Sunday, October 23, 2022

မြန်မာဘက်က လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ထပ်ကျ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၃ အောက်တိုဘာ ၂၀၂၂

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကိုကာရံထားသည့် ခြံစည်းရိုးနားတွင် လုံ ခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဘင်္ဂလား‌ဒေ့ရှ်ဘက်ရှိ Bandarban ခရိုင်အတွင်းကို လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် မိသားစု ၃၀ လောက်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

ကျည်တွေက Dochari နဲ့ Ghumdhum ဒေသတွေမှာ စနေနေ့က ကျရောက်ခဲ့တာကြောင့် အခုလို ထွက်ပြေးကြရတာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက် NEWS AGE အင်တာနက်သတင်းဌာနက ပြောပါတယ်။ စနေနေ့ မွန်းလွဲပိုင်း ၁ နာရီ ကနေ ၆ နာရီခွဲအထိ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သတင်းက ဆိုပါတယ်။ ရခိုင့်တပ်တော် AA အဖွဲ့နဲ့ မြန်မာ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

မောင်တောမြို့နယ်ရှိ RSO ရိုဟင်ဂျာစခန်း ၁ ခုကို အေအေသိမ်းပိုက်

DVB
2022-10-23

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အစွန် ဗန္ဓုလကျေးရွာအနီးရှိ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ RSO စခန်းတခုကို အောက်တိုဘာ ၂၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ရက္ခိုင်တပ်တော် (အေအေ)က သိမ်းပိုက်လိုက်တယ်လို့ ဒေ သခံတွေထံက သိရပါတယ်။

ရွာသားတွေက နွားတွေပျောက်လို့ တိုင်ကြားရာကနေ တောနင်းရှာဖွေရာမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ရဲ့ စခန်း တခုကိုတွေ့ရှိပြီး သိမ်းပိုက်လိုက်တာလို့ ဗန္ဓုလကျေးရွာသားတယောက်က ပြောပါတယ်။
                                                                               

RSO နှင့် AA တိုက်ပွဲ သတင်း

 အောက်တိုဘာ ၂၃ ၊ ၂၀၂၂

မောင်တောမြောက်ပိုင်းတွင် AAနှင့် RSO တိုက်ပွဲဖြစ်

လူထုနွေဦး

၂၀၂၂ အောက်တိုဘာလ ၂၃ ရက်

မောင်တောမြို့နယ် မြောက်ဘက်စွန်းမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မိုင် ၄၀ နဲ့ ၆၄ အကွာမှာရှိတဲ့ RSO စခန်းတချို့ကို AA က သိမ်းယူထားတယ်လို့ ကြားသိရပါတယ်။
Photo: Mayyu TV News
ရခိုင်ပြည်နယ် မောင်တောမြို့နယ်
A Rakhine resident said that on October 23, clashes broke out between the Rakhine Army (AA) and the Rohingya Solidarity Organization (RSO) in the north.။

မောင်တောမြို့နယ် မြောက်ဘက်စွန်းမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မိုင် ၄၀ နဲ့ ၆၄ အကွာမှာရှိတဲ့ RSO စခန်းတချို့ကို AA က သိမ်းယူထားတယ်လို့ ကြားသိရပါတယ်။

RSO သည် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒေသတွင်းတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

Saturday, October 22, 2022

ရပ်ကွက်က တိုင်ကြားသဖြင့် နေရပ်ပြောင်းရွှေ့လာသည့် ရိုဟင်ဂျာ ၁၀၀ ကျော် ရန်ကုန်တွင် ဖမ်းဆီးခံရ

လူငယ့်ခေတ်
အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း ၊ ဒဂုံမြိုသစ်အရှေ့ပိုင်း၊ အမှတ် ၁၀ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် တည်းခိုနေသည့် ရိုဟင်ဂျာအမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ၁၂၁ ဦးကို အောက်တိုဘာ၂၀ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးစဥ် သေနတ်ဖြင့် ပစ်ခတ်သံများကြားရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက
လူငယ့်ခေတ် သတင်းဌာနကိုပြောသည်။

“ ၂၀ ရက် ညပိုင်းက စစ်ကားတွေနဲ့ အိမ်တစ်အိမ်ကိုဝင်ဖမ်းတာ။ သေနတ်သံတွေလည်းကြားရတယ်။ ခြိမ်း ခြောက်တာလား၊ တည့်တည့်ပစ်တာလားဆိုတာတော့ ကျွန် တော်တို့ မသိဘူး။ ၂၁ ရက် နေ့လယ်ပိုင်းလောက်က စစ်တပ်က ဝါဒဖြန့်ချိတဲ့ မီဒီယာတွေမှာတက်လာမှ ရိုဟင်ဂျာတွေအဖမ်းခံရတယ်ဆိုတာ သိတာ” ဟု ၎င်းကဆိုသည်။                                                                   

ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို တပ်အမည်ပေါက် သိမ်းယူ

Myanmar Now
စထွန်းအောင်
October 22, 2022 

၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှု များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရိုဟင်ဂျာမိသားစုများကို ၎င်းတို့၏မီးလောင်နေသောရွာ နောက်ခံပြုလျက် တွေ့ရစဉ်။ (ဓာတ်ပုံ​ - K.M. Asad/AFP via Getty Image) 

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော မြေလှန်မီးရှို့ စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှသိန်းနှင့် ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ အသက်လု ထွက်ပြေးခဲ့ရသည်မှာ ပြီးခဲ့သည့်လပိုင်းတွင် ငါးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို တပ်အမည်ပေါက် သိမ်းယူ

MYANMAR NOW
စထွန်းအောင်
Published on Oct 22, 2022
၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှု များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရိုဟင်ဂျာမိသားစုများကို ၎င်းတို့၏မီးလောင်နေသောရွာ နောက်ခံပြုလျက် တွေ့ရစဉ်။ (ဓာတ်ပုံ​ - K.M. Asad/AFP via Getty Image) 

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော မြေလှန်မီးရှို့ စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သိန်း နှင့် ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ အသက်လု ထွက်ပြေးခဲ့ရသည်မှာ ပြီးခဲ့သည့်လပိုင်း တွင် ငါးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

နိုင်ငံမဲ့ဘဝဖြင့် ဒုက္ခသည်စခန်းများတွင် နေထိုင်ရင်း လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများဆုံး ရှုံး ကာ အနာဂတ်မရေမရာဖြစ်နေသည့် ရိုဟင်ဂျာများအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ၎င်းတို့ပိုင် မြေယာများ ‘တပ်ပိုင်မြေ’ အဖြစ် သိမ်းယူခံလိုက်ရခြင်းပင်ဖြစ်သည်။

Friday, October 21, 2022

Myanmar military authority informed Beijing they are willing to take back Rohingyas after verification- Bangladesh Foreign Minister

News On AIR
ByAIR News
October 21, 2022
Bangladesh Foreign Minister Dr. A K Abdul Momen has said that Myanmar military authorities informed Beijing that they are willing to take back the displaced Rohingyas after verification, reports the official news agency BSS. Briefing the media about the outcome of the meeting with the Chinese Ambassador Li Jiming in Dhaka on Thursday, Dr. Momen said that Myanmar’s military government has conveyed that they would honour all the previous deals signed between Dhaka and Naypyidaw to commence Rohingya repatriation. However, Myanmar did not mention any specific date for the process to start. He said that China has assured Bangladesh that it will continue its efforts to resolve the Rohingya crisis.

Bangladesh urges UN to highlight Myanmar’s crimes against Rohingyas

Dhaka Tribune 

Tribune Desk
October 21, 2022
Facebook/Kazi Nabil Ahmed

Bangladesh has requested the United Nations (UN) Department of Global Communications (DGC) to play a strong role in raising awareness about Myanmar's brutal crimes against Rohingya.

Kazi Nabil, a member of the Parliamentary Standing Committee on the Ministry of Foreign Affairs, highlighted Bangladesh’s position at the United Nations Conference Room 4 on Friday.

Speaking on the Rohingya issue, he said: "I request the United Nations DGC to play a strong role in raising awareness about the brutal crimes committed against the Rohingya in Myanmar.

4 held over Rohingya man’s murder in Ukhiya camp

Dhaka Tribune 

Abdul Aziz, Cox's Bazar
October 21, 2022 
Rohingyas walk on a road at a refugee camp in Cox's Bazar, Bangladesh, on Wednesday, August 11, 2021 Allison Joyce/Dhaka Tribune

Armed Police Battalion (APBn) on Friday arrested four people in connection with the murder of a Rohingya man in Tajnimarkhola camp in Ukhiya upazila of Cox's Bazar.

The arrested are- Zahid Hossain of camp-13, Mohammad Yasin of camp-15, Noor Alam of camp-19, Mohammad Gani of camp-13, Assistant Superintendent of Police of APBn-8 Faruq Ahmed said.

Rohingya refugees in Bangladesh face backlash as resentment among locals grows

South China Morning Post
October 21, 2022

Rohingya refugees face increasing backlash in Bangladesh, where many live in exile after fleeing persecution in Myanmar in 2017. Since then, public opinion has turned against the stateless Muslim people from Rakhine state in Myanmar’s northwest. During a speech at the United Nations General Assembly on September 23, 2022, Bangladesh Prime Minister Sheikh Hasina said her country risked socio-political instability because of the prolonged presence of Rohingya refugees.


Link : Here

Using Soccer to Spread the Word About the Plight of the Rohingya

FP
OCTOBER 21, 2022

A team of Rohingya refugees forms a soccer club in Australia and becomes a beacon of hope.

Robi Alam is a Rohingya refugee. His family fled violence and persecution in Myanmar. A decade later, Alam was born in a refugee camp in Bangladesh. Life was hard in the camps, and Alam and his friends would wrap rubber bands around a wad of plastic bags and play soccer until the ball fell apart. When Alam was 10, his family emigrated to Australia, where many people have never even heard of the plight of the Rohingya. To help ease their transition, Alam and some of his fellow Rohingya started playing soccer again, informally at first in nearby parks. But their passion grew, and they formed an official club. They call themselves Rohingya United, and their goal is to raise awareness of the Rohingya issue. Now, there are Rohingya soccer teams scattered across Australia as well as in Canada, the United States, and other countries.

ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာက သဘောတူဟု ဘင်္ဂလားဒေ့ရှ် ပြော

မဇ္စျိမ 

By Anadolu Agency
21 October 2022

မြန်မာသည် ၂၀၁၇ နိုဝင်ဘာလက လက်မှတ်ထိုးထားသည့် သဘောတူညီချက်တစ်ရပ်အောက်တွင် ရိုဟင်ဂျာဒုက္ခ သည်များကို ပြန်လည်လက်ခံမည်ဟု သဘောတူထားကြောင်း ဘင်္ဂလားဒေ့ရှ်က အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။

“သတင်းကောင်းကတော့ လက်ရှိ မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံခေါ်ယူဖို့ သ ဘော တူ ထားတာပဲဖြစ်တယ်။ အဲဒီအတွက် သူတို့ ရခိုင်ပြည်နယ်မှာ အဆောက်အအုံတွေလည်း စီစဉ်ဆောက် လုပ်နေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမန်က မြို့တော် ဒါကာတွင် ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရိုဟင်ဂျာ အယောက် ၁ဝဝ ကျော် ရန်ကုန်မှာ ဖမ်ဆီးခံရ

RFA
Radio Free Asia
2022.10.21
ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာဒုက္ခသည်များ။ Photo: Citizen Journalist

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁ဝ ရပ်ကွက်၊ ဧရာဝတီလမ်းက နေအိမ်တစ်လုံးမှာ တည်းခိုနေတဲ့ ရိုဟင်ဂျာ ၁၁၇ ဦး အောက်တိုဘာ ၂ဝ ရက်ညက ဖမ်းဆီးခံလိုက်ရပါတယ်။

ရိုဟင်ဂျာ အမျိုးသား ၇၈ ယောက်၊ အမျိုးသမီး ၃၉ ယောက်အပြင် ကားနှစ်စီးနဲ့ တခြား မြန်မာ လေးယောက်လည်း ပါတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ဒီလောက်လူအများကြီးကို အချုပ်ထဲထည့်ဖို့တော့ မဖြစ်နိုင်ဘူး၊ သူတို့ကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ၊ ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းက ရိုဟင်ဂျာတွေပါ။ အထူးသဖြင့် မလေးရှားကို ထွက်ဖို့ လာကြတာ များပါတယ်။"

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခကြီးထွား လာ

VOA
၂၁ အောက်တိုဘာ၊ ၂၀၂၂
ဆုမွန်

 

Link : Here --

Thursday, October 20, 2022

အဓမ္မပြုကျင့်သူ AA မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦး အား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်

နိရဉ္စရာ၊
အောက်တိုဘာ ၂၀/၂၀၂၂

အိမ်ထောင်သည် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်သူ ရက္ခိုင့်တပ်တော် (AA)မှ တပ်သားအဆင့်ရှိသူ ရဲဘော် နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်လိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာ ၂၀ ရက် ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက် အပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။။

အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီ မိနစ် (၃၀) ခန့်တွင် ရက္ခိုင့်တပ်တော်မှ တပ်သား အဆင့်ရှိ ရဲ ဘော် (၂) ယောက်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင် ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်းလာသောကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ပါသည်။

Wednesday, October 19, 2022

တရုတ် ကွန်မြူနစ်ပါတီ ကွန်ဂရက် အကြောင်း တစေ့တ စောင်း

BBC
၁၄ အောက်တိုဘာ ၂၀၂၂
ဒေးဗစ် ဘရောင်း
BBC News Visual Journalism Team

တရုတ်နိုင်ငံက အာဏာရ ကွန်မြူနစ်ပါတီဟာ ၁၉၇၀ နှစ်တွေတဝိုက်က မော်စီတုန်း နောက်ပိုင်း သြဇာအကြီးဆုံးခေါင်းဆောင်လို့ သတ်မှတ်ရမယ့် ရှီ ကျင့်ဖျင်ကို တတိယအကြိမ်အဖြစ် အာဏာ ၅ နှစ် သက်တမ်းကို လွှဲအပ်လိမ့်မယ် လို့ မှန်းဆ နေကြပါတယ်။

အာဏာသက်တမ်းက နှစ်ကြိမ်သာဆိုတဲ့ ကန့်သတ်ချက်ကို ၂၀၁၈ မှာ ဖျက်သိမ်း ထားပြီးတဲ့နောက် အခုလာတော့မယ့် ဆုံးဖြတ်ချက်ဟာ တရုတ်နိုင်ငံအပေါ် သူ့ရဲ့ အာဏာ ထိန်းချုပ်နိုင်တဲ့ စွမ်းအား ထပ်တိုးမြှင့် ပေးလိုက်မှာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ အသက် ၆၉ နှစ်ရှိနေပြီဖြစ်တဲ့ မစ္စတာ ရှီဟာ အာဏာကို သူ့တသက်လုံး ယူသွားနိုင်ခြေလည်းရှိပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဆိုတာ ဘယ်လိုအဖွဲ့စည်းမျိုးလဲ။

Unicode
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့စည်း (United Nations) ပေါ်ပေါက်ခဲ့တဲ့ အကြောင်းရင်း နဲ့ အဖွဲစည််းရဲ့အခြေခံ အချက် အလက်လေးတွေကို ပြန်လည်မျှဝေ ပေးချင်ပါတယ်။ကမ္ဘာ‌ေပါ်မှာ လူအသေအပျောက် အမ်ားဆုံး နဲ့ ပစ္စည်း ဥစ္စာ ဆုံးရှုံးမှု အများဆုံး စစ်ပွဲကြီးနှစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၁၉၁၄-၁၉၁၈ ကာလတွင်းမှာ ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့ပြီး၊ ဆယ်စုနှစ် နှစ်ခုပတ်၀န်းကျင်အကြာ ၁၉၃၉-၁၉၄၅ ကာလတွေကိုတော့ ဒုတိယကမ္ဘာစစ်ကလွှမ်းမိုးခဲ့ပါတယ်။

ပထမကမ္ဘာစစ်ကြီးအပြီးမှာတော့ နောက်ထပ်ယခုလိုစစ်ပွဲမျိူး‌ေတွထပ်မဖြစ်အောင်ဆိုပြီး အမေရိကန်နိုင်ငံ သမ္မတ Woodrow Wilson ဦးဆောင်မှုနဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations ) ကို ၁၉၂၀ ခုနှစ်၊ ဇန်ဝါရီ ၁၀ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့မှာ ကနဦး အဖွဲ့၀င် ၄၂ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမယ့် လွှတ်တော်၏ အမေရိကန်အဖွဲ့၀င်ခြင်း အစီစဥ်ကို ကန့်ကွက်မှုကြောင့် နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ ကမ္ဘာ့နိုင်ငံရေးမှာ ထိရောက်မှုအားနည်းခဲ့ရပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ

 

အရှေ့တောင်အာရှ နိုင်ငံ များအကြောင်းပဲဖြစ်ပါတယ်။ 

အရှေ့တောင်အာရှကတော့ အိန္ဒိယ၊ တရုတ် နှင့် ဩစတြေးလျှ တိုက်တို့ ကြား တည်ရှိပြီး ကုန်းပိုင်းဖြစ်တဲ့အ တွက် ကြောင့် အင်ဒိုချိုင်းနားဟု ခေါ်ခဲ့ကြပါသေးတယ်။ ပြင်သစ်တို့က အာနမ်၊ တုန်ကင်၊ ကိုချင်ချိုင်းနား၊ ကမ္ဘောဒီးယား နှင့် လောနိုင်ငံတွေကို သိမ်းယူလိုက်လို့ပြင်သစ်နိုင်ငံကို ပြင်သစ်အင်ဒိုးချိုင်းနားလို့ ခေါ်ခဲ့ကြပါတယ်။ဖိလစ်ပိုင်ပါဝင်တဲ့ ကျွန်းစုပိုင်းကိုတော့ အရှေ့အိန္ဒိယကျွန်းစု လို့ ခေါ်ဆိုကြပါတယ်။နောက်ပိုင်းမှာတော့ အင်ဒိုးနီးရှားလို့ ပြောင်းလဲခဲ့ပါတယ်။
                                                                               

ဂျနီဗာ ကွန်ဗင်းရှင်း ဆိုတာဘာလဲ



ဂျနီဗာကွန်ဗင်းရှင်းဆိုတာကတော့ ခေတ်သစ် စစ်မြေပြင်မှာ ဘယ်လို အရာတွေကို စစ်ရာဇ၀တ်မှုလို့ သတ်မှတ်မလဲ၊ ဘယ်လို လက်နက်တွေအသုံးပြုနိုင်ပြီး ဘာတွေကိုတော့ တားမြစ်ထားလဲ၊ တစ်နည်းအားဖြင့် လူတွေ စစ်ကို ဘယ်လို တိုက်ရမလဲဆိုတာကို ဖော်ပြထားတဲ့ စာချုပ်တွေပဲဖြစ်ပါတယ်။

၁၉ ရာစုနောက်ပိုင်း နည်းပညာ တိုးတက်မှုနဲ့အတူ လူသားတို့ရဲ့ စစ္ပွဲတွေမှာ သုံးတဲ့ လက်နက်တွေဟာ အဖျက်စွမ်းအားကြီးမားလာတယ်။ စစ်ပွဲတစ်ခုမှာ နှစ်ဖက် စစ်သည်တွေအားလုံးဟာ တိုက်ပွဲတွင်း အကူညီမရဘဲ သေ ဆုံးကြရတယ်။ ဒီ အနိဌာန်အာရံု‌ေတွကို ဆွစ်ဇာလန်နိုင်ငံသား စီးပွားရေးသမား တစ်ဦးဖြစ်တဲ့ ဟင်နရီ ဒူးနန့် က ၁၈၅၉ ခုနှစ်က တိုက်ပွဲတစ်ခုမှာ လေ့လာမိပြီး ဒဏ်ရာရသူ စစ်သည်အားလုံးကို ကူညီဖို့ဆိုပြီး ကြက်ခြေနီ အဖွဲ့ကို ဖွဲ့စည်းခဲ့တော့တယ်။ ဒီနေရာမှာ ကြက်ခြေနီ အဖွဲ့က နှစ်ဖက်စစ္သည် ဒဏ္ရာ ရသူအားလုံးကို လူသားချင်းစာနာမှုအရကူညီဖို့ ဆို နိုင်ငံရေးအရ အသိမှတ်ပြုခံရဖို့ လိုအပ်တဲ့ အတွက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပထမဆုံး ဂျနီဗာ စာချုပ်ကို ၁၈၆၄ မှာ ယူရိုပီယံ နိုင်ငံ ၁၂ နိုင်ငံက ရေးထိုးခဲ့ကြတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */