Wednesday, November 29, 2023

လာအိုသံအမတ်ကြီး ဗိုလ်ချုပ်(ငြိမ်း) မြတ်သက်ဦးစစ်ဆေးခံ နေရ

BBC
November 29'2023

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူးကနေ လာအိုသံအမတ်ကြီးအဖြစ်ပြောင်းရွှေ့ တာဝန် ပေးခံရတဲ့ အငြိမ်းစားဗိုလ်ချုပ် မြတ်သက်ဦး စစ်ဆေးခံနေရတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်း အရင်းအမြစ်တွေက ပြောပါတယ်။

ဇွန်လကမှ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဦးမြတ်သက်ဦးကို လာအိုနိုင်ငံကမြန်မာသံရုံးကနေ နေ ပြည်တော်ကို ပြန်ဆင့်ခေါ်ပြီး စစ်ဆေးနေတာလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

အစ္စရေး-ဟာမတ်စ် အပစ်ရပ်မှုသက်တမ်းတိုးနိုင်ဖို့ ညှိနှိုင်း ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ နိုဝင်ဘာ၊ ၂၀၂၃

Israel Palestinians

ဓားစာခံတွေ ပိုပြီး လွှတ်နိုင်အောင် အပစ်အခတ်ရပ်စဲရေး ရက်တိုးဖို့ ဆွေးနွေးကြဖို့ အတွက်အမေရိ ကန် ဗဟိုထောက်လှမ်းရေးဌာန စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံ ဘန်းစ် (William Burns) နဲ့ အစ္စရေး ထောက်လှမ်းရေး မော့ဆတ်အကြီးအကဲ ဒေးဗစ် ဘာနီးယား (David Barnea) တို့ဟာ ကြား ဝင်ညှိနှိုင်းနေတဲ့ ကာတာနိုင်ငံကို ရောက်ရှိနေကြတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တယောက်က အေပီသတင်းဌာနကို ပြောပါတယ်။

အရေးပါတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်၊ ခလရ ၁၂၅ တရင်းလုံးလက်နက်ချလို့ MNDAA ပြော

VOA
ဇော်ဝင်းလှိုင်
၂၉ နိုဝင်ဘာ၊ ၂၀၂၃ 

ကုန်ကြမ်ရှင်းကိုင်းတပ်စခန်းတွင် လက်နက်များသိမ်းဆည်းမိခဲ့ကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာလ ၂၇၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကုန်ကြမ်းမြို့နယ်ထဲကအရေးပါတဲ့တပ် စခန်းတခုကို ကိုးကန့် MNDAA က ထပ်မံသိမ်းယူလိုက်ပြီး ဒီဒေသမှာ အခြေစိုက်တဲ့ ခလရ ၁၂၅ တပ် ရင်း ကလည်း လက်နက်ချခဲ့ကြောင်း MNDAA က သတင်း ထုတ်ပြန်ထားပါတယ်။ 

လောက်ကိုင်ဘက်မှာတော့ တိုက်ပွဲပြင်းထန်တာမရှိဘဲ ကြိုးကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အ ခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

Tuesday, November 28, 2023

အစ္စရေးနှင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် အရ ဟားမတ်စ်အဖွဲ့က ဓားစာခံ ၁၇ ဦးကို တတိယ သုတ်အဖြစ် ယနေ့လွှတ်ပေးခဲ့ကြောင်း သိရသည်။

Myanmar Digital News
Nov 28,2023 
ဂျေရုဆလင်၊ နိုဝင်ဘာ ၂၇


ဟားမတ်စ်အဖွဲ့က ဓားစာခံ ၁၇ ဦးကို တတိယသုတ်အဖြစ် လွှတ်ပေး

လွှဲပြောင်းပေးအပ်

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဘောင်အတွင်း အစ္စရေးနိုင်ငံသား ၁၃ ဦး၊ ထိုင်း သုံးဦး၊ ရုရှားတစ်ဦးတို့ကို ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့်ဟားမတ်စ် လေးရက်ကြာအပစ်အခတ်ရပ်စဲရေး သက်တမ်း နှစ်ရက် ထပ်တိုး

Myanmar Digital News
Nov 28,2023 

အစ္စရေးနှင့်ဟားမတ်စ်တို့၏လေးရက်ကြာအပစ်အခတ်ရပ်စဲရေးသည် ယနေ့တွင် အဆုံးသတ်မည်ဖြစ် သော်လည်း အပစ်အခတ်ရပ်စဲရေး သက်တမ်းနှစ်ရပ်ထပ်မံတိုးမြှင့်လိုက်သည်ဟုကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

AA အဖွဲ့မှ လူနာများနှင့် ရိက္ခာများသယ်ရန်ဟုဆိုကာ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်နေ

ရဲဝံ့စွန်းစားပြည်ချစ်သား
Posted on November 28, 2023

AA သောင်းကျန်းသူအဖွဲ့အနေဖြင့် နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားရာ ဒေသရှိ ကျေးရွာသားများ “၎င်းတို့၏လူနာများနှင့် ရိက္ခာများသယ်ရန် အတွက်” ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ နယ်၊ အောင်ဇေယျကျေးရွာသို့ ULA/AA ဒုနိုင်ငံရေးမှူး မင်းထီးဆိုသူ ရောက်ရှိလာပြီး ကျေးရွာမူလ တန်း ကျောင်းတွင် အောင်ဇေယျကျေးရွာနှင့် အောင်သာယာကျေးရွာမှ တစ်အိမ်တစ်ယောက်ခေါ် ယူ ကာ ၎င်းတို့ အဖွဲ့ဝင်လူနာများနှင့် ရိက္ခာများသယ်ယူရန်ရှိသဖြင့် ကျေးရွာ ၁ ရွာ စီမှ ရွာသား ၂၀ စီ စေ လွှတ်ပေးရန်နှင့် မရောက်လာသည့်ရွာအား မီးရှို့မည်”ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဒေသခံ များ ထံမှ သိရှိရသည်။ 

ဘူးသီးတောင်တွင်စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ် ၍ ကလေး ၂ ဦးအပါအဝင် မွတ်ဆလင် ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

Narinjara
ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် မွတ်ဆ လင် ကလေး ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးသွားသူများမှာ ကွန်တိုင်အုပ်စု ဝါးချီးလားရွာမှ အာရုရူလ္လာ(၈) နှစ်၊ အဒူလ္လာ(၁၀) နှစ်နှင့် ဒေါ် ဘေဇာ(၆၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။

မအီရဲစခန်းက စခန်းမှ စခန်းမှူး အပါအဝင် ရဲ ၅ ဦး အေအေ ထံ အလင်းဝင်

Narinjara
ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃ 

(မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ၄ဦးလည်း ထွက်ပြေးနေရ)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ရက္ခိုင့်တပ်တော် (AA) ထံ အလင်းဝင်သွားခဲ့သည်ဟု သတင်းရရှိသည်။

လက်နက်ချသွားခဲ့ကြသည့် သူများမှာ စခန်းမှူး ရဲအုပ် ချစ်ထွန်း၊ ဒုရဲအုပ် ကျော်မင်းထွန်း တကက သိန်းနိုင် အပါ အဝင် ရဲတပ်သား ၅ ဦးတို့ဖြစ်ကြောင်း သိရသည်။

Gangs, extortion in Bangladesh camps driving Rohingya sea exodus

FRANCE 24
Issued on: 27/11/2023

Lhokseumawe (Indonesia) (AFP) – Holding his son's hand in a temporary shelter in Indonesia, Rohingya Mohamed Ridoi says he made the dangerous 12-day sea journey from massive refugee camps in Bangladesh to escape the pervasive threats of kidnapping, extortion and murder. 

Rohingya refugees say they fled escalating brutality in the camps in and around Cox's Bazar, which hold more than one million people © ZIKRI MAULANA / AFP 

The 27-year-old said he was starting a "peaceful life" in a temporary shelter in Indonesia's western Aceh Province, where more than 1,000 Rohingya people have arrived this month, the largest such influx since 2015.

More Rohingya take children as they leave Bangladesh by boat - aid groups

REUTERS
By Ruma Paul and Sudipto Ganguly
November 27, 2023

Rohingya Muslims walk as they are being transported to a temporary shelter, following their arrival in Sabang, Aceh province, Indonesia, November 22, 2023. REUTERS/Riska Munawarah/File Photo Acquire Licensing Rights
 
DHAKA, Nov 27 (Reuters) - An increasing number of Rohingya people are leaving refugee camps in Bangladesh with their children, taking to boats in search of a better life as hopes fade of returning to Myanmar or being resettled, and camp life gets tougher, aid groups say.

Monday, November 27, 2023

မောင်တောနယ်စပ် ကုန်သွယ်ရေးဂိတ်မှ ပို့ကုန်တင်ပို့မှုသာ ရှိပြီး သွင်းကုန်တင်သွင်းမှု ရပ်တန့်နေ

ပေါ်ပြူလာ
Popular Journal
November 27, 2023


ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသည်ပို့ကုန် တင်ပို့မှုသာရှိပြီး သွင်းကုန်တင်သွင်းမှု ရပ်တန့်နေ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

နိုဝင်ဘာလ (၁) ရက်မှ (၂၁) ရက်အထိ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်တင်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ပို့ကုန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၂၈၆ သန်းတင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

မောင်တောတွင်တိုက်ပွဲမဖြစ်စေရန်စစ်ကောင်စီနှင့်မြို့မိမြို့ဖ များ တွေ့ဆုံဆွေးနွေး

DVB
November 27, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ တိုက်ပွဲမဖြစ်စေဖို့ စစ်ကောင်စီနဲ့ မြို့လူကြီးတွေ နိုဝင်ဘာ ၂၅ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ မောင်တောဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်မမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ မောင်တောမြို့ခံ မြို့မိမြို့ဖတွေ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်

DMG
၂၀၂၃ နိုဝင်ဘာ ၂၆

ကိုင်းကြီးကျေးရွာအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ - နခခ (၄) လက်အောက်ခံတပ်ဖွဲ့ကို AA က နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့သည်။ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားသည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ရခိုင်စစ်ရေး ၁၃ ရက်မြောက်အခြေအနေ ညီနောင်သုံးဖွဲ့ ထုတ်ပြန်

Narinjara
ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃ 


(တရွန်အိုင်" ဗျူဟာနှင့် “နှုံးဘူး" ဗျူဟာနှစ်ခုကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများ ပြင်းထန် လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆက်လက်ခုခံနေ)

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ရက္ခိုင့်တပ်တော်( AA)၏ (၁၃) ရက်မြောက် စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ညီနောင် မဟာမိတ် သုံးဖွဲ့က နိုဝင်ဘာ ၂၆ ရက် ည(၁၀) နာရီ အချိန်တွင် သတင်းထုတ်ပြန်သည်။

ဘူးသီးတောင်တွင်စီးပွားရေးလုပ်ငန်းရှင်‌တစ်ဦးကိုစစ်ကောင်စီ ဖမ်းဆီး

Narinjara
ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ကိုယ်ပိုင်စီးပွားရေးလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီက ဖမ်း ဆီးသွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ အုတ်ဖိုလုပ်ငန်းပိုင်ရှင် အသက် ၄၅ နှစ်အရွယ်ဦးအောင် သန်းထွန်းဖြစ်သည်။

စစ်ကောင်စီကရခိုင်တစ်ပြည်လုံးအနှံ့လမ်းများကိုပိတ်ဆို့ထား ၍ လယ်သမားများအနေဖြင့် စပါးရိတ်သိမ်းရန် စက်သုံး ဆီ အထူးခက်ခဲနေ

Narinjara
ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃

စစ်ကောင်စီက ရခိုင်တစ်ပြည်လုံးအနှံ့ရှိ  ကုန်းလမ်း၊ ရေလမ်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများကို ပိတ် ထား၍ လယ်သမားများတွင် စပါးများရိတ်သိမ်းရန် စက်သုံးဆီ အထူးအခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ရခိုင်ရှိ မြို့နယ်အချို့တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တ ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ယင်းနေ့မှ စတင်ကာ စစ်ကောင်စီက တစ်ပြည်လုံးအနှံ့ရှိ ကုန်းလမ်းနှင့် ရေလမ်းများကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားသည်။

မောင်တောရှိ စစ်ဆေးရေးဂိတ်နှင့် တပ်စခန်းငယ်များကို စစ်ကောင်စီ ရုပ်သိမ်း

DVB
November 27, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေနဲ့ တပ်စခန်းငယ်တွေကို အများဆုံး ရုပ်သိမ်းထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၂ ရက်အထိ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့် စစ်ဆေးဂိတ်တွေနဲ့ တပ်စခန်းငယ် ၄၀ ကျော်ကို စစ်ကောင်စီက ရုပ်သိမ်းထားပြီး အဲ့ဒီအထဲမှာ မောင်တောမြောက်ပိုင်းက ၃၀ လောက် ပါဝင်တယ်လို့ အေအေ နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

Myanmar Junta Continues to Suffer Defeats a Month Into Operation 1027

The Irrawaddy
November 27, 2023

Arakan Army forces take part in a military drill.
Monday marks one month since the Myanmar military regime was confronted with what has rapidly become the biggest challenge to its rule since the 2021 coup—a massive, coordinated resistance offensive dubbed Operation 1027 that has inflicted significant troop and territorial losses on the junta.

ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တွင် ရေတပ်က ဆက် တိုက်ပစ်ခတ်နေ

Myanmar Now
November 27, 2023


ပုဏ္ဏားကျွန်းမြို့မစျေး မီးလောင်သွားပြီးနောက် နိုဝင်ဘာ ၂၅ နှင့်၂၆ တွင် စစ်သင်္ဘောက ဒေသတွင်း လှည့်လည် ပစ်ခတ်သလို ဒရုန်းဖြင့်လည်း ဗုံးကြဲ၍ ဒေသခံ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပုဏ္ဏားကျွန်းနှင့်ပေါက်တောမြို့နယ်တို့ကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူ ၆ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရသလို အဆောက်အအုံတချို့ မီးလောင်ပျက်စီးကြောင်း သိရသည်။

Sunday, November 26, 2023

သိန္နီ နမ့်စလပ်စစ်ကောင်စီတပ်ရင်း ၂ခု သိမ်းပိုက်မှု သံချပ် ကာ ၁စီး၊ ဟောင်ဝစ်ဇာ ၂လက်နှင့် လက်နက် ခဲယမ်းများစွာ ရဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

လူထုနွေဦး
နိုဝင်ဘာ ၂၆/၂၀၂၃ 

(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ - The Kokang)

▪︎စစ်ကောင်စီတပ်မှ ၁၆ဦးသေ၊ ၃၁ဦး အရှင်မိပြီး၊MNDAA၊ AAနှင့် KNDF ပူးပေါင်း တပ်မှ လည်း ကျဆုံးမှုရှိ
  • ▪︎မြန်မာ-တရုတ်နယ်စပ်မှ ​​လေးခု​မြောက်ဂိတ်ကိုသိမ်းပိုက်
  • ▪︎​လောက်ကိုင်မြို့သိမ်းတိုက်ပွဲ မကြာမီ ဖော်ဆောင်မည်ဟု အသိပေး

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */