Sunday, January 14, 2024

ဖမ်းဆီးထောင်ချခံနေရပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားကိုထွက်ဖို့ ကြိုးစားနေဆဲ

RFA
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.12.15

၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ရောက်ရှိလာသည့် စက်လှေပေါ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ AP

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ စားဝတ်နေရေး အခက်အခဲ၊ အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှုနဲ့ လွတ်လပ်စွာသွားလာခွင့်မရှိတာတွေကြောင့် ပြည်ပနိုင်ငံတွေကို သွားဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။

Thursday, January 11, 2024

မီးလောင်ပြင်ထဲမှာ ရိုဟင်ဂျာတွေ ဘယ်လိုနေထိုင်နေကြရသလဲ

Myanmar Now
စထွန်းအောင်
January 11, 2024 

မီးလောင်မှု တစ်ပတ်နီးပါး ရှိလာချိန်အထိ ပြန်လည်ထူထောင်ရေးတွေ စတင်နိုင်တာ မရှိသေးဘဲ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မီးလောင်ပြင်ထဲမှာပဲ ဖြစ်သလို တဲထိုးပြီး နေထိုင်နေကြရတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဆောင်းတွင်းအအေးဒဏ်ကို ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အဓိက ခံစားနေကြရတယ်။ 

စစ်သုံ့ပန်းများထဲမှရာထူးအမြင့်ဆုံး ဗိုလ်မှူးချုပ်မင်းမင်းထွန်း ကို TNLA ထုတ်ပြန်

Myanmar Now
သူရမောင်
January 11, 2024 

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော နမ့်ဆန်မြို့ကို TNLA သိမ်းယူခဲ့သောတိုက်ပွဲအတွင်း စစ် ကောင် စီဗိုလ်မှူးချုပ်ကို လက်ရဖမ်းမိခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် ဝန်ခံထွက်ဆိုနေသောရုပ်သံဖိုင်ထုတ် ပြန်လာခြင်းဖြစ်သည်။

အင်ဒိုနီးရှား Galang ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်များ

VOA
ဆုမွန်
၁၁ ဇန်နဝါရီ၊ ၂၀၂၄ 

Wednesday, January 10, 2024

‘Still waiting’: Myanmar’s Kayah looks for justice over military killings

ALJAZEERA
By Andrew Nachemson
Published On 10 Jan 2024

The vehicles in which 33 people were set alight lie rusting by the roadside, as families call for end to military impunity. 

Flowers have been placed on the burned remains of the vehicles to mark two years since the attack [Andrew Nachemson/Al Jazeera]
Kayah State, Myanmar – On December 28, in his clinic in Myanmar’s eastern Kayah State, Dr Oak wrapped up a routine check on a pregnant woman and removed some non-threatening shrapnel from the leg of a resistance fighter.

မြန်မာ့အရေးကို ဆက်ပြီးအာရုံစိုက်မယ်လို့ အင်ဒိုနီးရှားပြော

BBC
ဇန္နဝါရီလ ၁၀ ရက် ၂၀၂၄ 

အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ လစ်လပ်နေတဲ့မြန်မာထိုင်ခုံ

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုနဲ့ နိုင်ငံရေးအကျပ်အတည်း အခြေအနေကို အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးမူဝါဒ မှာ ဆက်ပြီးအာရုံစိုက်မယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်(တ)နို မာဆုဒီက ပြောလာပါတယ်။

ဇန်နဝါရီလ ၈ ရက်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်အတွက် နှစ်စဥ်သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ကြေညာချက်မှာ အခုလို ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။

၂၀၂၄ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်ရှေ့မျှော် လင့်ချက်

VOA
ဆုမွန်
၁၀ ဇန်နဝါရီ၊ ၂၀၂၄ 

၂၀၂၃ခုနှစ် တနှစ်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခြေခံစားနပ်ရိက္ခာ တွေဖြတ် တောက်ခံရတာ-စခန်းတွင်းမှာပဲ လုံခြုံရေးအထူးစိုးရိမ်စရာ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ရင်ဆိုင်ရတာ နေရပ် ပြန်ရေး အစီအစဉ်တွေကလည်း ဖြစ်မြောက်မလာတာ စခန်းတွေကနေစွန့်ခွာပြီး ပင်လယ်ပြင်ကိုဖြတ်ကျော် ဘဝ သစ်ထူထောင်ဖို့ကြိုးပမ်းမှုတွေကလည်း မအောင်မြင်တာလို ကုန်ဆုံးသွားခဲ့တဲ့ ၂၀၂၃က အခက်အခဲစိန်ခေါ်မှုတွေ ကနေ ဒီနှစ်၂၀၂၄ ခုနှစ်အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်မျှော်လင့်ချက်အလားအလာတွေဘယ် လိုရှိ နိုင်ပါသလဲဆိုတာ ရိုဟင်ဂျာတွေရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

Tuesday, January 9, 2024

အာချေးရောက် ဘင်္ဂါလီအမှုကို ရွာလာပတ်တဲ့ အင်ဒိုနီးရှား

ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ
ပြန်ကြား‌ရေးဝန်ကြီးဌာန
ဇာနည်ဘွား
01/09/2024 

 ( အမျိုးသားဝါဒီတွေ ရေးသားသောဆောင်းပါးဖြစ်သည် )

၂၀၂၃ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းက ရာနဲ့ချီတဲ့ ဘင်္ဂါလီလှေစီးရွှေ့ပြောင်းသွားလာသူတွေ အင်ဒိုနီး ရှားကို တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ တကယ်တော့ ဒေသ တွင်းမှာ ထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ၁၉၇၀ ပြည့်နှစ်ကျော် ကာလတွေတုန်းကလည်း ဗီယက်နမ်လှေစီး ဒုက္ခသည်တို့၊ ကမ္ဘောဒီးယား လှေစီးဒုက္ခသည်တို့ ပြဿနာကိစ္စတွေ ရှိခဲ့ဖူးတာပါပဲ။ ရွှေ့ပြောင်းသွားလာသူတွေရဲ့ Boat People ဆိုတဲ့ လူကုန်ကူးလှေတွေဆိုလည်း အင်ဒိုနီးရှားမှမဟုတ်ပါဘူး။ မလေးရှား၊ ထိုင်း၊ မြန်မာစတဲ့ ကမ်းရိုးတန်းရေပိုင်နက်အထိ ရောက်ရှိလာခဲ့လို့ သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့ကြရ ပါတယ်။

မြန်မာ့အရေး အထူးအလေးထား ဆက်လက်ဆောင်ရွက် မယ်လို့ အင်ဒိုနီးရှားပြော

RFA
RFA Burmese
2024.01.09

၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတက်ရောက်လာသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi)ကို တွေ့ရစဉ်။  REUTERS
 
 မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေကို ဖြေရှင်းနိုင်ရေး အထူးအ လေးထားပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ဘူးသီးတောင်တွင် အာဆာအဖွဲ့က ပစ်ခတ်သဖြင့် ရွာသား ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

DVB
January 9, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ဇန်နဝါရီ ၈ ရက် ညပိုင်း ARSA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က သေ နတ်နဲ့ ပစ်ခတ်ခဲ့လို့ မွတ်စလင် ရွာသား ၃ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

Monday, January 8, 2024

လူထောင်ပေါင်းများစွာအိုးအိမ်မဲ့ခဲ့ရသောရိုဟင်ဂျာဒုက္ခသည် စခန်း မီးလောင်မှု

Myanmar Now
AFP
January 8, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၇ မနက်အစောပိုင်းက မီးလောင်မှု ကြောင့် အိမ်ခြေ ၈၀၀ကျော် ပျက်စီးသွားပါတယ်။ ကူတူပါလောင်စခန်း အမှတ် ၅ က အဲ့ဒီမီးလောင်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကြောင့် ရခိုင် ပြည်နယ်က ရိုဟင်ဂျာတွေ လူသန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရကာ နိုင်ငံမဲ့ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ နေထိုင်ရင်း အခုလို ဘေးအန္တရာယ်တွေနဲ့လည်း မကြာခဏ ကြုံတွေ့ နေ ရပါတယ်။ 

ရိုဟင်ဂျာဒုက္ခစခန်း မီးလောင်မှု ကျောင်းသား ၁,၅၀၀ ပညာ သင်ခွင့် ထိခိုက်

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၉ ဇန်နဝါရီ၊ ၂၀၂၄ 

ကော့က်ဇ်ဘဇားခရိုင် ကူတူးပလောင် ဒုက္ခသည်စခန်းမီးလောင်တဲ့မြင်ကွင်း။ (ဇန်နဝါရီ ၇၊ ၂၀၂၄) 

ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးလောင်ရာမှာ စာသင်ကျောင်း ၂၀ မီးထဲပါသွားတဲ့အတွက် အနည်းဆုံး ကျောင်းသား ၁,၅၀၀ ပညာမသင်နိုင် ဖြစ်သွားကြရပါ တယ်။ ရိုဟင်ဂျာ ကလေး ၃,၅၀၀ လည်း နေစရာမဲ့သွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ပညာရေး ရံပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောလိုက်ပါတယ်။

မလေးရှားသွားမယ့်ရိုဟင်ဂျာ ၃၀ ကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

VOA
အေးအေးမာ

၀၈ ဇန်နဝါရီ၊ ၂၀၂၄ 

မလေးရှားနိုင်ငံကို တရားမဝင်သွားမယ့် ရိုဟင်ဂျာ ၃၀ ကို ထိုင်း-မြန်မာနယ်စပ် Sangkhlaburi (စံခရဘူရီ) ခရိုင်မှာ ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးစဥ် ကားမှောက်ပြီး ၇ ဦးဒဏ်ရာရခဲ့စဥ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/ဇန်နဝါရီ ၅၊ ၂၀၂၄)

မလေးရှားနိုင်ငံကို တရားမဝင်ပို့ဆောင်မယ့် ရိုဟင်ဂျာ ၃၀ ကို ထိုင်း-မြန်မာနယ်စပ် Sangkhlaburi (စံခရဘူရီ) ခရိုင်မှာ ဇန်နဝါရီလ ၅ ရက်နေ့မှာဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ 

Sunday, January 7, 2024

Blaze at Bangladesh refugee camp leaves thousands of Rohingya homeless

ALJAZEERA
7 Jan 2024 

Hundreds of shelters at the refugee camp in southeastern Bangladesh were gutted with arson suspected. 

Rohingya refugees look through the debris of their houses charred by a devastating fire at the camp in Kutupalong, Bangladesh in the early hours of the day [AFP]
 
Thousands of Rohingya refugees in Bangladesh have been left without shelter after a fire ripped through a refugee camp, burning hundreds of homes, officials say.

ကူတုပါလောင် စခန်းမှာ မီးလောင်

BBC
၂၀၂၄ ဇန္နဝါရီလ(ရ)ရက်။

ဒုက္ခသည် လေးထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်

ကောက်ဆက်ဘဇားက ကူတူးပလောင် ဒုက္ခသည်စခန်းမှာ မီးလောင်လို့ ရိုဟင်ဂျာ ဒုက္ခသည် လေးထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၁၀၀၀ ကျော်ပျက်စီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၇ ဇန်နဝါရီ၊ ၂၀၂၄ 

Rohingya refugees watch a fire blaze through their refugee camp at Kutupalong in Cox's Bazar district, Bangladesh, Jan. 7, 2024.

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Cox's Bazar ခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မီးအကြီးအကျယ်လောင်ကျွမ်း မှုကြောင့် ယာယီခိုလှုံရာ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ပြီး၊ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသခံမီး သတ်ဌာနနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ Kutupalong ဒုက္ခသည်စခန်းမှာ မနေ့ ည သန်းခေါင်လောက်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာမှာ လေပြင်းတိုက်ခိုက်မှုကြောင့် အလျှင်အမြန် မီးကူးစက် ခဲ့ရကြောင်း ဒေသခံမီးသတ်ဌာန အကြီးအကဲ Shafiqul Islam ကို ကိုးကားပြီး AP သတင်းက ဖော်ပြ ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် ဆုံးရှုံး

DVB
January 7, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီ ၇ ရက် မနက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု မီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်၊ လူပေါင်း ခုနစ်ထောင် ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

RFA
RFA Burmese
2024.01.07 

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေသည့် မြင်ကွင်း။ Photo: UNHC

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၇ ရက် ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေ ၈၅ဝ လောက် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo: UNHCR

လူတွေအိပ်မောကျနေချိန် မနက်အစောပိုင်း တစ်နာရီလောက်မှာ အမှတ် (၅) ဒုက္ခသည်စခန်းကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက်လေးနာရီကျော်မှာမှ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၈၅ဝ ကျော် လုံးဝမီးလောင်ပျက်စီးသွားတာကြောင့် ဒုက္ခသည်ပေါင်း ၇ဝဝဝ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကထုတ်ပြန်ပါတယ်။

Photo: AFP
ဗလီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ အိမ်သာ ရေချိုးဆောင်တွေ အပါအဝင် ဒုက္ခသည်တွေအတွက် ဆောက်ပေးထားတဲ့ အဆောက်အဦပေါင်း ၁၂ဝ ကျော်အပြင် မီးသွယ်တန်းထားပေးတဲ့ ဆိုလာပြားတွေလည်း မီး ထဲပါသွားတယ်လို့ ဆိုပါတယ်။

ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က "ဒုက္ခသည်တွေအားလုံး လက်ရှိတော့ မီးလောင်ပြင်မှာပဲ နေ နေ တယ်။ တချို့ကတော့ အနီးနားမှာရှိတဲ့ ဒုက္ခသည်စခန်းက ဆွေမျိုးတွေအိမ်မှာနေနေကြတယ်။ အခုတော့ သူတို့မှာ အမိုးအကာမရှိ၊ စားစရာလည်းမရှိ၊ ဆန်ရရင်တောင် ချက်စရာမရှိတော့ဘူး" လို့ RFA ကိုပြောပါတယ်။
Photo: Citizen Journalist
ကနဦးသတင်းတွေအရ ထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးတဲ့သူမရှိသေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေသန်းနဲ့ချီနေနေတဲ့ ကော့ဘဇားက ဒုက္ခသည်စခန်းဟာ ကမ္ဘာပေါ်မှာအကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာတဲအိမ်တွေကြား အစုလိုက်အပြုံလိုက်နေနေရတာကြောင့် မကြာခဏမီးလောင်လေ့ရှိပါတယ်။

Link: Here

Saturday, January 6, 2024

Indonesian Church group slams anti-Rohingya campaign

UCA News
Published: January 06, 2024 

Hundreds of Muslim refugees have arrived in the western region of the country from Bangladesh in recent week.
Newly arrived Rohingya refugees rest at a beach on Sabang island in Indonesia's Aceh province. (Photo:Chaideer Mayhuddin/AFP) 

Catholic charity Jesuit Refugee Service (JRS) has joined other groups to deplore the ongoing smear campaign on social media sites vilifying Rohingya refugees in Indonesia. 
 
A series of anti-Rohingya posts on Facebook, Instagram, TikTok and X, formerly Twitter, prompted the Indonesian government and media outlets to publish fact-checked articles over the past few days.

Indonesia Faces Dilemma on Rohingya Refugees

Jakata Globe
Jayanty Nada Shofa
January 6, 2024
 

A Rohingya woman cries as she is forced to leave the convention center in Banda Aceh on Dec. 27, 2023. (Antara Photo/Ampelsa)
Jakarta. Indonesia is still facing a great dilemma on the Rohingya -- the Muslim minority group who have fled their homes in the predominantly Buddhist Myanmar to escape violence.
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */