ဧရာဝတီ
22 March 2023
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ခေါင်းဆောင်တို့ ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အတွင်းက အကွဲအပြဲ ဇာတ်လမ်းမှာ ပို၍ ကြီးထွားလာခဲ့သည်။
ALP
ပါတီတွင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ၊ ညှိနှိုင်းမရမှုများ
ဖြစ်ပေါ်နေချိန်အတွင်းမှာပင် မတ်လ ၂၀ ရက် မနက်ပိုင်းက ALP ၏
စည်းရုံးရေးနှင့် သတင်းပြန်ကြားရေး Facebook စာမျက်နှာတွင် ပါတီ ပြန်လည်
ဖွဲ့စည်း ကြောင်း ထုတ်ပြန်ချက်တခု ဖော်ပြလာခဲ့သည်။
အသစ်ပြန်လည်
ဖွဲ့စည်းလိုက်သည့် ALP ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်းက
တာဝန်ယူထားပြီးအကြံ ပေး အဖွဲ့ဝင် ၂ ဦး၊ အဓိပတိ ကော်မတီအဖွဲ့ဝင် ၃ ဦး၊
အတွင်းရေးမှူးအဖွဲ့ဝင် ၄ ဦး၊ ဗဟိုကော်မတီဝင်များနှင့် အရံ ဗဟိုကော်
မတီဝင်အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၈ ဦးဖြင့် ပြန်လည် ဖွဲ့စည်းထားသည်။













