Thursday, August 31, 2023

Today's News (Quick Search ) August, 2023

Rohingya News & Myanmar News all over the world

 Click on the daily news to read more

NEWS TODAY 
31.08.2023
World News

Sport News

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) သြဂုတ်လ၊ ၂၀၂၃

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါ သည်။

အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်

ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
31.08.2023VOA
VOA
VOA
31.08.2023
BBC
-
BBC
31.08.2023
RFA
RFA
RFA

Wednesday, August 30, 2023

New Light of Myanmar ( English Newspaper ) August, 2023

Global New Light of Myanmar

 31.08.2023 


ယနေ့သတင်းစာများ (ကြေးမုံ+ မြန်မာ့အလင်း)သြဂုတ်လ ၂၀၂၃

 August 2023 Myanmar Alinn newspaper 

မြန်မာ့အလင်း သတင်းစာ

31.08.2023 

ရိုဟင်ဂျာ ရှိမရှိ နိုင်ငံရေးသမားများနှင့် ခေါင်းဆောင်များ ၏ ပြောဆိုချက်

ဧရာဝတီ
15 September 2017
အင်တာဗျူး

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပ က္ခနဲ့အတူ “ရိုဟင်ဂျာ” ဆိုတဲ့ အမည်ဟာလည်း လူသိရှင်ကြား ပေါ်ထွက်လာပါတယ်။ ပဋိပက္ခ ဖြစ်ပွား ရာ ဒေသက မွတ်စလင် တချို့က သူတို့ဟာ “ဘင်္ဂါလီ” လူမျိုး မဟုတ်ဘူး။ “ရိုဟင်ဂျာ” လူမျိုးသာ ဖြစ် တယ်ဆိုပြီး ပြောဆိုခဲ့ရာက လူပို သိလာ တာဖြစ်ပါတယ်။

ပြည်တွင်းသောင်းကျန်းမှုများနှင့်သာ ရုန်းကန်လာရသော လွတ်လပ်ရေး - တင့်ဆွေ (ဖျာပုံ)

အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော် အောင်သော စစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ

MWD
မြဝတီ

အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သောစစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ

ယမန်နေ့မှအဆက်

ပြည်တွင်းရောင်စုံသူပုန်တို့ကို အတော်အသင့် ဦးနှိမ်ထားနိုင်သော အချိန်ရောက်လာ သောအခါ ပြည် ပကျူးကျော်သူ တရုတ်ဖြူတို့ကို ၁၉၅၃ ခုနှစ်မှစ၍ နဂါးနိုင်၊ ဘုရင့်နောင်၊ ရန်ကြီးအောင် စစ်ဆင်ရေး ဟူ၍ သုံးနှစ်ဆက်တိုက်ရှင်းလင်းလိုက်ရပြန်သည်။

ထိုအချိန်မှာ တပ်မဟာအလိုက်ဖွဲ့စည်းထားသော တပ်ရင်းများအပြင် တပ်ရင်းအဆင့် ရွှေ့ပြောင်းလှုပ် ရှား လွယ်ကူစွာ စစ်ဆင်နိုင်ရန် ခြေမြန်တပ်ရင်းများဖွဲ့ခဲ့ သောအခါ အမှတ် (၁၀၅) ခြေမြန်တပ်ရင်းကို ၁၉၅၅ ခုနှစ်တွင် ဖွဲ့စည်းသည်။

RSO နှင့် မူဂျာဟစ်ဒင် နောက်ခံသမိုင်း

ဧရာဝတီ
14 October 2016
ဆောင်းပါး

၁၉၆၁ ခုနှစ် "ရိုဟင်ဂျာ မူဂျာဟစ်"သူပုန်တဦး တပ်မတော်၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးထံ လက်နက်ချစဉ်

ရခိုင်ပြည်နယ် မောင်တော တိုက်ခိုက်ခံရမှုတွင် RSO (Rohingya Solidarity Organization) ဆို သောလက်နက် ကိုင်အဖွဲ့၏ အမည်က ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သို့သော် အစိုးရကမူ RSO ၏ လက်ချက်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပေ။

မူဂျာဟစ် ထကြွမှု (၁၉၄၈-၁၉၆၁) အကျဉ်း

မူဂျာဟစ် ထကြွမှု (၁၉၄၈-၁၉၆၁) အကျဉ်း



(တစ်) လွန်ခဲ့သော နှစ်ပေါင်း (၆၈) နှစ်ခန့် ၁၉၅၃-ခုနှစ်ထုတ် ရခိုင့်တန်ဆောင် မဂ္ဂဇင်း တွင် ထိုခေတ် မူဂျာဟစ် ကုလားဆိုးများ သောင်းကျန်းမှုကြောင့် ဘူးသီးတောင် နှင့် မောင်တောနယ်မှ ရခိုင်တိုင်းရင်း သားများ ခံစားနေကြရပုံကို တစ်ကွက်ကာတွန်းဖြင့် ဖော်ကျူးထားခဲ့သည်အား တွေ့နိုင်ပေသည်။

ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ လူမျိုးစုပေါ်လစီ

ISP MYANMAR
ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ လူမျိုးစုပေါ်လစီ
By Kyaw Win
In COVER STORIES, MYANMAR QUARTERLY
July 24, 2017

ကျော်ဝင်း ၁ 

နိဒါန်း

(အမျိုး၊ ဘာသာ၊ သာသနာမှ အမျိုးသားလွတ်လပ်ရေးသို့)

မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး သမိုင်းကြောင်းကို ပြန်ပြောကြသည့်အခါတိုင်း “နိုင်ငံရေး အစ ဝိုင်အမ်ဘီအေက” ဆိုသော ဆိုရိုးစကားတစ်ခုမှ အစပြုလေ့ ရှိကြပါသည်။ သို့နှင့်တိုင် ၁၉၀၆ ခုနှစ်က ထူထောင်ခဲ့သော “ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း” (ဝိုင်အမ်ဘီအေ)မှာ ပီပီသသနိုင်ငံရေး အဖွဲ့အစည်းတော့ မဟုတ်ခဲ့ပါ။ အသင်းကြီး၏ ရည်ရွယ်ချက် ကိုယ်တိုင်က “အမျိုး၊ ဘာသာ၊သာသနာ နှင့် ပညာရေးကို အားပေးဆောင်ရွက်ဖို့” ဖြစ်သည်။ သို့အတွက် “အမျိုးကိုချစ်ပါဘာသာကိုလေးစားပါ ၊ သာသနာကို ချီးမြင့်ပါ၊ ပညာကို အားပေးပါ” ဟု ကြွေးကြော်သံ ထုတ်ခဲ့ကြသည်။ တစ်နိုင်ငံလုံး ကျွန် ဘ၀ ကျရောက်နေသည်ဖြစ်၍ အများစု ဗမာလူမျိုးနှင့် သူတို့၏ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို ပညာနှင့် မြှင့်တင်နိုင်ရန် ဆော်သြလိုက်သည့် သဘောပင်ဖြစ်သည်။ တနည်းဆိုရလျှင် “အမျိုး၊ ဘာသာ၊ သာသ နာ”ဆိုသော ကြွေးကြော်သံဖြင့် ဗမာတမျိုးသားလုံးကို စည်းရုံးလှုံ့ဆော် လိုက်သည်ဖြစ်၍ “နိုင်ငံရေးအ စ ဝိုင်အမ်ဘီအေက”ဟု ရည်ညွန်းပြောဆိုခဲ့ကြခြင်း ဖြစ်နိုင်ပါသည်။

Tuesday, August 29, 2023

လမ်းစရှာမတွေ့နိုင်သေးတဲ့ ရိုဟင်ဂျာ အရေး

MoeMaKa
(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၃


ဒုက္ခသည် ၁သန်းကျော် အိမ်နီးချင်းနိုင်ငံမှာ နေထိုင်နေကြရတာ ၆ နှစ်ပြည့်လာပြီဖြစ်တဲ့ ရိုဟင်ဂျာအ ရေး ကိစ္စက လမ်းစရှာမတွေ့နိုင်သေးတဲ့ ဒေသတွင်းတွင်မက နိုင်ငံတကာ အထိပါ သက်ရောက်မှုရှိတဲ့ ဒုက္ခသည်ပြဿနာကြီး တရပ်ဖြစ်လာနေပါတယ်။ သောင်းဂဏန်း၊ သိန်းဂဏန်းလောက်ရှိတဲ့ဒုက္ခသည် ပြဿနာ မဟုတ်ပဲ လူဦးရေ သန်းဂဏန်းရှိတဲ့ ဒုက္ခသည်တွေ၆နှစ်ကြာသည်အထိအိမ်နီးချင်းဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ကျဥ်းကြပ်တဲ့ နေရာမှာ လူ ၁ သန်းလောက် ပြွတ်သိပ် နေထိုင်ကြရတာ၊အလုပ်လုပ်ကိုင် ခွင့်မရှိ၊ ကလေးသူငယ်တွေ ပုံမှန်ပညာသင်ကြားခွင့်မရှိ၊ ဘယ်အချိန်ဘယ်အခါမှာ မူလနေထိုင်ရာ နေ ရာကိုပြန်ခွင့်ရမလဲ ဆိုတာ မသိရှိကြရတဲ့ အနေအထားမှာ နေထိုင်နေကြရင်းစားနပ်ရိက္ခာအကူအညီ ကိုသာ မျှော်လင့်စားသောက် အသက်ရှင်နေကြရတဲ့ အနေအထားက လူသားတွေရဲ့ ဂုဏ်သိက္ခာဆိုင် ရာအထိ ထိခိုက်မှု ကြီးကြီးမားမားရှိနေသည့် အခြေအနေဟု ဆိုရမည် ဖြစ်သည်။

ရခိုင်မြောက်ပိုင်းတွင် ARSA နှင့် စစ်ကောင်စီတို့ ပူးပေါင်း သည် ဟု သတင်းထွက်ပေါ်နေသော်လည်း စိုးရိမ်စရာမရှိဟု ရခိုင့်နိုင်ငံရေးလေ့လာသူများ သုံးသပ်

Myanmar Pressphoto Agency
by MPA CJ012
30 Aug 2023 

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် စစ်ကောင်စီတပ်နှင့် အာရ ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တို့ ပူးပေါင်းကာ နယ်မြေ မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း စိုးရိမ်စရာမရှိကြောင်း ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူများက MPA သို့ ပြောသည်။

မြန်မာဆီ ရိုဟင်ဂျာများ ဆန္ဒအလျောက် နေရပ်ပြန်ရေး စတင်ရန် ဘင်္ဂလားဒေ့ရှ် ပြင်ဆင်

မဇျ္စိမ
By Xinhua
29 August 2023

နိုင်ငံရင်း ဖြစ်သည့် မြန်မာနိုင်ငံဆီ ကနဦး ဦးရေ ၁,၀၀၀ ခန့်ဖြင့် ရိုဟင်ဂျာများ ဘေးကင်းစွာ ဆန္ဒအ လျောက် နေရပ်ပြန်ရေး စတင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်ဆင်လျက်ရှိသည်ဟု အကြီးတန်းအစိုးရ တာဝန်ရှိသူတဦးက ပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည်များက ဖေ့ဘုတ်မိခင်ကုမ္ပဏီအား အိုင်ယာလန်တွင် တရားစွဲ

မဇျ္စိမ
By TNW
29 August 2023


ရာစုနှစ်၏ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုတခုဖြစ်သော ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ် မှုတွင် ပါဝင်မှုဖြင့် ဖေ့ဘုတ်၏ မိခင်ကုမ္ပဏီ နည်းပညာကုမ္ပဏီကြီး Meta ကို ရိုဟင်ဂျာဒုက္ခသည်များ က အိုင်ယာလန် တရားရုံးချုပ်တွင် တရားစွဲဆို အမှုတင်ထားသည်။

ပြီးခဲ့သည့် သောကြာနေ့ ဩဂုတ် ၂၅ ရက်သည် မြန်မာစစ်တပ်က မွတ်စလင်ရိုဟင်ဂျာ ၂၅,၀၀၀ကျော် ကို သတ်ဖြတ်ပြီး နောက်ထပ် ၇၀၀,၀၀၀ ကျော် နေရပ်စွန့်ထွက်ပြေးခဲ့ရသော တိုင်းရင်းသားလူမျိုးစု ရှင်းလင်းရေး စတင်ချိန်မှ ခြောက်နှစ်ပြည့်မြောက် ဖြစ်သည်။ ရိုဟင်ဂျာ အများစုသည် အိမ်နီးချင်းဘင်္ဂ လားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ကြကာ တော်တော်များများက နေထိုင်လျက် ရှိဆဲဖြစ်၍ ကမ္ဘာ့အ ကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်နေသည်။

နိုင်ငံတကာအကူအညီနဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး NUG သတင်းစာရှင်းလင်း

RFA
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.08.29 

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ ဒေါနစစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့စဉ်။ ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်
 
ဩဂုတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒု ဝန် ကြီး ဦးမိုးဇော်ဦးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ တက်ရောက်ခဲ့ပါတယ်။

ရှစ်လအတွင်း ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ ရိုဟင်ဂျာ ၄ဝ ကျော်သတ်ဖြတ်ခံရ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.08.29

လူမျိုးတုံး သတ်ဖြတ်ခံရမှု တစ်နှစ်ပြည့်အဖြစ် ကျင်းပသည့် ဆုတောင်းပွဲတက်ရောက်လာသည့် ရိုဟင်ဂျာကလေးငယ်များအား ၂ဝ၁၈ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ AFP

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ အခုဩဂုတ်လကုန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားကရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အသက် ၁၈ နှစ်အောက် ယောကျ်ားလေးနှစ်ဦးနဲ့ မိန်းကလေးတစ်ဦး အပါအ ဝင် ရိုဟင်ဂျာ ၄၃ ဦးကို လက်နက်ကိုင်အဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို့ စခန်းအတွင်း နေထိုင်နေ သူ တွေက ပြောပါတယ်။

နဝတ/နအဖအစိုးရခေတ်

ISP Peace Desk
(September 18, 1988)

သမိုင်းအတွေ့အကြုံ

၁၉၈၈ ဇွန်လအတွင်း နိုင်ငံတဝန်း ဆန္ဒပြမှုများပေါ်ပေါက် လာခဲ့ပြီး ဇူလိုင် ၂၃ ရက်၌ ပြုလုပ်ခဲ့သည့် ဗမာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ(BBSP)၏ အရေးပေါ်ပါတီညီလာခံ၌ ပါတီဥက္ကဋ္ဌဦးနေဝင်းနှင့် သမ္မတ   ဦးစန်းယုတို့သည် ရာ ထူးမှ အသီးသီး နုတ်ထွက်ခဲ့ကြသည်ယင်းနောက်သမ္မတ နှင့် ပါတီဥက္ကဋ္ဌနေရာ ဆက်ခံသူအဖြစ် ဦးစိန်လွင်ကို ခန့် အပ်ခဲ့သည်။

၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ရန်ကုန်မြို့တော်ခန်း မ ရှေ့၌ လူထောင်ပေါင်းများစွာ ပါဝင်သည့် ဆန္ဒ ပြပွဲကြီး ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲများသည် မြန်မာနိုင်ငံတဝန်း ဖြစ် ပွားခဲ့သည်။အဆိုပါဆန္ဒပြမှုများကိုတပ် မတော်က ပစ် ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် ရာနှင့်ချီ သေဆုံးခဲ့သည်။

ယင်းနောက် သြဂုတ် ၁၃ ရက်၌ သမ္မတရာထူးမှ ဦးစိန် လွင် နုတ်ထွက်ကြောင်း မြန်မာ့အသံမှကြေညာ ခဲ့ပြီး ဒေါက်တာမောင်မောင်ကို သမ္မတသစ်အဖြစ် ခန့်အပ်ခဲ့ ကာ ရန်ကုန်မြို့တွင် ချထားသည့်တပ်များ ကိုလည်း ရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ပြည်သူလူထု၏ ဆန္ဒ ပြမှုမှာ ရပ်တန့်မသွားခဲ့ဘဲ ဆက်တိုက် ဖြစ် ပေါ်နေခဲ့ပြီး အစိုးရအုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းနေသည့် အတွက် အကြမ်းဖက်မှုများလည်း ပေါ် ပေါက်လာခဲ့သည်။

ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်

ISP Peace Desk
(January 3, 1974)

သမိုင်းအတွေ့အကြုံ

တော်လှန်ရေးကောင်စီအစိုးရသည် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ရေးဆွဲသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေသစ်ကို ၁၉၇၄ ဇန်နဝါရီ ၃ ရက်၌ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပကာအတည် ပြုခဲ့သည်။

Meta ကုမ္ပဏီကို အိုင်ယာလန်နိုင်ငံမှာ ရိုဟင်ဂျာတွေ တရား စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဩဂုတ်၊ ၂၀၂၃ 

Meta Logo
 

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတွေမှာ Facebook လူမှုကွန်ယက်က တဆင့် အဓိက သွေးထိုးမှု တွေ ရှိခဲ့တယ်ဆိုပြီး Facebook ရဲ့ ပင်မ ကုမ္ပဏီ Meta ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက အိုင်ယာလန် နိုင်ငံမှာ တရားစွဲဆိုလိုက်ပါတယ်။ Meta ကုမ္ပဏီ ဌာနချုပ်ခွဲ တည်ထောင်ထားတဲ့ အိုင်ယာလန် နိုင်ငံ Dublin မြို့ အခြေစိုက် ဥပဒေ အကျိုးဆောင်ရုံး နှစ်ခုက ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည် ၁၇ ယောက်ရဲ့ ကိုယ်စား Meta ကုမ္ပဏီကို ပြီးခဲ့တဲ့ သတင်းပတ်မှာ တရားစွဲဆိုထားတာပါ။

Monday, August 28, 2023

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တုံ့ပြန်ချက်များအပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တုံ့ပြန် ချက်များအပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

ရခိုင်ပြည်နယ်တွင် ၂၅-၈-၂၀၁၇ ရက်တွင် ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်းအချို့နှင့် နိုင်ငံအချို့က နှစ်ပတ်လည်အထိမ်း အမှတ်အဖြစ် ကြေညာချက်များထုတ်ပြန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွေ့ရှိရသည်။ ယင်း ကြေညာချက်များ၌ ပါရှိသည့် အချက်အလက်များသည် မှန်ကုန်မှု မရှိ၊ တိကျမှု မရှိကြောင်း တွေ့ရပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း၊ ဘက်လိုက် မှုရှိခြင်း၊ တစ်ဖက်သတ်ဆန်ခြင်း တွေ့ရ သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */