Wednesday, November 22, 2023

ဓားစာခံများ လွတ်မြောက်ရေး အစ္စရေးအစိုးရ ဆွေးနွေး

DVB
November 22, 2023

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂါလန့်ထ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး ဘန်နီဂန့်ထ်ဇ်တို့ဟာ နိုဝင်ဘာ ၂၁ ရက်က တွေ့ဆုံပြီး ဟားမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

စခန်းတိုက်ခိုက်ခံရစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီ ဗိုလ်မှူးနှင့် ၁၂ ဦးကို ပြန်ဖမ်းမိ

THE 72 MEDIA
Nov 22 2023

တီးတိန်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF Zolandမှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ချိန် စခန်းစွန့်ခွာထွက်ပြေးသွားသည့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ယမန်နေ့ညပိုင်းက ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်တွင် ၁၀ ရက်အတွင်းစစ်ကောင်စီစခန်း ၅၀ နီးပါး ကို သိမ်းဆည်းရမိခဲ့ကြောင်း AA ပြော

THE 74 MEDIA
Nov 22, 2023

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ၁၀ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၅၀ ခန့်ကို ရက္ခိုင့် တပ်တော် (AA) က သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ သတင်းထုတ်ပြန် ကြေညာ လိုက် သည်။

ရခိုင်မှာ တိုက်ပွဲပြင်းထန်လာပြီး ဒေသခံများ အခက်အခဲ ပိုမိုကြုံတွေ့နေရ

CNI
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

AA တပ်ဖွဲ့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲပြင်းထန်လာပြီး ဒေသတွင်းနေ ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် တိုက်ပွဲဆက်ဖြစ်နေ

Myanmar Now
လင်းထင်
November 22, 2023 

ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေသော ဒေသခံတချို့ကို နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်အစောပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Aye Myint Wai)

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ပြင်းထန်သည့် တိုက်ပွဲများ ယနေ့ (နိုဝင်ဘာ ၂၂) တွင် ဆက်ဖြစ်နေပြီး စစ် ကောင်စီက ဒေသခံတချို့ကို လူသားဒိုင်းကာအဖြစ် သုံးနေသည်ဟု ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန် သည်။

ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

ဧရာဝတီ
ကိုဦး
22 November 2023
သူ့အတွေး သူ့အမြင်

ရခိုင်ပြည်နယ်သည် မြစ်ချောင်းပေါများသည့် ကမ်းရိုးတန်းဒေသဖြစ်ရာ အခြားဒေသများထက် ရေတပ်အသုံးပြုရန်နှင့် ဖြတ်လေးဖြတ် ပြုလုပ်ရန် လွယ်ကူသည်

၂၀၁၉၊ ၂၀၂၀ တွင် ရခိုင်ပြည်နယ်၌ စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အပစ်ရပ်ခဲ့ကြ၏။ တဖန် ၂၀၂၂ ခုနှစ်ထဲတွင် တကျော့ပြန်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြန်လည် အပစ် ရပ်ခဲ့ကြ၏။ ယခု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်၍ စစ်ပွဲဖြစ်ပွားသည်ကို တွေ့ရ၏။

ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော် အင်ဒိုနီးရှားသို့ တပတ်အတွင်း ရောက်လာ

ဧရာဝတီ
နိုဝင်ဘာ ၂၁ ရက် ညက အာချေးသို့ ကမ်းကပ်လာသော ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ/AFP 

လွန်ခဲ့သောညက ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ ခန့် အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်သို့ ရေကြောင်းမှ ရောက်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောသောကြောင့် လွန်ခဲ့သော အပတ် အတွင်း ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော်ရောက်လာခြင်း ဖြစ်သည်။

အင်ဒိုနီးရှားရောက် ရိုဟင်ဂျာတွေကို သုံးလယာယီနေခွင့် ပေး

RFA
စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.11.21

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်ရှိလာသည့် ရိုဟင်ဂျာများကိုတွေ့ရစဉ်။ AFP

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အာချေးပြည်နယ်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သုံးလယာ ယီခိုလှုံခွင့်ပေးမယ်လို့ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနရုံးက ပြောကြားလိုက်ပါတယ်။

ခနော်နီခနော်နဲ့ သစ်သားလှေနဲ့ ပင်လယ်ပြင်ခရီးကြမ်းနှင်ပြီး အင်ဒိုနီးရှားကမ်းခြေနား ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒေသခံတွေက ပင်လယ်ဘက်ပြန်ဖို့ သုံးကြိမ်သုံးခါ ခြိမ်းခြောက်ပြီးနောက် အခုလိုလက်ခံလိုက်တာပါ။

မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်နှင့် ဆက်သွယ် မေးမြန်းချက်

RFA
စန်းမော်အောင်(ဝါရှင်တန်ဒီစီ)
2023.11.21 

==

မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို စစ်တမ်းပြုစုထားတဲ့ "အသက်ရှင်ရေးတွက် ရုန်းကန်ရခြင်း" လို့ အမည်ရတဲ့ အစီရင်ခံစာတစ်စောင်ကို ဗြိတိန်နိုင်ငံ ၊ လန်ဒန်မြို့အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့ ရခိုင် ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာရေးအထောက်အပံ့တွေ မရအောင် မြန်မာ စစ်တပ်က တားဆီးပိတ်ပင်နေတာတွေနဲ့ စစ်တပ်က အကြမ်းဖက်တာတွေကို အစီရင်ခံစာမှာ ဖော်ပြ ထား ပါတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။ ဦးထွန်းခင်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

Tuesday, November 21, 2023

Houthis release video footage showing armed men seizing 'Israeli-linked ship' in Red Sea

The Economic Times
21 Nov 2023

Yemen's Houthis released video footage on Monday showing armed men dropping from a helicopter and seizing a cargo ship in the southern Red Sea. According to Reuters, The footage was released by the movement's TV channel Al Masirah a day after the ship was hijacked by the Iran-backed group, who said the ship was linked to Israel.

Link : Here

Saudi Arabia rejects Israel’s ‘attempts at forced displacement’ of Gazans

AL ARABIA NEWS
Published: 21 October ,2023

People salvage belongings from the rubble of a building levelled in an Israeli strike on Rafah in the southern Gaza Strip on October 15, 2023. (AFP)

Saudi Arabia rejects “attempts at forced displacement” of the people of Gaza by Israel, Foreign Minister Prince Faisal bin Farhan said on Saturday at the Cairo Peace summit.

"Where is the protection of international law for every child killed in Gaza?"

Middle East Eye
November '2023 


Sinn Fein leader Mary Lou McDonald called for international sanctions on Israel during a protest for Palestine attended by thousands in Dublin.

McDonald also said the international community must stand with Palestine in its long walk to freedom.
 
Link : Here

ပေါက်တောတွင် စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန် နေ၊ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုလုပ်

Western News
နိုင်ဝင်ဘာ ၂၁ ၂၀၂၃
ရခိုင်ပြည် ပေါက်တောမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA ကဝင် ရောက် တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ 

စစ်ကောင်စီတပ်က တပ်စွဲထားသည့် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီကျော်က ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှလည်း တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမြို့ဘက်ကပစ်ခတ်သည့်လက်နက်ကြီး ပေါက်တော ကျေးရွာများသို့ ကျရောက်ပေါက်ကွဲနေ (ရုပ်သံ)

Western News
နိုဝင်ဘာ ၂၁ 


ရခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂)တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားနေသည့် ပေါက်တောမြို့ဘက်ကို ပစ်ခတ်နေ၍ ပေါက်တောမြို့နယ် ကျေးရွာများသို့ ကျရောက်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း Western News က စုံစမ်းသိရှိရသည်။

လက်ရှိသတင်းရေးနေသည့်အချိန်အထိ စစ်တွေမြို့က ပစ်ခတ်သည့် လက်နက်ကြီး၂၁လုံးထက် မ နည်း ရှိပြီးဖြစ်ကြောင်း စစ်တွေမြို့ ရွှေပြားရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြော သည်။

Western News-WN

Link : Here

ပုဏ္ဏားကျွန်းနှင့် ပလက်ဝတွင် စစ်ကောင်စီမှ လေကြောင်း ပစ်ခတ်မှုကြောင့် ‌ဒေသခံ အချို့ ထိခိုက်ဒဏ်ရာရ

Western News|
နိုဝင်ဘာ ၂၁-၂၀၂၃

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်းမှ ပစ်ခတ်မှုတို့ ပြုလုပ်ခဲ့သည့် အတွက် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပေါက်တောမြို့နယ် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်နေ (ရုပ်သံ)

Western News
နိုဝင်ဘာ ၂၁ ၂၀၁၃


ရခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂)တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားနေသည့် ပေါက်တောမြို့ဘက်ကို ရမ်းသမ်း ပစ်ခတ်နေ၍ ပေါက်တောမြို့နယ် ကျေးရွာများသို့ ကျရောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများရှိ ကြောင်း Western News က စုံစမ်းသိရှိရသည်။

လက်ရှိသတင်းရေးနေသည့်အချိန်အထိ စစ်တွေမြို့က ပစ်ခတ်သည့် လက်နက်ကြီး၂၅လုံးထက်မနည်း ရှိပြီးဖြစ်ကြောင်း စစ်တွေမြို့ဒေသခံများ က ပြောသည်။

Western News-WN
 
Link : Here

မင်းပြားနှင့် မြောက်ဦးတွင် စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေ

Western News
နိုဝင်ဘာ ၂၁ -၂၀၂၃

ရခိုင်ပြည် မင်းပြားနှင့် မြောက်ဦးမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၂၁ ရက်ညဉ့် အချိန်၌ စစ်ကော်စီမှ လက် နက်ကြီး လက်နက်ငယ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိနေကြောင်း ဒေသတွင်းသတင်း ရင်းမြစ် များ က Western News ကို ပြောသည်။

ရခိုင်ရှိ တကျော့ပြန် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိက ပစ်မှတ်ထား စစ်ဆေးဖမ်းဆီး

Narinjara News
ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်တွင် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြကာ ည ဘက်ဝင်ရောက်စစ်ဆေးမှုများကို အောက်တိုဘာလကတည်းက တင်းတင်းကျပ်ကျပ်လုပ်ဆောင် ခဲ့ ပြီး တိုက်ပွဲများ ပြန်လည်စတင်လာချိန်တွင် အမျိုးသားရေးလှုပ်ရှားသူများ၊ လူမှုရေးလှုပ်ရှား သူ များ၏ နေ အိမ်များကို ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

ဂါဇာ၌ အပစ်ရပ်ရေး ပေကျင်းရောက် အာရပ်ဝန်ကြီးများ တောင်းဆို

DVB
November 21, 2023


ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ခွင့်ပြုရေးနဲ့ ရန် လိုမှုတွေ အဆုံးသတ်ရေး တွန်းအားပေးဖို့ ခရီးစဉ်ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို ရောက်လာတဲ့ အာရပ်နဲ့ မွတ်စလင်ဝန်ကြီးတွေက ဂါဇာမှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ နိုဝင်ဘာ ၂၀ ရက် မှာ တောင်းဆိုလိုက်ပါတယ်။

Monday, November 20, 2023

ဘူးသီးတောင်မြို့သို့ စစ်တွေတက္ကသိုလ်တွင် အဝေးသင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများရောက် ရှိ

IPRD
Mon, 11/20/2023
ဘူးသီးတောင် နိုဝင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့သို့ စစ်တွေတက္ကသိုလ်တွင်အဝေးသင်တက်ရောက် နေသည့် ကျောင်းသား၊ကျောင်းသူများ ရောက်ရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ရွှေပြည်တန် အမြန်ရေယာဥ်များဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်က စစ်တွေမြို့မှထွက်ခွာလာခဲ့ရာ ဘူးသီးတောင်မြို့၊ မီးရထားဆိပ်ရပ်ကွက် အမြန်ရေယာဉ် ဆိပ်သို့ ညနေပိုင်းအချိန်ရောက်ရှိခဲ့ကြောင်း သိရသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */