်းများကို ARSA အဖွဲ့ က ဦးဆောင်၍ ဝင်ရောက်တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်စစ်ဆင်ရာ တွင် မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ဂျီနိုဆိုက် (လူမျိုးပြုန်းတီးစေမှု) စွပ်စွဲချက်ကြောင့်အပြည်ပြည် ဆိုင်ရာ တ ရားရုံး (ICJ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့ က မြန်မာနိုင်ငံကိုယ်စား သွားရောက် ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။

မြန်မာနှင့် ဂမ်ဘီယာ၏ နှစ်ဘက်လျှောက်လဲချက်များကို နားထောင်ပြီးနောက် ICJ က အချက် ၄ ချက်ပါဝင် သော ကြား ဖြတ်အမိန့်တခုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့ရာ ယခုမေလအတွင်း မြန်မာနိုင်ငံက အစီ အရင်ခံစာတခု တင်သွင်းရမည် ဖြစ်သည်။

အဆိုပါ အချက် ၄ ချက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားပြီးဖြစ်သော လူမျိုးပြုန်းတီးစေမှု တားဆီး ရေးဆိုင်ရာ နိုင် ငံတကာ သဘောတူညီချက်တွင် ပြဌာန်းထားသည့် အပိုဒ်တချို့မှ အချက်အလက်များ အပါ အ ဝင် သက်သေ အထောက် အထားများ မဖျက်ဆီးရန်နှင့် လေးလအတွင်း အစီအရင်ခံစာတင်ရမည့် အ ချက်အလက်များ ပါဝင်သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် လူမျိုးတခုအပေါ် ဆက်လက်ကျူးလွန်မှုများ ဆက်မဖြစ်ပေါ်စေရန်နှင့် တပ်မ
တော် အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ ဂျီနိုဆိုက်ကဲ့သို့သော လုပ်ရပ်မျိုး ဆက်လက် မကျူး လွန်စေရန် အစီအမံ များ ဆောင်ရွက်ရန် အချက်များလည်းပါဝင်သည်။

Link : Here

Sunday, May 3, 2020

အသက်ရှင်ခွင့်ပေးပါ

ဧရာဝတီ 
မွန်မွန်မြတ်
3 May 2020

ရခိုင်ပြည်နယ် ကျောက်တော်မြို့ နေပူခံ စစ်ရှောင်စခန်း / မင်းအောင်ခိုင်

National Geographic က ထုတ်ပြန်ခဲ့တဲ့ သတင်းတပုဒ်မှာ Covid-19 ကပ်ရောဂါကြောင့် သေဆုံးတဲ့အမေရိ ကန် ဦးရေဟာ ဗီယက်နမ်စစ်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ အမေရိကန်ဦးရေကို ကျော်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။

Wednesday, March 11, 2020

လက်နက်စက်ရုံ တည်ဆောက်ဖို့ ရည်မှန်းချက် အခိုင်အမာ ရှိပါတယ်

ဧရာဝတီ 
နန်းလွင်နှင်းပွင့်
11 March 2020 
 ၂၀၁၉ ခုနှစ် ဧပြီလက လိုင်ဇာမြို့တွင် တွေ့ရသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / နန်းလွင်နှင်းပွင့် / ဧရာဝတီ 

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင်းမှာ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြားက နယ်မြေ စိုးမိုးဖို့ အားပြိုင်ပြီး အပြန်အလှန် တိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေက ရပ်တန့်ခြင်း မရှိသေးပါဘူး။

Tuesday, February 25, 2020

ရခိုင်မှာ စစ်ရေးအရ မအောင်မြင်မှု အစိုးရကို တပ်မတော် လွှဲချဟု AA ပြော

ဧရာဝတီ
24 February 2020
ထက်နိုင်ဇော်  
၂၀၂၀ ဖေဖေါ်ဝါရီ ၂၄ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲ(တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

မြန်မာ့ တပ်မတော်သည် ရခိုင်ပြည်နယ်တွင် စစ်ရေးအရ အရေးနိမ့်နေသည်ကို ဖာထေးကာကွယ်ရန် အစိုးရ ၏ ပံ့ပိုးမှု မရှိ ဆိုသည့် သဘောဖြင့် အစိုးရကို လွှဲချလျက်ရှိကြောင်း ရက္ခိုင့် တပ်မတော် (AA) က စွပ်စွဲ ပြော ဆိုလိုက်သည်။

Monday, February 17, 2020

ICOE ၏ ရခိုင်အစီရင်ခံစာ အကျဉ်းချုပ်ပါ အဓိကအချက် များ

ဧရာဝတီ 
By ကျော်ဖြိုးသာ
17 February 2020
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားစည်းရိုးအနီး နယ်ခြားစောင့်ရဲများ ကင်းလှည့်နေစဉ် / ဧရာဝတီ
 
 ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော အစီရင်ခံစာကို ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ တင်ပြခဲ့သော် လည်း မြန်မာအစိုးရ၏ လွတ်လပ်သော စုံစမ်းရေးကော်မရှင် (ICOE) သည် အစီရင်ခံစာ အပြည်အစုံကို ယခုအချိန်အထိ အများပြည်သူ သိရှိစေရန် ထုတ်ပြန်ခြင်း မရှိသေးပါ။

Saturday, February 15, 2020

တပ်ချုပ်နှင့် ရခိုင်အဖွဲ့အစည်းများ နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေး

ဧရာဝတီ
By မင်းအောင်ခိုင်
14 February 2020
နေပြည်တော်တွင် တပ်ချူပ်နှင့် ရခိုင်အဖွဲ့အစည်းများ တွေ့ဆုံနေကြစဉ် / ကာကွယ်ရေး ဦးစီးချုပ်ရုံး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေး မောင် ဦးဆောင်သော စစ်တွေမြို့ပေါ်မှ ရပ်မိရပ်ဖ၊ လုပ်ငန်းရှင်များ ပါဝင်သော အဖွဲ့တို့ ဆွေးနွေးမှု တရပ် ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

Friday, February 7, 2020

သံခင်းတမန်ခင်းနဲ့ သတင်းပြန်ကြားရေး စနစ် ထိထိရောက် ရောက် ဆောင်ရွက်ဖို့ လိုတယ်

ဧရာဝတီ
ဇင်လင်းထက်
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး
7 February 2020

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များကို လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု ဂမ်ဘီယာ နိုင် ငံက စွပ်စွဲ ပြီး ကြားဖြတ် အစီအမံများ ချမှတ်ပေးရန် လျှောက်ထားမှု အပေါ် အပြည်ပြည်ဆိုင်ရာ တရား ရုံး (ICJ)က မြန်မာနိုင်ငံအနေ ဖြင့် လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ဇန်နဝါရီ၂၃ ရက်က ဆုံးဖြတ် ချမှတ်ခဲ့သည်။

Thursday, February 6, 2020

ICJ ကြားဖြတ်အမိန့် မြန်မာ လိုက်နာရေး ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောကွဲ

ဧရာဝတီ
6 February 2020

နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်ရှိ ရုံးခန်းတခန်းရှေ့တွင် ရှိသော ကုလသမဂ္ဂတံဆိပ် / Reuter
 
 ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် သတ်ဖြတ်မှုများနှင့် အခြားသော ရက်စက်မှုများကို တားဆီးရေး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ အမိန့်ကို လိုက်နာရန် တောင်းဆိုသော ကြေညာချက်တခု ထုတ်ပြန် ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သဘောတူညီချက် မရခဲ့ ကြောင်း သိရသည်။
                                                   

Thursday, January 30, 2020

ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး

ဧရာဝတီ
By ကျော်ဖြိုးသာ
30 January 2020
ICJ တရားရုံးတွင် မြင်တွေ့ရသည့် မြန်မာရှေ့နေ အဖွဲ့ / ICJ

ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်များကို ဆက်ဆံပုံနှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံ ကို စွဲဆိုထားသော လူမျိုးတုံး သတ်ဖြတ်မှုအတွက် ပဏာမ လျှောက်လှဲချက်များ ပေးရန် ရက်ချိန်းကို နိုင်ငံ တ ကာ တရားရုံး (ICJ) က ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

Monday, January 27, 2020

သံသယတွေကြား သွေးစွန်းလာတဲ့ ရခိုင်-မြန်မာ ဆက်ဆံ ရေး

ဧရာဝတီ
ထက်နိုင်ဇော်
27 January 2020
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲမှာ မနှစ်က မြန်မာပြည်အလယ်ပိုင်း ရွှေ့ပြောင်းဝင်လာပြီး နေထိုင်သူတွေ ဈေးလည်ရောင်းရင်း ပျောက်ဆုံးခဲ့ရပါတယ်/ / Reuters
 
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေး ရွာက နေ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်ကို ဈေးလာရောင်းတဲ့ မောင်မျိုးထိုက်ဝင်းဆိုသူဟာ အဲဒီဒေသက ရွာ တချို့ကနေ ပစ္စည်းမှာလို့ သွားပို့ရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။

Sunday, January 26, 2020

ICOE အစီရင်ခံစာနှင့် အစိုးရရပ်တည်ချက်ကို ဂျပန်ကြိုဆို

ဧရာဝတီ
စမ်းယမင်းအောင်
26 January 2020
၂၀၁၉ အောက်တိုဘာ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း ရှီဇိုအာဘေးနှင့် တွေ့ဆုံစဉ် / Global New Light of Myanmar

၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို စုံ စမ်း၍ထုတ်ပြန်ခဲ့သည့် မြန်မာအစိုးရ၏ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင် ခံစာနှင့် ထို အမှုများကို စုံစမ်းစစ်ဆေးအရေးယူရန် မြန်မာအစိုးရက ကြေညာခြင်းကို တာဝန်ခံမှုရှိရေးအ တွက် အရေးကြီး သည့်လုပ်ဆောင်ချက်အဖြစ် ဂျပန်အစိုးရက ကြိုဆိုလိုက်သည်။

Wednesday, January 22, 2020

မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ "ရိုဟင်ဂျာ"လော် ဘီများ

ဧရာဝတီ
ထွန်းထွန်း 
22 January 2020
“ရိုဟင်ဂျာ” အရေး လှုပ်ရှားသူ အမည်ခံကာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေသူ / Maung Zarni


ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ မြန်မာ့မီဒီယာအနေနဲ့ ထူးခြားတဲ့ ခြိမ်းခြောက်ဖိအားပေးခြင်း ခံခဲ့ရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ကလည်း မဟုတ်၊ အာဏာပိုင်တွေကလည်း မဟုတ်ပါဘူး။

“ရိုဟင်ဂျာ” ဆိုတဲ့ အမည်နာမကို မြန်မာအစိုးရက အသိအမှတ်ပြုရေး ကြိုးပမ်းနေတဲ့ ပြည်ပရောက်တွေပါ။

သူတို့ဟာ ပြည်တွင်း အခြေစိုက် မီဒီယာတွေအပေါ် ခြိမ်းခြောက်တာတွေ၊ လူပုဂ္ဂိုလ်တဦးချင်းအပေါ် ပစ်မှတ် ထား စွပ်စွဲတိုက်ခိုက်တာတွေ Facebook စာမျက်နှာတွေပေါ်မှာ လုပ်ခဲ့ကြပါတယ်။

Wednesday, January 8, 2020

တပ်ပိုင် မြဝတီဘဏ်နဲ့ အလုပ်မလုပ်ဖို့ Western Union ဆုံးဖြတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-08

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် က မြဝတီဘဏ်ကို တွေ့ရစဉ်
Photo: AFP


အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း Western Union က တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ လက်တွဲ လုပ် ကိုင်နေတာကို အဆုံးသတ် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်အခြေစိုက် Burma Campaign UK ရဲ့ ဇွန်နဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ Western Union ကုမ္ပဏီက သူတို့ဆီကို စာရေးသားပေးပို့လာ တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ Burma Campaign UK အနေနဲ့ Western Union ရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ရေးသားထားပါတယ်။

Monday, December 9, 2019

ကိုဖီအာနန် ကော်မရှင် ဖွဲ့မှ အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ် တယ် ဆိုတဲ့ သုံးသပ်ချက်က မှားပါတယ်

ဧရာဝတီ
9 December 2019
ဟာဂျီ ဦးအေးလွင် / ဧရာဝတီ

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး အကြံပြုချက် ၈၈ ချက်ပါဝင် သည့် အစီအရင် ခံစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က မြန်မာ အစိုးရထံ ပေးအပ်ခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */