Tuesday, January 7, 2020

ဘူးသီးတောင်ပေါက်ကွဲမှု ၁၀နှစ် ဝန်းကျင် ကလေးငယ် လေးဦးသေဆုံး

B B C
ဘီဘီစီ မြန်မာပိုင်း
2020-01-07
  နှစ်အရွယ်နှစ်ဦးနဲ့ ၁၀ နှစ်အရွယ် ကလေး၆ ဦးဒဏ်ရာရ

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ်အတွင်းက ထိပ်ထူးပေါက် ကျေးရွာအနီး လက်နက် ကြီးကျည်တစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးနဲ့ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး အဲ့ဒီထဲက ၄ ဦးဟာ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

နယ်ခြားစောင့်ရဲဝန်ထမ်းနှစ်ဦးအား စိတ်ကြွဆေးပြားများနှင့် အတူဖမ်းဆီးရမိဟု AA ထုတ်ပြ

နိရဉ္စရာ
သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၄ /၂၀၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ နယ်ခြားစောင့်ရဲဝန်ထမ်းနှစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ ထုတ်ပြန်လိုက်သည်။

ဖမ်းဆီးရမိသူ ၂ ဦးမှာ ဘူးသီးတောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းမှ တပ်ကြပ် အောင်ကျော်ကျော် (ကိုယ်ပိုင်အမှတ် - လ/၂၁၁၀၇၂)နှင့် တပ်သား ဝင်းမိုးသန်း (ကိုယ်ပိုင်အမှတ် -လ/၂၇၄၅၈၉)တို့ဖြစ် သည်။


Monday, January 6, 2020

Why is Suu Kyi defending the military?

Bangkok Post
published : 6 Jan 2020
newspaper section: News
On Dec 11, Myanmar's State Counsellor-cum-Foreign Minister Aung San Suu Kyi stood at the podium of the International Court of Justice (ICJ) at the Hague and defended her country against the accusation of violating the 1948 Genocide Convention over the military's clearance operations in northern Rakhine state, which caused more than 700,000 Rohingya to flee the Southeast Asian country for Bangladesh.

၂၀၂၀ မှာ မြန်မာ့ဂုဏ်သိက္ခာ ပြန်လည် မြှင့်တင်နိုင်မည် လား

MoeMaKa 
ဇင်လင်း -
(မိုးမခ) ဇန္နဝါရီ ၆၊ ၂၀၂၀
 ၂၀၁၉ ခုကုန်ဆုံး၍ ၂၀၂၀ ပြည်နှစ်၏ စာမျက်နှာအသစ် ဖွင့်လှစ်ခဲ့ပြီ။ မြန်မာ့ လွတ်လပ်ရေး ၇၂ နှစ်တိုင်ခဲ့ပြီ။ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသက်တမ်း လေးနှစ်ပြည့်တော့မည်။ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပ ရန် ဆယ့်တစ်လခန့်သာ လိုတော့သည်။ ၂၀၁၉ ခုနှစ်သည် မြန်မာ နိုင်ငံအား ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက် များဖြင့် အကျည်းတန်စွာ ချန်ထားရစ်သည်။ ၂၀၁၉ ခု တစ်နှစ်ပတ်လုံး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်တပ် မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ စစ်ပွဲများကြောင့် မြေစာပင် ရခိုင်ပြည်သူများ အတိ ဒုက္ခကြီးစွာရောက်ကြ ရ သည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက တည်းက စတင်ခဲ့သော စစ် ရေး ပဋိပက္ခ သည် တနှစ်ကျော်လာခဲ့ပြီဖြစ်ရာ အချိန်နှင့်အမျှ စစ်ပွဲဧရိယာကျယ် ပြန့်လာနေပြီး၊ ငြိမ်းချမ်းရေးအ လားအလာလည်း မှုန်ဝါး သွားခဲ့ပြီဟု ဆိုနိုင်သည်။

ရခိုင်တွင် ရေရှည်စစ်ပွဲဖြစ်မည့် အလားအလာများကြောင့် ဒေသခံများ စိုးရိမ်မှုပိုလာ

Myanmar NOW
အောင်ငြိမ်းချမ်း
Published on Mar 5, 2019

၁ ရက်လျှင် တိုက်ပွဲ ၂ ခုနီးပါးဖြစ်နေသည့် ရခိုင်တွင် စစ်ပွဲအရှိန်မြင့်နိုင်သည့် သဘောထားများကို လက်နှက်ကိုင် များက မကြာခဏ ထုတ်ပြောခဲ့ကြသည်။

နေရပ်သို့ မည်သည့်အချိန်တွင် ပြန်နိုင်မည်ကို မသိသေးသော စစ်ပြေးဒုက္ခသည်များထဲတွင် ကလေးငယ် အများအပြား ပါဝင်သည်။ (တောင်မင်းကုလားစစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်) (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား လတ်တလော တိုက်ခိုက်နေမှုများသည် ရေရှည်စစ်ပွဲ အ သွင် ကူးပြောင်းသွားနိုင်သည့် လက္ခဏာများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု မြင့်တက်လာသည်ကို မြင်တွေ့နေရကြောင်း ကယ်ဆယ်ရေး အဖွဲ့များနှင့် ရခိုင် လွှတ် တော်အမတ်တချို့က သုံးသပ်သည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက စစ်ပွဲအရှိန် မြင့်တက်လာသည်နှင့်အတူ ၎င်း၏ မဲဆန္ဒနယ်မြေအတွင်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရမှုများ ရှိနေသော ကြောင့် ဒေသခံအများစုက စိုးရိမ်နေကြသည်ဟု ဆိုသည်။

“ ပြည်သူတွေကလည်း တခါမှ ဒီလိုဖမ်းဆီးတာတွေ မတွေ့ကြုံဖူးတော့ ထိတ်လန့်မှုတွေ ဆက်တိုက်ဖြစ်နေ တယ်” ဟု ၎င်းကပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစတင်ပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု၊ ဖမ်းဆီးခံရမှုနှင့် ထွက်ပြေးတိမ်း ရှောင်မှုများ သိသိသာသာ တိုးလာကြောင်း မြောက်ဦးမြို့နယ် ပြည် နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောသည်။

ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုများသည် ဆက်တိုက်ဖြစ်နေကြောင်း၊ မတ်လ ၄ ရက်နေ့ နေ့လည် ပိုင်း ကလည်း မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာမှ ဒေသခံ ၇ ယောက်ကို လုံခြုံရေး တပ်ဖွဲ့များက ၁ နာရီ နီးပါးကြာ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ရွာသားများသည် ၎င်း တို့လုံခြုံရေးကို စိုးရိမ်ပြီး ရွာကို စွန့်ခွာသွားကြ ကြောင်း ဒေသခံများ၏ပြောစကားများကို ကိုးကားပြီး ၎င်းက ပြောသည်။

တပ်မတော်က စစ်တိုင်း ၅ တိုင်းတွင် တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေငြာခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင် ဘာ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလကုန်အထိ တစ်ရက်လျှင် တိုက်ပွဲ ၂ ကြိမ်နှုန်းဖြင့် ၂ လ ကျော် အတွင်း တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း AA ပြော ခွင့်ရအရာရှိ ခိုင်သုခက ဆိုသည်။

သို့သော် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဟု ၎င်းတို့ကိုယ်၎င်းတို့ အမည်ပေးထားသည့် အာဆာလက် နက်ကိုင်အဖွဲ့ လှုပ်ရှားမှု ရှိနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တပ်၏ အပစ်ရပ်ကြေညာသည့် ဧရိယာ တွင် ရခိုင်ပြည်နယ် မပါဝင်ပါ။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏အဆိုအရ အနည်းဆုံး ဒေသခံ ၆၀၀၀ နီးပါးသည် အိုး အိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ၎င်းတို့အား အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ပေးနေရကြောင်း၊ ဒုက္ခသည် အရေအတွက် တိုးလာနေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ တွင် ထုတ်ပြန်ခဲ့သည်။

“တချို့နေရာတွေက အခုအထိ မသွားနိုင်သေးတာတွေ ရှိနေတုန်းပဲ။ ကူညီမယ့်တချို့ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းစဉ်တွေလည်း ရပ်ထားရတယ် ” ဟု ICRC ၏ ပြန်ကြားရေးအရာရှိ ဒေါ်အေးပြည့်စုံကပြော သည်။

ယခုနှစ်ဆန်းမှ စတင်ပြီး အရှိန်မြင့်လာသည့် တိုက်ပွဲများအပေါ် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန် ပြောဆိုသည့် သဘောထား များကြောင့် တိုက်ပွဲဖြစ်ပွားမှုမှာ ကာလ ကြာမြင့်လာနိုင်ကြောင်းရသေ့တောင်မြို့ နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက သုံး သပ်သည်။

AA ပြောခွင့်ရ အရာရှိ ခိုင်သုခကလည်း စစ်ပွဲအရှိန်နှင့် ဧရိယာသည် ပိုမိုကျယ်ပြန့်လာဖွယ်ရှိသည်ဟု ဝန်ခံ ခဲ့သည်။

“သူတို့ (တပ်မတော်ဘက်က)ပြောသလို ကျွန်တော်တို့ကို အမြစ်ပြတ် တိုက်မယ်ဆိုရင်တော့ မလွှဲရှောင် သာ တဲ့အတွက် တိုက်ပွဲက ပိုပြီး ကျယ်ပြန့်လာလိမ့်မယ်။ ပိုပြီး ကြာရှည်လာလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်စိုးနိုင်ဦးက တိုက်ပွဲသည် AA ဘက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး AA သည် ဒေသတည်ငြိမ်မှု ပျက်ပြား အောင် လုပ်ဆောင်နေသည်ဟု ဖေဖေါ်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သည်။

၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပီ နှင့် ကျောင်း တောင် အစရှိသည့် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက် ခိုက် ခဲ့မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအပြီး ရက်အနည်းငယ်အကြာ နေပြည်တော်တွင် အစိုးရနှင့် တပ်မတော် ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေး လုပ်ခဲ့ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို ပြတ်ပြတ်သားသား ချေမှုန်းရန် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန် ကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ပြောသည်။

နှစ်ဘက်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်မှုများ မြင့်တက်လာချိန်တွင် ဒေသခံ ပြည်သူ များသာမက ဒေသတွင်း အုပ် ချုပ်ရေးအရာရှိများလည်း ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။

မြောက်ဦးမြို့နယ်တွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦး ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်သည့် အစည်းအဝေး တွင် ဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆို ခဲ့ ပြီးနောက် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများလည်း ၎င်း တို့လုံခြုံရေးကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့ကြသည်။

၎င်းတို့ ၄ ဦး ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်းအတွင်း မြောက်ဦးမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ နီးပါး နှုတ်ထွက် စာတင် ခဲ့ကြသည်။

“အစည်းအဝေးခန်းထဲမှာကို လာပြီး ဆွဲတယ်ဆိုတော့ ခြံထဲကကြက်ကို ရိုက်သတ်တဲ့ သဘောမျိုး ဖြစ်နေ တာပေါ့ဗျာ။ အိမ်မှာဖမ်းတာ မဟုတ်ဘူး။ တကယ့်ကို အရေးကြီးတဲ့ အစည်းအဝေးမှာကို ဝင်ဖမ်းတယ်ဆို တော့ တကယ့်ကို လုံခြုံမှုမရှိတော့ဘူး” ဟု ရာထူးမှ နုတ် ထွက်ခဲ့သည့် ကန်စောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောနိုင်က Myanmar Now ကို ပြောကြားခဲ့သည်။


Link : Here

'We have no dreams': Rohingya despair after deportation from Saudi Arabia

MIDDLWEAST EYE
Kutupalong camp, Bangladesh
Bashir, 65, was deported from Saudi Arabia after working in the country for 20 years (MEE/Kaamil Ahmed)

As he scanned the Bangladeshi hills for the first time, Mohammed Faruque thought about how quickly he'd lost everything he'd spent years working for.

He was stepping off a bus empty-handed, joining his family in the foreign land they now lived in as refugees, a city of plastic sheeting in place of the ancestral villages that had been home in Myanmar.

ရိုဟင်ဂျာ-ပိုက်ဆံထောက်ပံ့မယ့်သတင်းကြောင့် ရခိုင်မှာ ဆန်ဈေးတွေ တက်လာပြီ လို့ဆို

B B C
ဘီဘီစီ မြန်မာပိုင်း
2020-01-06
WFP က လစဉ် ပုံမှန်ဝေတဲ့ ရိက္ခာတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက အားထားနေရတာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို WFP က စားနပ်ရိက္ခာတွေမပေး တော့ဘဲ ပိုက်ဆံပဲ ထောက်ပံ့လိုက်တဲ့အတွက် ဒုက္ခသည်တွေ အခက်အခဲနဲ့ကြုံ နေရတယ်လို့ သိရပါ တယ်။ဆန် ဈေးနဲ့ ကုန်ဈေးနှုန်းတွေမြင့်တက်လာလို့ ထောက်ပံ့တဲ့ပိုက်ဆံနဲ့ ရိက္ခာကို လုံလုံလောက်လောက် ဝယ်လို့ မရသလို စခန်းအပြင်ထွက်ပြီး ဝယ်ယူရာမှာလည်း အခက်အခဲတွေ အကန့်အသတ်တွေကြုံနေရတယ်လို့ အဲ ဒီစခန်းက ဒုက္ခသည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ဘေးရှောင်များအတွက် အိန္ဒိယက ကူညီ ထောက်ပံ့သည့်ပစ္စည်းများ ပထမအသုတ်ရောက်ရှိ

မြန်မာတိုင်းမ်နေ့စဉ်
ယဉ်ပပထွန်း
06 JAN 2020
စစ်ဘေးရှောင် ပြည်သူလူထုအတွက် အိန္ဒိယအစိုးရကကူညီပေးသည့် အစားအသောက်များ စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်။ဓာတ်ပုံ - ရဲမင်းဦး

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ များကြောင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် အိန္ဒိယအစိုးရက ကူညီပေးသည့် အစားအသောက်များ ဇန်နဝါရီ ၅ ရက်က စစ်တွေ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန(စစ်တွေ)မှ သိရသည်။

ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာ နိုင်ငံတကာမီဒီ ယာ မျှမျှတတ မရေးပါ

ဧရာဝတီ
ကျော်ဖြိုးသာ
6 January 2020
             ဒီဇင်ဘာလ ၁၁ ရက် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် လျှောက်လဲချက်ပေးနေသည့်                    
 နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်/ / နိုင်ငံတော်အတိုင်ပင်ခံရုံး

 ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ) ခန်းမဆောင်တွင် အဖွဲ့ဝင် ၁၇ ဦးပါသည့် တရားသူကြီး အဖွဲ့ရှေ့မှောက်၌ ကြားနာမှု ကို တက်ရောက်ခဲ့သည့်အချိန် နိုင်ငံတကာမီဒီယာ၏ အာရုံစိုက်မှုသည် သူမ အပေါ်တွင်သာ ရှိနေခဲ့သည်။ ရခိုင် ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များအား မြန်မာနိုင်ငံက လူမျိုးတုန်း သတ်ဖြတ်ခဲ့သည် ဆိုသော ဂမ်ဘီယာ နိုင်ငံဘက်က စွပ်စွဲမှုကို ဒေါ်အောင်ဆန်းစုကြည်က နားထောင်နေပုံအား သရုပ် ဖော်ရာတွင် “ခံစားချက် မရှိ” ဆို သော စကားလုံးသည် နိုင်ငံတကာ မီဒီယာများ ထိုနေ့က သုံးစွဲရန် ဓာတ်ကျ ခဲ့သော စကားလုံးဖြစ်ခဲ့ပြီး မြန်မာနိုင် ငံနှင့် ပတ်သက်သော သူတို့၏ စိတ်လှုပ်ရှားမှု စတင်လေတော့သည်။

ရိုဟင်ဂျာမရှိကြောင်းကို ဦးသိန်းစိန်ဂါရဝပြုပွဲ၌ ကမ်ပိန်းပြု လုပ်

မြန်မာတိုင်းမ်နေ့စဉ် 
တီအမ်ဇက်
06 JAN 2020
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား ပြည်သူများက ဂါရဝပြု တွေ့ဆုံပွဲကျင်းပနေစဉ်။ဓာတ်ပုံ - USDP
   
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား ပြည်သူများက ဂါရဝပြု တွေ့ဆုံပွဲကို ဇန်နဝါရီ ၅ ရက် ညနေပိုင်း က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင်ပြုလုပ်ခဲ့ရာ တက်ရောက် လာသူ များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ' NO ရိုဟင်ဂျာ' ကမ်ပိန်းကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

Sunday, January 5, 2020

သမ္မတ(ငြိမ်း)ဦးသိန်းစိန် အား ဂါရဝပြုပွဲတွင် ရိုဟင်ဂျာလက် မခံ၊ဂမ်ဘီယာ လှည့်ပြန် ထုတ်ဖော်မှုပြုလုပ်

ငြမ်းမီဒီယာ
ဇန္နဝါရီ 05, 2020 











နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် အား ဂါရဝပြုပွဲတွင် တက်ရောက်လာသူများက ရိုဟင်ဂျာလက်မခံ၊ ဂမ်ဘီယာလှည့်ပြန် လက်ကြက်ခြေခတ်အမူအရာဖြင့် ထုတ်ဖော်မှုတစ်ရပ်ကိုပြုလုပ်ခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ယခုလအတွင်း လာရောက်ရန် စီစဉ်

မဇ္ဈိမ 
05 January 2020

 ဇန်နဝါရီ ၅ ။ ။ တရုတ်သမ္မတ ရှီကျင့်ဖျင် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်လျက်ရှိကြောင်း အစိုးရနှင့် မီဒီယာသတင်းရင်းမြစ်များအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ဝေဖန်ခံနေရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဇာဏီထွဏ်း
2020-01-05
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေချီးမြှင့်တဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၂ဝ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
လွတ်လပ်ရေးနေ့ မနေ့က ပြောခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဖုအထစ်ဖြစ်စေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

ရခိုင်ပြသနာမှာ မြန်မာပြည်အတွက် အကြီးမားဆုံးစိန်ခေါ် မှုဖြစ်နေကြောင်း NLD ပါတီဆို

TheVoiceWeekly Journal
ရန်ကုန်၊ ဇန်နဝါရီ ၄
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများမှာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးစိန် ခေါ်မှုဖြစ်နေကြောင်း NLD ပါတီက လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

Zimbabwe Among 9 Countries Who Voted Against UN’s Resolution To Protect Rohingya Muslims From Myanmar Army’s Atrocities, See How Others Voted

Pindula News
January 4, 2020


Zimbabwe is among nine countries who voted against the United Nations General Assembly’s Resolution IV on the Situation of human rights of Rohingya Muslims and other minorities in Myanmar.

Episode 108: မြန်မာနိုင်ငံအပြင်ဘက် ထွက်ပြေးနိုင်ဖို့ စွန့်စားနေတဲ့ရိုဟင်ဂျာများ

Frontier
MYANMAR
January,2 2020
ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲမျိုးစုံက ရိုဟင်ဂျာတွေကို တခြားအရပ်ဒေသတွေမှာ ပိုမို ကောင်း မွန်တဲ့ဘဝကို ရှာဖွေနိုင်ဖို့အတွက် တွန်းအားဖြစ်စေပါတယ်။ ဒါပေမဲ့ လဝကဥပဒေများ၊ အလိမ်အ ညာပွဲစားများနဲ့ ထောင်ကျနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာ ဖြစ်တဲ့ Frontier Myanmar English Magazine နဲ့ ဒို့အသံတို့ဟာ မြန်မာနိုင်ငံရဲ့ အပြင်ဘက်မှာ ပိုမိုကောင်းမွန် တဲ့ ဘဝတွေကို ရရှိဖို့အတွက် စွန့်စားထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။

ရိုဟင်ဂျာတွေ ပြည်နှင်ဒဏ်ပေးဖို့ ဂျမူးပါတီ တောင်းဆိုဆန္ဒ ပြ

 2020-01-05
 
■ အိန္ဒိယနိုင်ငံတောင်ပိုင်း ဂျမူးမြို့မှာ ဒေသခံ NPP ပါတီက ဦးဆောင်ပြီး မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ အပါအဝင် တရားမဝင် လာရောက်နေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးဖို့ မနေ့က ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

Saturday, January 4, 2020

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေ ရာ ချထားရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြန်ကြားရေးဝန်ကြီးဌာန
နေပြည်တော်  ဇန်နဝါရီ  ၄

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် လတ်တလော အကြီး မားဆုံး စိန်ခေါ်မှုဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံး အရေး ဖြစ်သကဲ့သို့ ရခိုင်အမျိုးသားများ၏အရေးသည် မြန်မာတစ် မျိုးသားလုံးအရေးဖြစ်ဟု NLD ပါတီ၏ လွတ်လပ် ရေးနေ့ ကြေညာချက်၌ ဖော်ပြ

ELEVEN
4 JANUARY 2020 
ကျော်ဇင်ဝင်း
          NLD ပါတီက ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-ဉာဏ်လင်းထွန်း)

ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာသည် လတ်တလောအကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံ လုံးအရေး ဖြစ်သကဲ့သို့ ရခိုင်အမျိုးသားများ၏ အရေးသည် မြန်မာတစ်မျိုးသားလုံးအရေးဖြစ်ဟု NLD ပါတီ၏ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ ကြေညာချက်၌ ဖော်ပြထားသည်။

Next move on deportation of Rohingya refugees: Union minister Jitendra Singh


Union minister Jitendra Singh on Friday said the government's next move would be regarding the deportation of Rohingya refugees as they will not be able to secure citizenship under the new law.
 
Union minister Jitendra Singh
 
Asserting that the Citizenship (Amendment) act (CAA) was implemented in Jammu and Kashmir the day it was passed by Parliament, Union minister Jitendra Singh on Friday said the government's next move would be regarding the deportation of Rohingya refugees as they will not be able to secure citizenship under the new law.
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */