Sunday, November 19, 2023
ရိုဟင်ဂျာတွေ သယ်ဆောင်လာတဲ့ စက်လှေတွေ အာချေးမှာ ကမ်းကပ်ခွင့်ပြု
BBC
November 19'2023
ရိုဟင်ဂျာ ၅၀၀ ကျော်ကို သယ်ဆောင်လာတဲ့ စက်လှေ ၃ စီးကို အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ်မှာ ကမ်းကပ် ခွင့်ပြုလိုက်ပါတယ်။
လူတွေ အများကြီး သယ်ဆောင်ထားပြီး ခိုင်ခန့်မှု အားနည်းတဲ့ ဒီစက်လှေတွေထဲ က တစီးဟာ အာချေး ကမ်းခြေတခုကို စပြီးရောက်လာစဉ် ပင်လယ်ထဲကို ပြန်သွားဖို့ တွန်းထုတ်ခံခဲ့ရပါတယ်။
အင်ဒိုနီးရှား အာချေးပြည်နယ်ကို တပတ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် ၈၀၀ ကျော် ရောက်ရှိ
VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၉ နိုဝင်ဘာ၊ ၂၀၂၃
ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော်နဲ့ ပြည့်နေတဲ့ စက်လှေသုံးစင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ဆုံး ပြည်နယ်မှာ တနင်္ဂနွေနေ့ ဒီကနေ့မှာ ဆိုက်ရောက်လာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါ တယ်။
ရိုဟင်ဂျာအယောက် ၅ဝဝ ကျော် အင်ဒိုနီးရှားမှာ ကမ်းကပ်
RFA Burmese
2023.11.19
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာချေးပြည်နယ်ကို ကမ်းကပ်ရောက်ရှိလာသည့် စက်လှေများတွင်လိုက်ပါလာသော ရိုဟင်ဂျာများ။ Reuters အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအလား အလာ
VOA
တင်မောင်သန်း
၁၈ နိုဝင်ဘာ၊ ၂၀၂၃
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump သာ ပြန်အနိုင်ရခဲ့မယ်ဆိုရင်၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် ဘယ်လို သက်ရောက်နိုင်ပါသလဲ
Saturday, November 18, 2023
မင်းပြားမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ် ရာရသူ ၆ ဦးထက်မနည်းရှိ
DMG News
18 Nov 2023
မင်းပြားမြို့တွင် လူဦးရေတစ်သိန်းခွဲကျော် နေထိုင်လျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက် နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ထက်ဝက်နီးပါးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ သည်။
ရခိုင်နဲ့ ပလက်ဝမှာ ဒုက္ခသည် နှစ်သောင်းခွဲကျော် တိုးလာ ကြောင်း ကုလထုတ်ပြန်
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ အကြား ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၆,၀၀၀ ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာအမည်ကို မြန်မာနိုင်ငံက လက်မခံဘဲ ကုလသမဂ္ဂ ၏ ဘက်လိုက်သောဆုံးဖြတ်ချက်ကို ပယ်ချ
MT NEWS
Tha Toe
November 18, 2023
- ဆုံးဖြတ်ချက်အဆိုတွင် NUG နှင့် PDF တို့ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၂၃၀ ကျော် အပါ အဝင် လက်နက်မဲ့အရပ်သား ၆၇ဝဝ ကျော် သေဆုံးခဲ့ရသည်ကို ရှုတ်ချရန် ပျက်ကွက်
ပေါက်တောမြို့မှာ အရပ်သား တစ်ရာနီးပါး ဖမ်းဆီးခံထားရ ပြီး နှစ်ရာကျော် ပိတ်မိနေ
RFA
RFA Burmese
2023.11.18
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ နိုဝင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ် ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်ထွက်ပြေးဖို့အချိန်မရတဲ့ဒေသခံတစ်ရာနီးပါးကိုစစ်ကောင် စီ တပ်သားတွေ ဖမ်းဆီးထားတယ်လို့ ပေါက်တောမြို့ခံတွေက ပြောပါတယ်။
တောင်ငူမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံး
RFA
RFA Burmese
2023.11.18
ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ လေးမိုင်အကွာက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ - ၃၉) ကို နိုဝင်ဘာ ၁၇ ရက် ညနေပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ရာကတိုက်ပွဲပြင်းထန်ခဲ့ပြီးတိုက်ပွဲအတွင်းလက် နက်ကြီးကြောင့် ညောင်ပင်လှက ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားသေဆုံးမှုအတွက် လက်တုံ့ပြန်မယ်လို့ အေအေ ပြော
BBC
၁၇ နိုဝင်ဘာ ၂၀၂၃
ပေါက်တောမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး အရပ်သားသတ်ဖြတ်မှုဟာ စစ် ရာဇဝတ်မှုကျူးလွန်တာလို့ အေအေ က နိုဝင်ဘာ ၁၆ ရက် ညတွင်းချင်းမှာပဲ သတင်းထုတ်ပြန် လာ ပါတယ်။
ပေါက်တောမြို့မှာစစ်ရှောင်ပြည်သူတွေ ပစ်ခတ်ခံရလို့ သေ ဆုံး
BBC
၁၇ နိုဝင်ဘာ ၂၀၂၃
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့မရဲစခန်းကိုနိုဝင်ဘာ၁၆ရက်မနက်အစောပိုင်းမှာရက္ခိုင့် တပ်တော် အေအေ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားပြန်လည် ဖြည့် တင်းခဲ့သလို ပေါက်တောမြို့ပေါ်ကို လေကြောင်းရော ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ တယ်။
လှေစီးပြေးရိုဟင်ဂျာ (၂၀၀)ကျော် အင်ဒိုနီးရှားကမ်းကပ်ခွင့် ဒေသခံတွေငြင်းဆန်
VOA
ဗွီအိုအေ (မြန်မာဌာန)
၁၈ နိုဝင်ဘာ၊ ၂၀၂၃
လှေစီးပြေး ရိုဟင်ဂျာ (၂၀၀)ကျော် အင်ဒိုနီးရှား ကမ်းကပ်ခွင့် ဒေသခံတွေငြင်းဆန်
အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၂၄၀ လောက် ပါတဲ့ သင်္ဘေော တစီး ဟာ အင်ဒိုနီးရှား မြေပေါ်မှာ ကမ်းကပ်ခွင့်ရဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြပေမယ့် ဒေသခံတွေက လက်မခံ ငြင်းဆန်ခဲ့တာကြောင့် သူတို့ စီးလာခဲ့ လှေဟာ ခုတော့ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာပဲ မျော နေရတယ်လို့ ဒေသအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းမှာ သောကြာ နေ့ကရေး ပါတယ်။
ရန်ကုန်မှာ စစ်ဆေး ဖမ်းဆီးမှုတွေရှိ
VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၈ နိုဝင်ဘာ၊ ၂၀၂၃
တိုင်းရင်းသားညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က စစ်တပ်တပ်စွဲထားတဲ့ နေရာတွေအပေါ် တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်နေချိန်မှာ ရန်ကုန်မြို့တချို့ နေ ရာတွေမှာ လုံခြုံရေးပြန်လည် တင်းကြပ်နေပါတယ်။ ရန်ကင်းမြို့နယ်တဝိုက်မှာ ရဲနဲ့ စစ်သားလုံခြုံရေး တွေက လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို တားဆီးစစ်ဆေးမှုတွေ လုပ်တယ်လို့ မျက်မြင် တွေ့ ခဲ့သူတွေက VOA ကိုပြောပါတယ်။
About 250 Rohingya Refugees in Aceh Sent back to sea
Friday, November 17, 2023
About 250 Rohingya refugees in an overcrowded wooden boat have been turned away from Aceh and sent back to sea, residents said Friday.
Friday, November 17, 2023
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှ တပ်စခန်းတစ်ခုနှင့် စစ်ကိုင်း တိုင်း ဆားလင်းကြီးမြို့ရဲစခန်းတစ်ခု တော်လှန်ရေးတပ်ဖွဲ့ များသိမ်းပိုက်
Narinjara
ရက်စွဲ: ၁၇ နိုဝင်ဘာ ၂၀၂၃
(မွန်ပြည်နယ်တွင် တပ်မ ၂၂ မှ တပ်သား ၂၃ ဦး လက်နက်ချအညံ့ခံ)
တော်လှန်ရေးတပ်ပေါင်းစုများက မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီတပ်များကိုဆက်လက်တိုက် ခိုက်နေရာ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြိုတပ်စခန်းတစ်ခုနှင့် စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့ရဲစခန်းတစ် ခု တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်နိုင်ခဲ့ပြီး မွန်ပြည်နယ်တွင် တပ်မ (၂၂) မှ တပ်သား ၂၃ဦးတို့အညံ့ခံ လက်နက်ချလာခဲ့သည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာက သတင်းထုတ်ပြန်သည်။
ရခိုင်တွင် တပ်အင်အားမလုံလောက်၍ စခန်းငယ်များကို ရုပ်သိမ်းပြီး တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွား ရောက်ပူးပေါင်း
Narinjara
ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၃
( အမ်းမြို့နယ်မှ စစ်ကောင်စီအထိုင်စခန်းနှစ်ခု ထပ်မံစွန့်ခွာ)
ရခိုင်ပြည်နယ် စစ်တပ်အင်အား မလုံလောက်၍ အထိုင်ချထားသည့် စခန်းငယ်များကို ရုပ်သိမ်းကာ တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်တို့တွင် သွားရောက်ပူးပေါင်းနေကြသည်ဟု သတင်းရရှိသည်။
ပြည်သူကို လေကြောင်းနှင့်လက်နက်ကြီးဖြင့် စစ်ကောင်စီ တပ် တိုးမြှင့် တိုက်ခိုက်နေကြောင်း သံအမတ်ကြီးဆို
MYANMAR PRESS AGENCY (MPA)
Nov 17, 2023
စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုနှင့် လက် နက်ကြီးဖြင့် ပစ်ခတ်မှုတို့အား အဆင်ခြင်မဲ့ တိုးမြှင့်လုပ်ဆောင်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ ဘက်လိုက်သော ဆုံးဖြတ်ချက်အဆိုအား မြန်မာကပယ်ချ
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
Friday, November 17, 2023
နယူးယောက်မြို့၌ ကျင်းပနေသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယ ကော် မတီ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးယန္တရား (IIMM) နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏အစီ ရင်ခံစာများအပေါ် ပူးတွဲရှင်းလင်းဆွေးနွေးမှုများကို ၂၃-၁ဝ-၂ဝ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။ ထို့အပြင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို သက်ဆိုင်ရာ မြန်မာ နိုင်ငံ၏ တရားဝင်ကိုယ်စား လှယ်များ ပါဝင်ခြင်းမရှိဘဲ ၁၅-၁၁-၂၀၂၃ ရက်တွင် အတည်ပြုချမှတ် ခဲ့သည်။
လှေစီးရိုဟင်ဂျာဒုက္ခသည် ၆ဝဝ ခန့် အင်ဒိုနီးရှားကမ်းခြေသို့ ရောက်ရှိနေ
17 Nov 2023
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းရိုးတန်းကို အခုသီတင်းပတ်အတွင်းမှာတင် စုစုပေါင်း ရိုဟင်ဂျာ ၆ဝဝ ခန့် ရောက်ရှိလာတယ်လို့ သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ အာချေးပြည်နယ် Bireun ဒေသကို ရောက်ရှိလာပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲ Miftah Cut Ade က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ သုံးစီးမြောက်လှေ ဖြစ်ပါ တယ်။ အာချေးပြည်နယ် Pidie ဒေသကို နိုဝင်ဘာလ ၁၅ ရက်နေ့က ရိုဟင်ဂျာ အယောက်၂၀၀ လောက်ရောက်ရှိခဲ့ပြီး အဲဒီမတိုင်ခင်တစ်ရက်ကလည်း ၁၉၆ ယောက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။
















