မိုးမခ
မတ် ၂၃၊ ၂၀၂၃
၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဦးရေ ၁ ထောင်ဝန်းကျင်ကို ပထမဆုံးအကြိမ်ပြန်လက်ခံဖို့ စစ်ကောင်စီက ခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဝန်ကြီးအဆင့်ဦးဆောင် ပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထိ သွားရောက်ကာ ပြန်လာဖို့ စာရင်းပေးသွင်းထားသူတွေကို သွားရောက် တွေ့ ဆုံမေးမြန်းခဲ့တာတွေ ရှိခဲ့ပြီး မကြာခင်ရက်ပိုင်းမှာ စာရင်းပေးသွင်းထားသူ အချို့ပြန်လာကြမယ့် သဘောမျိုးမြင် တွေ့နေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်ခြင်း သုံးနှုန်းခြင်း မပြုသလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲ ပြန်လာတဲ့အခါမှာလည်း နကိုနေထိုင်ခဲ့တဲ့ ဒေသ၊ ကျေးရွာမှာ ပြန်နေထိုင် လုပ်ကိုင်စားသောက်ခွင့် ရ/ မရ တိတိကျကျ မသိကြရပါဘူး။ NLD အစိုးရ လက်ထက်ကတည်းက ပြန်လည်လက် ခံ ရေး စခန်းတွေ ဆောက်လုပ်ထားပြီး အဆိုပါ စခန်းတွေမှာ လအနည်းငယ် နေထိုင်ရမယ်လို့ စစ်အာဏာမသိမ်း မီ အန်အယ်လ်ဒီလက်ထက် ကြိုးစားခဲ့တဲ့ ပြန်လည်လက်ခံရေး အစီအစဥ်တွေမှာ ဖေါ်ပြခဲ့ဖူးတာ ဖြစ်ပါတယ်။


















