Frontier
MYANMAR
Wednesday, October 23, 2019
စည်သူအောင်မြင့် ရေးသားသည်။
ဒုက္ခသည်တွေ နေရပ်ကိုဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးမှာ အပြုသဘောဆောင်ဖြေရှင်းနည်းလိုအပ်သလို နိုင်ငံရေးကစားတာမျိုး မလုပ်ကြဖို့လည်း လိုပါတယ်။
Frontier
MYANMAR
Wednesday, October 23, 2019
စည်သူအောင်မြင့် ရေးသားသည်။
ဒုက္ခသည်တွေ နေရပ်ကိုဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးမှာ အပြုသဘောဆောင်ဖြေရှင်းနည်းလိုအပ်သလို နိုင်ငံရေးကစားတာမျိုး မလုပ်ကြဖို့လည်း လိုပါတယ်။

7Day Daily
By ငြိမ်းချမ်း, .အောင်ဇော်ထွန်း
Sunday, October 20, 2019
ရခိုင်လက်နက်ကိုင် အဖွဲ့(AA)စစ်ဦးစီးချုပ်၏ယောက် ဖကိုကျော်နိုင်ကို ထိုင်းမှပြန်လာ စဉ် ရန်ကုန်လေဆိပ် တွင် ဖမ်းဆီး ပြီး မရမ်းကုန်းမြို့နယ်ရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မသုံးခုဖြင့် အမှုဖွင့် ထား သည်။
အောက်တိုဘာ ၁၉ရက်တွင် ထိုင်းနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော ကိုကျော်နိုင်ကို သတင်းရဲ တပ်ဖွဲ့က ဖမ်းဆီးပြီး အ ကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊(ခ)၊(ဂ)တို့ဖြင့် မရမ်းကုန်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇ဝဝဝ ကျော်၊ လူမျိုးနွယ် ပေါင်း ၅ဝဝဝ ကျော် ရှိနေသည်ကို စာပေနှင့် မကင်းကွာသူ အတော်များများ သိကြပြီးဖြစ် သည်။ အရှေ့တောင်အာရှအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံတွင် ပင် လူဦးရေသန်းပေါင်း ၂ဝဝ ကျော်ရှိပြီး လူမျိုးနွယ်ပေါင်း ၂၅ဝ ကျော် ရှိလေသည်။ သို့သော် ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်း မှတ်တမ်း အရ နေပြည်တော် သတင်း ရပ်ကွက် မှ မြန်မာနိုင်ငံတွင် လူမျိုးနွယ် aပါင်း ၈၃ဝ ကျော် ဖြစ်သွားခြင်းသည် ယခင်က သူပြော ငါပြော လူပြော များနေသည့် တိုင်းရင်းသား ၁၃၅ မျိုးကို ကမ္ဘာသိ ချေဖျက်လိုက်ခြင်း ပင် ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးနွယ်စာရင်း၈၃ဝ ကျော် ဖြစ်နေခြင်းသည် ယုတ္တိ မရှိခြင်း၊ အဓိပ္ပာယ် မဲ့နေခြင်း အမှားအယွင်း တစ်ခုခုရှိနေ ကြောင်း ကမ္ဘာကြီးကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့သို့ဖြစ်ခဲ့ရခြင်း ၏ အဓိက အကြောင်းအရင်းမှာ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဌာနကြောင့်ပင် ဖြစ်သည်။