Friday, March 24, 2023

နေရပ်ပြန်လိုသည့် ရိုဟင်ဂျာများ လုံခြုံရေးအာမခံချက် တောင်းဆို

Myanmar Now
Published on Mar 24, 2023
ပိုးဥ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများက နေရပ်ရင်းတွင် နေထိုင်လိုသည်၊ လုံခြုံရေး၊ အသိအမှတ်ပြုရေး၊ တန်းတူအခွင့်အရေးများ ရလိုသည်ဟု စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောပြခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ကူတူပါလောင်ဒုက္ခသည်စခန်းကို ၂၀၁၇ နိုဝင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ED JONES/AFP via Getty Images)


ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာများက နေရပ်ပြန်ရေးအတွက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီကိုယ် စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြန်ရောက်လျှင် အသက်အန္တရာယ်လုံခြုံမှုအတွက် အာမခံချက်ပေးရေး အပါအဝင် အချက် ၄ ချက် တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦး ဦးဆောင်သော ၁၇ ဦးပါ အဖွဲ့နှင့် တက္ကနာမြို့ (Taknaf) တွင် မတ် ၁၅ မှစ၍ ရက်သတ္တပတ် တစ်ပတ်ကြာ တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခြင်း ဖြစ်သည်ဟု ဆို သည်။

ရိုဟင်ဂျာ၊ ဝီဂါမွတ်ဆလင်တွေနဲ့အတူ ရပ်တည်ကြောင်း ရာမာဒန် ဥပုသ်လမှာ သမ္မတဘိုင်ဒန်ပြောကြား

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၃ မတ် ၂၀၂၃

အမေရိကန်သမ္မတအိမ်ဖြူတော်မှာကျင်းပတဲ့ အမျိုးသမီးသမိုင်း ဂုဏ်ပြုလ (women's history month) အခမ်းအနားအတွင်းတွေ့ရတဲ့ သမ္မတဂျိုးဘိုင်ဒန် (မတ် ၂၃၊ ၂၀၂၃)

ဖိနှိပ်မှုဒဏ်ခံနေရတဲ့ တရုတ်နိုင်ငံက ဝီဂါ (Uyghur) မွတ်ဆလင်တွေ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေနဲ့ အတူ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲဘက်တွေ သွေးစည်းညီညွတ်စွာ ရပ်တည်နေတဲ့အကြောင်း သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော်ဂျေးလ်ဘိုင်ဒန်တို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်စတင်တဲ့ အထိမ်း အမှတ်အဖြစ် မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

Bangladesh seeks unity, concerted efforts from int’l community to resolve Rohingya crisis

Dhaka Tribune
UNB
Published: March 22, 2023 

Dhaka Tribune
 
 
Foreign Minister Dr AK Abdul Momen has underscored the urgent need for unity and concerted efforts from the international community to resolve the Rohingya crisis, in the true spirit of responsibility and burden sharing.

He urged the UN Secretary General's Special Envoy on Myanmar, Noeleen Heyzer, to enhance her engagements with Myanmar authorities as well as other stakeholders to improve the conditions in Rakhine so that the Rohingyas can return to their homes without delay.

UN must resist Myanmar junta’s plan for Rohingya refugees

The Frontier Post
Dr. Azeem Ibrahim
2023,March 23,
 
The refugee crisis in Bangladesh, caused by the genocide in Myanmar, has been acute for many years. Hundreds of thousands of displaced people, most of them with nothing but themselves, are confined to 34 refugee camps in Cox’s Bazar. They are poor, they are often hungry and malnourished, and crime and violent misery thrive among them. Most have been there for almost six years, since the 2017 expulsion of the Rohingya from their homes and villages in Rakhine State by the Myanmar military. Their problem is a long-standing one, complicated by the 2021 coup in Myanmar and the multifaceted civil war that has been fought there ever since.
 

Myanmar visit to Bangladesh's Rohingya camps leaves doubts, fears

NIKKEI Asia
FAISAL MAHMUD, Contributing writer
March 23, 2023
 

 

Repatriation outlook 'very vague' after delegation verifies 429 of about 1m refugees

Rohingya refugees in Cox's Bazar after a fire in 2021: Efforts to arrange repatriation from Bangladesh to Myanmar appear to be going nowhere. © Reuters

COX'S BAZAR, Bangladesh -- A weeklong visit by a delegation from Myanmar to Bangladesh's Rohingya refugee camps ended Wednesday with verification and registration of a few hundred people, inconclusive bilateral talks with Bangladeshi officials, and crucial unanswered questions about repatriation.

Rohingya campaigners condemn Myanmar’s ‘opaque’ repatriation plan

Aljazeera
By Al Jazeera Staff
Published On 23 Mar 202323 Mar 2023

Rights campaigners call the ruling military’s pilot project to repatriate the persecuted ethnic Muslim minority a ‘PR campaign’. 

Nearly 800,000 Rohingya fled their homeland in Myanmar in 2017 after a brutal military crackdown [File: Showkat Shafi/Al Jazeera]
 
The Myanmar military’s “pilot project” to repatriate about 1,000 Rohingya refugees from Bangladesh has been met with scepticism, with rights campaigners calling it a “PR campaign”.

Last week, a delegation from Myanmar visited the world’s largest refugee camp in Bangladesh’s Cox’s Bazar district – home to more than 1 million Rohingya – to interview potential candidates for their return as early as next month.

Thursday, March 23, 2023

ALP ပါတီကနေ ထုတ်ပယ်ခံရတဲ့ စောမြရာဇာလင်းနဲ့ VOM ဆက်သွယ်မေးမြန်းချက်

VOM
မတ်၂၂-၂၀၂၃
SW(VOM) 


မေး VOM : လတ်တလော ALP ပါတီတွင်းမှာ ဆရာမကို ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြား ရတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို သိလိုပါတယ်။

ဖြေ – စောမြရာဇာလင်း (ALP) : ကျွန်မကို ထုတ်ပယ်လို့မရပါဘူး။ ကျွန်မကို ထုတ်ပယ်စရာလည်း မလိုပါဘူး။ ကျွန်မက သူတို့ကို ထားခဲ့ပြီးပြီ။ လမ်းစဉ်မတူဘူး။ မတူတဲ့အတွက် ကျွန်မကိုယ့်လမ်းစဉ်ကိုယ် သေချာလျှောက်ဖို့ လိုတယ်။ ကျွန်မနဲ့ ဝါသနာတူတဲ့လူ၊ သဘောထားတိုက်ဆိုင်တဲ့လူတွေနဲ့ သွားဖို့ရာအတွက် ကျွန်မတို့ ပါတီတွင်းမှာ (၄) ကြိမ်တိုင်တိုင် တိုင်ပင်ပြီးတော့မှ ပါတီအသစ်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပါတီကနေ (၆) လနဲ့အထက် ကင်းကွာနေတဲ့လူတွေကို ကျွန်မတို့ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခိုင်ပေါ်လင်း အဖမ်းခံရပြီး နောက်ပိုင်းမှာ ဒီပုဂ္ဂိုလ်တွေဟာ ပါတီတည်နေရာ၊ တပ်တည်နေရာ၊ ထဲက ထွက်ပြေးသွားကြတဲ့လူတွေဖြစ်တယ်။ ဒီလူတွေက ပါတီနဲ့ တပ်မတော်အတွက် အလုပ်မလုပ်ဘူး။ ဒီလူတွေက အဝေးကနေ အမိန့်ပေးနေလို့လည်း မရပါဘူး။ အဲဒါ ကြောင့် လုပ်ဆောင်နိုင်စွမ်းရှိတဲ့၊ အရည်အချင်းရှိတဲ့ ပါတီပေါ်မှာ သံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ကျမတို့က ဖွဲ့ စည်းမှုကို လုပ်လိုက်ရတာဖြစ်တယ်ဆိုတာကို အရင်ဆုံးပြောချင်ပါတယ်။

ဒေါ်စောမြရာဇာလင်း ခေါင်းဆောင်ပြီး ALP ပါတီ ပြန်ဖွဲ့ စည်းမှု တရားမဝင်ဟု ALP ကြေညာ

DVB
21 March, 2023 


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ ဒု-ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒေါ်စောမြရာဇာလင်းဟာ ပါတီဥက္ကဋ္ဌ အ ဖြစ် ခံယူပြီး ဗဟိုကော်မတီအသစ်တွေနဲ့ ALP ပါတီကို အသစ်ပြန် ဖွဲ့စည်းတာနဲ့ပတ်သက်လို့ လက်မခံကြောင်း ALP ပါတီအတွင်းရေးမှူး ဦးခိုင်ကျော်ခိုင်က မတ်လ ၂၀ ရက်မှာ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။

ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း၊ ပါတီနဲ့ လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အနာဂတ်

RFA
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2023.03.21

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဆွေးနွေးပွဲတစ်ခု ကျင်းပစဉ်။ALP/Facebook
 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်လို့ ALP ပါတီအတွင်း အပြန်အလှန်စာတွေ ထုတ်ပြန်နေပါတယ်။

ထုတ်ပြန်စာတွေဟာ ALP ပါတီရဲ့ letterhead ခေါင်းစီးတွေ အသုံးပြုထားတာဖြစ်ပါတယ်။

ဒေါ်စောမြရာဇာလင်းဟာ သူ့သဘောနဲ့သူ ပါတီကို ပြန်လည်ဖွဲ့စည်းတာလို့ ပါတီအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ပြန်လည်ဖွဲ့စည်း လိုက်ကြောင်းစောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန် ယူထားသည့် ALP ဗဟိုကော်မတီ ကြေညာ

ELEVEN MEDIA
21 March 2023



ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ရည်ရွယ်ချက်တူသူများနှင့် ခရီးဆက်နိုင်ရန် ပြန်လည်ဖွဲ့စည်းလိုက် ကြောင်း စောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူထားသည့် ALP ဗဟိုကော်မတီက ထုတ်ပြန်ကြေညာ ခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (ALP) လက်မှတ်ထိုးပြီးချိန်မှစ၍ ပါတီခေါင်းဆောင်ပိုင်းအချို့အကြား အမြင်မတူမှုများ သိသိ သာသာတိုးပွားလာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဝမ်းနည်းဖွယ်ရာ ဖြစ်ပေါ်လာ ခဲ့ပြီး မမျှော်လင့်ဘဲ ပါတီမှာ အသွင်နှစ်မျိုးဖြစ်လာခဲ့ကြောင်း ALP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီတွင်း အကွဲအပြဲ

VOA
ဉာဏ်ဝင်းအောင်
၂၂ မတ်၊ ၂၀၂၃
ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း။ (ယခင် မှတ်တမ်းရုပ်ပုံ)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ALP ရဲ့ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို ပါတီစည်း မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ALP ပါတီက မနေ့က ထုတ်ပြန်ထားပါတယ်။ စောမြရာဇာလင်းဘက်ကတော့ ပါတီနဲ့လမ်းစဉ်နဲ့မကိုက်ညီတာကြောင့် သူကိုယ်တိုင်ပါတီအသစ်ဖွဲ့လိုက်ပြီလို့ပြော ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ALP က ဒေါ်စောမြရာဇာလင်းကို တာဝန်ကနေ ရပ်စဲမှုလက် မခံဟု ပြော

CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၉

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ကျင်းပသည့် လက်နက်ကိုင်အဖွဲ့များညီလာခံမှာ တွေ့ရစဉ် 
 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တရားရေးဌာနအမည်ကို သုံးစွဲ၍ ပါတီတည်နေရာ၊ တပ်တည်နေရာမှ ထွက်ပြေးနေသည့် အသျှင်ပညာသာမိက ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို နိုင်ငံဆွေးနွေးရေးကော်မတီ ခေါင်းဆောင် တာဝန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ရှိ တာဝန်များကနေ ရပ်စဲကြောင်း စာပို့ လာခြင်းသည် လုံးဝတရားမဝင်သည့်အတွက် လက်မခံကြောင်း ALP ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

ဗဟိုကော်မတီ၏ အဆိုပြုချက်အရ ဥက္ကဋ္ဌရာထူးကို လက်ခံ ခြင်းဟု ဒေါ်စောမြရာဇာလင်း ပြော

CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

ဒေါ်စောမြရာဇာလင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဥက္ကဋ္ဌရာထူးကို လက်ခံခြင်းမှာ ဗဟိုကော်မတီ၏ အဆိုပြုချက်အရ လက်ခံခြင်းဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

သစ်လွင်သည့် နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး ၆ လအကြာကတည်းက ၎င်းကို ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် တိုက်တွန်းမှုများ ရှိနေကြောင်း၊ ယခုကဲ့သို့ အကျပ်အတည်းကာလမှာ တပ်မှူးများနှင့် တိုင်ပင်ခဲ့ကြောင်း ၎င်းက ပြောသည်။

Daw Saw Mya Yazar Lin takes helm of ALP

CNI News
21 Mar 2023
English Section

ALP ပါတီနှင့် ဒေါ်စောမြရာဇာလင်း လုံးဝသက်ဆိုင်မှုမရှိ ကြောင်း ထုတ်ပြန်

ARAKAN NEWS
Myo Myart Zaw Hein
March 21, 2023

 
 ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၌ ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒေါ်စောမြရာဇာလင်းသည် ပါတီ ဥက္ကဋ္ဌ အဖြစ်ခံယူကာ ဗဟိုကော်မတီ အသစ်များဖြင့် ALP ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းခြင်းကို လက် မခံကြောင်း၊ ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း၊ ပါတီနှင့် လုံးဝသက် ဆိုင်မှုမရှိကြောင်း ALP ပါတီ၏ အတွင်းရေးမှုး ဦးခိုင်ကျော်ခိုင် က ပြောသည်။

ALP အကွဲအပြဲ ဘယ်ကိုဦးတည်နေသလဲ

ဧရာဝတီ
22 March 2023 

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ခေါင်းဆောင်တို့ ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အတွင်းက အကွဲအပြဲ ဇာတ်လမ်းမှာ ပို၍ ကြီးထွားလာခဲ့သည်။

ALP ပါတီတွင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ၊ ညှိနှိုင်းမရမှုများ ဖြစ်ပေါ်နေချိန်အတွင်းမှာပင် မတ်လ ၂၀ ရက် မနက်ပိုင်းက ALP ၏ စည်းရုံးရေးနှင့် သတင်းပြန်ကြားရေး Facebook စာမျက်နှာတွင် ပါတီ ပြန်လည် ဖွဲ့စည်း ကြောင်း ထုတ်ပြန်ချက်တခု ဖော်ပြလာခဲ့သည်။

အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ALP ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်းက တာဝန်ယူထားပြီးအကြံ ပေး အဖွဲ့ဝင် ၂ ဦး၊ အဓိပတိ ကော်မတီအဖွဲ့ဝင် ၃ ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် ၄ ဦး၊ ဗဟိုကော်မတီဝင်များနှင့် အရံ ဗဟိုကော် မတီဝင်အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၈ ဦးဖြင့် ပြန်လည် ဖွဲ့စည်းထားသည်။

Wednesday, March 22, 2023

On the road to repatriation

Dhaka Tribune

Tribune Editorial
Updated: March 15, 2023 

Mahmud Hossain Opu


It has been nearly six years since the mass exodus of Rohingya refugees from Rakhine State; hundreds of thousands of the Rohingya had to flee their homes in the wake of the Myanmar army's brutal attempt at genocide -- with them eventually finding solace and shelter within the borders of Bangladesh.

Since then, Bangladesh has continued to display the highest levels of compassion and humanity, sheltering the now well over million Rohingya refugees, at great cost to its own resources. Nevertheless, while we have continued to do our duty, the long-term solution has always been one and one only -- the safe and dignified repatriation of the Rohingya refugees.

Myanmar delegation returns home after verifying info of 500 Rohingyas in Cox’s Bazar

Dhaka Tribune
Tribune Desk
Published: March 22, 2023 

Bangla Tribune

A delegation from Myanmar has returned home after verifying the information of about 500 Rohingyas who are in the process of repatriation in the refugee camps of Cox's Bazar.

The delegation left Bangladesh on a trawler through the Teknaf-Myanmar transit jetty at Jaliapara of Teknaf at around 10am on Wednesday.

The delegation comprising 17 members arrived in Bangladesh on March 15.

Myanmar team returns sans reaching agreement

dailyobserver
Published : Thursday, 23 March, 2023
Diplomatic Correspondent

The delegation from the Myanmar Immigration Department returned to Myanmar on Wednesday without reaching any agreement on the Rohingya repatriation agenda.

"They returned to Myanmar via Jaliapara Jetty Ghat in Teknaf, Cox's Bazar, around 10.30am on Wednesday. The Myanmar delegation has collected details of 499 Rohingyas from 149 families during their visit. They met with the enlisted Rohingyas at Teknaf Shal Port and recorded their statements," Refugee, Relief and Repatriation Commission (RRRC) officials said.

FM calls to resolve Rohingya crisis in true spirit of burden sharing

dailyobserver

Published : Wednesday, 22 March, 2023

Foreign Minister Dr AK Abdul Momen at a bilateral meeting with UN Secretary General's Special Envoy on Myanmar Noeleen Heyzer held on Tuesday at the Permanent Mission of Bangladesh to the UN in New York
 C

 Foreign Minister Dr AK Abdul Momen has underscored the need for unity and concerted efforts of the international community to resolve the Rohingya crisis in all its dimensions, in the true spirit of responsibility and burden sharing.

He made the suggestion at a bilateral meeting with UN Secretary General's Special Envoy on Myanmar Noeleen Heyzer held on Tuesday at the Permanent Mission of Bangladesh to the UN in New York, according to a press release received in Dhaka on Wednesday (March 22, 2023).
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */