ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန်နဝါရီ၊ 2020
12-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၁
၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်ပြဿနာကို လက်ရှိအခြေအနေအတိုင်း ဖြတ်သန်းမည်ဆိုပါက ပြဿနာသည် အဆပေါင်းများစွာ ကြီးထွားလာနိုင်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန် ကျုံးလျန်က သတိပေးပြောကြားလိုက်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူး သီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို ဝင်ရောက်တိုက်ခိုက်ရာမှ စတင်၍ ရခိုင်ပြည် နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ရေးနည်းဖြင့်ဖြေရှင်းမှုထက် အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုကို များ များလုပ်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)အား တရုတ်အစိုးရက ဖိအားပေးခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆမ်အောင်က ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက ဆီးဖလောင်းကျေးရွာမှာနေထိုင်တဲ့ ကျောင်းဆရာ ဦးအာဗေလ (၅၅ နှစ်) နဲ့ အခြားရွာက ရွာသား ၂ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) က ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းခေါ် သွားပြီးနောက် အဆိုပါ ၃ဦးစလုံးကို ဇန်နဝါရီ ၁၀ ရက်နေ့မှာတောထဲကနေ သေဆုံးလျှက် ပြန်လည် တွေ့ရှိ ခဲ့ရတယ်လို့ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ပြောခွင့်ရ ဦးစောမြကဘီဘီစီကို ပြောပါ တယ်။
တနင်္သာရီတိုင်း ကော့သောင်းရေပြင်မှာ ဒီဇင်ဘာလက ဖမ်းမိခဲ့တဲ့ စစ်တွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း တွေက ထွက်လာကြတဲ့ ရိုဟင်ဂျာ ၁၇၂ ဦးလုံး ကို ရခိုင်ပြည်နယ်ကို ပြန်ပို့ဆောင်နေပြီး အဲ့ဒီထဲက ဒုက္ခသည် တချို့ကို ရခိုင် ပြည်နယ်အစိုးရက အရေးယူမှာ ဖြစ်ပါတယ်။