အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi
ရခိုင်ပြည်နယ်က လုံခြုံရေးအခြေအနေတွေနဲ့ လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါ အခြေအနေတွေ ကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ရဲ့နေရပ်ရင်းကို သူတို့ရဲ့ ဆန္ဒအလျှောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။ အာ ဆီယံနိုင်ငံခြားရေးဝန်ကြီး တွေရဲ့ အစည်းအဝေးအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြော ကြားလိုက်တာဖြစ်ပါတယ်။
















