Saturday, June 15, 2019

AA လို့သံသယရှိသူ ၂၅ ဦးကို ကျောက်တော်ရဲစခန်း မှာ စစ်ဆေးနေ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-15
 ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်၊Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်နဲ့ ရန်အောင်ပြင်ရွာအနီးမှာ AA လို့ယူဆရသူ ၂၅ ဦးတို့ ကို တပ်မတော်က ကျောက်တော်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပါတယ်။
သူတို့ကို ဇွန်လ ၁၄ ရက် မနေ့က တွေ့ရှိခဲ့တာဖြစ်ပြီး ၂၅ ယောက်စလုံးဟာ သူတို့နေထိုင်တဲ့ရွာ တွေမတူ ညီကြဘဲ တစ်စုတစ်စည်း ရောက်နေကြတာမို့ သံသယနဲ့ စစ်ဆေးနေဆဲဖြစ်တယ်လို့ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က RFA ကို ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ ကတော့ တပ်မတော်ကစစ်ဆေးနေတဲ့ ၂၅ ယောက်ဟာ AA နဲ့ပတ်သက် သူတွေမ ဟုတ်ကြောင်း ဒေသခံရွာသားတွေပဲဖြစ်ကြောင်း RFA ကို ပြောပါတယ်။

လက်ရှိသူတို့တွေကို ကျောက်တော်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားဆဲဖြစ်ပြီး AA နဲ့ ပတ်သက်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့သူတွေဆိုရင် တရားဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ် လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက ကျေးရွာတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေတယ်လို့ သံသယရှိသူ တွေကို တပ် မတော်က ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့တာတွေရှိနေပြီး ပြီးခဲ့တဲ့ မေလလောက်ကလည်း ကျောက်တန်း ရွာ သားတွေကို စစ်ဆေးနေစဉ် သေဆုံးဒဏ်ရာရခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */