Thursday, June 6, 2019

လက်နက်ကြီးပေါက်ကွဲလို့ တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-06

  ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိခဲ့သူ တစ်ဦးကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ် Photo: KHAMI Mediagroup 
 
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာမှာ မနေ့ညနေက လက်နက်ကြီးကျရောက် ပေါက်ကွဲ တာကြောင့် ရွာသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။

( 06.06.2019 ) New Light of Myanmar

Wednesday, June 5, 2019

To Guarantee the Erga Omnes Right to Return Back of the Myanmar Refugees

change.org
04.06.2019

Complaint Procedure Unit
Human Rights Council 
Branch Office of the United Nations High Commissioner for Human Rights 
United Nations Office at Geneva 
CH-1211 Geneva 10, Switzerland

The Responsibility of the Human Rights Council to Guarantee the Erga Omnes Right to Return Back of the Ethnic and Religious Refugee Minorities of Myanmar Including the Next Generations

This petition is given under the General Assembly Resolution 53/144 of 8 March 1999, "Declaration on the Right and Responsibility of Individuals, Groups and Organs of Society to Promote and Protect Universally Recognized Human Rights and Fundamental Freedoms" and Human Rights Council Resolution 5/1 of 18 June 2007, “Institution-building of the United Nations Human Rights Council” on the “de facto” statelessness situation of the Myanmar minorities and in order to guarantee their erga omnes right to return back to Myanmar.

Teaching the Rohingya lost generation to survive

THE WORLD AND ALL IT'SVOICES
By

Khin Maung with a group of teachers preparing exam papers.

The United Nations has warned that thousands of young Rohingyas surviving in refugee camps in Bangladesh risk becoming a “lost generation”. A handful of Rohingya teachers are working to ensure this sad fate does not actually happen.

“We are trying the best way we can to make sure we give a future to our children living in dire conditions in the camps,” says teacher Khin Maung.

He is a 24-year-old Rohingya who has been living in Thayin Khali refugee camp in eastern Bangladesh for the past two years.

AA ရဲ့ လာရာလမ်း

ဧရာဝတီ
By နန်းလွင်နှင်းပွင့်
5 June 2019
စစ်ရေး လေ့ကျင့်နေသော AA တပ်ဖွဲ့ဝင် စစ်သမီးများ / နန်းလွင်နှင်းပွင့် / ဧရာဝတီ
 
ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံရဲ့ ခွဲစိတ်ခန်းထဲမှာ ဆရာဝန်တယောက် ဇောချွေး ပြန်ပြီး ထူ ပူနေပါတယ်။

သူဇောချွေး ပြန်လောက်အောင် ထူပူနေတဲ့ ကိစ္စက ခွဲခန်းထဲက လူနာကြောင့် မဟုတ်။ ခွဲခန်း အပြင်ဘက် ဆေးရုံ ထဲက လူတချို့ကို သူမသင်္ကာ၊ သူ့ကို ဖမ်းဖို့ ရောက်နေတဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးတွေလို့ ထင်နေလို့ပါ။
တောရော မြို့ပါ မကျန် ကိုယ့်အိမ်ထဲ ကိုယ်နေရင်းတောင် နိုင်ငံရေးစကား မပြောရဲခဲ့တဲ့ ခေတ်၊ စစ်အစိုးရ အာ ဏာ ကြီးမားချိန်မှာ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ ဇော်မျိုးသက်က အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ဖို့ စစ်သင် တန်း အတွက် လူသစ်တွေ စုနေခဲ့တာပါ။

ထောက်လှမ်းရေးတွေကလည်း သိနေပါပြီ။

လွန်ခဲ့တဲ့ ၃ ရက်လောက်တည်းက ဒေါက်တာ ဇော်မျိုးသက် တက်ခဲ့တဲ့ ရန်ကုန် ဆေးတက္ကသိုလ် (၂)မှာ သူ့ လိပ် စာ တွေ ကို လာစုံစမ်းသွားကြပြီ။ ရန်ကုန်က နေအိမ်တွေနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က အိမ်ကိုလည်း ထောက်လှမ်းရေး တွေက လိုက်နေပါပြီ။

ခွဲခန်းထဲက တာဝန်ပြီးတာနဲ့ ဆေးရုံမှာ လွှဲခဲ့ရမယ့် တာဝန်တွေနဲ့ လုပ်စရာရှိတာ လုပ်ပြီး ဒေါက်တာဇော်မျို:သက် တယောက် ရင်ခွဲရုံဘေး ဝရန်တာကနေ ခုန်ချပြီး ထွက်ပြေးလာခဲ့ပါတော့တယ်။

သူ့ ငယ်ဘဝတလျှောက် ဖြစ်ချင်ခဲ့တဲ့ ပရဟိတ ဆရာဝန်၊ မိဘတွေကို ဒေါက်တာ ဘွဲ့ယူမယ့် ဘွဲ့နှင်းသဘင် ခန်းမဆီ ခေါ်သွားဖို့ အိပ်မက်တွေကို စံပြဆေးရုံရဲ့ ရင်ခွဲရုံဘေးက ဝရန်တာလေး ဘေးမှာပဲ ပစ်ချထားခဲ့ ရပါ တယ်။

ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တုန်းက အဖြစ်အပျက် တခုပါ။

အခုတော့ ဒေါက်တာ ဇော်မျိုးသက်ဟာ ထောက်လှမ်းရေးတွေကို စိုးရိမ် ပူပန်မှုတွေနဲ့ နေထိုင်ရတဲ့သူ တယောက် မဟုတ်တော့ပါဘူး။

ရခိုင် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေ ရရှိရေး၊ တန်းတူ ညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အတွက် ဦးဆောင် တိုက်ပွဲ ဝင်နေတဲ့ ရက္ခိုင့် တပ်မတော် (AA)ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် ဖြစ်နေပါပြီ။

“အဲ့ဒီအချိန်က ဒီကောင်ရူးသွားပြီ။ ဆရာဝန်ဖြစ်ရဲ့သားနဲ့ တော်လှန်ရေးထဲ ရောက်သွားပြီဆိုတော့ ရူးသွား ပြီလို့ ပြောကြ တယ်။ ကျနော်တို့ ဒီလို ဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မယုံဘူး “လို့ ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပြန်ပြောပြ ပါတယ်။

ဗိုလ်မှူးချုပ် ညိုထွန်းအောင် ဖြစ်နေတဲ့ ကိုဇော်မျိုးသက်က ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူဇာတိ ရွှေပန်း ထိမ်နဲ့ စိန်ထည်တွေ လုပ်တဲ့ မိသားစုမှာ ကြီးပြင်းလာသူ တယောက်ပါ။

ဆယ်တန်းအောင်တော့ ဆေးကျောင်းအမှတ်မီတာကြောင့် ရခိုင်ကနေ ရန်ကုန်လာပြီး ကျောင်းတက်ခဲ့သူ။

“ကျနော်က ဆရာဝန်ဖြစ်ရင် ရခိုင်ပြည်နယ်ရဲ့ ဝေးလံတဲ့ ဒေသတွေမှာ ပရဟိတ ဆရာဝန် လုပ်ချင်ခဲ့တာ။ ကျနော်က တအားကြီး ထက်တဲ့ထဲ မပါတော့ ကြိုးစားရင်းနဲ့ ဆရာဝန်ဖြစ်လာတာ။ ဗိုလ်ချုပ်နဲ့ကတော့ တက္ကသိုလ် တခုမှာပဲ မထင်မှတ်ဘဲ တွေ့တာပါ”လို့လည်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပြောပါတယ်။

သူ ဗိုလ်ချုပ်လို့ ခေါ်လိုက်တဲ့ သူကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က သူ့ကို တော်လှန်ရေးလုပ်ဖို့ စည်းရုံးခဲ့တဲ့ ဥပဒေ ကျောင်းသား ကိုထွန်းမြတ်နိုင်၊ လက်ရှိမှာတော့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဖြစ်ပါတယ်။

ကိုထွန်းမြတ်နိုင်က ဥပဒေတန်း အဝေးသင်တက်ရင်း သူဆယ်ကျော်သက် အရွယ်ကတည်းက ရည်မှန်း ထားတဲ့ ရခိုင် အမျိုးသား တော်လှန်ရေး လုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဖို့ အိပ်မက် မက်ခဲ့တဲ့သူ။

ကိုထွန်းမြတ်နိုင်ရဲ့ နောက်ကြောင်း ဘဝဖြတ်သန်းမှုတွေကတော့ ကိုဇော်မျိုးသက်လို မဟုတ်။

ရခိုင်တော်လှန်ရေးသမား၊ လက်နက်ကိုင် ပုန်ကန်ချင်သူ ဖြစ်ချင်လွန်းလို့ ဆယ်တန်း ကျောင်းသား အရွယ် တည်းက သူငယ်ချင်းတွေနဲ့ အဖွဲ့တဖွဲ့ ဖွဲ့ပြီး နိုင်ငံရေးလုပ်ဖို့ တာဆူနေခဲ့သူပါ။

အသက် ၂၀ ဝန်းကျင် တက္ကသိုလ် ကျောင်းသား ဘဝ၊ ၁၉၉၈ ခုနှစ် မေလမှာ ရခိုင်အမျိုးသား ညီညွတ်ရေး ပါတီ/ ရခိုင် ပြည် တပ်မတော် (NUPA/AA)ထဲ ဝင်မယ်ဆိုပြီး NUPA ခေါင်းဆောင် ခိုင်ရာဇာနဲ့ ဆက်သွယ်ဖို့ ဘင်္ဂလားဒေ့ရှ် ကို သွားခဲ့သူပါ။

ကိုထွန်းမြတ်နိုင် အဲဒီကို ရောက်တော့ NUPA အဖွဲ့ကို အိန္ဒိယက ဖမ်းဆီးပြီး ခိုင်ရာဇာအပါအဝင် ရခိုင် တော် လှန်ရေး ခေါင်းဆောင်တွေကို သတ်ပစ်လိုက်ပါပြီ။

“ကျနော်တို့ ခေါင်းဆောင်တွေ လုပ်ကြံခံလိုက်ရတော့ ကျနော် ဘာလုပ်ရမှန်းမသိတော့ဘူး။ ပြန်လာပြီး အင်္ဂလိပ် စာ သင်တယ်။ အင်္ဂလိပ်စာ သင်တာကလည်း သူပုန်လုပ်ဖို့ပဲ”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

အဲဒီနောက် ကိုထွန်းမြတ်နိုင်လည်း ရခိုင်ပြန်လာပြီး အင်္ဂလိပ်စာသင်၊ ဥပဒေကျောင်းကို စစ်တွေ တက္ကသိုလ်မှာ အဝေးသင် တက်ရင်း ရန်ကုန်မြို့မှာ ဧည့်လမ်းညွှန် လုပ်နေခဲ့ပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)
 
အဲ့ဒီ့မှာ ဗိုလ်မှူးချုပ် ညိုထွန်းအောင် ဖြစ်လာမယ့် ကိုဇော်မျိုးသက်နဲ့ ရင်းနှီးခဲ့ကြတာပါ။

ကိုထွန်းမြတ်နိုင်နဲ့ ကိုဇော်မျိုးသက်တို့ နှစ်ယောက် ပေါင်းမိတဲ့ နောက်တော့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အ သင်း တွေက တဆင့် ရန်ကုန်ရောက် ပညာတတ် ရခိုင်လူငယ်တွေကို အမျိုးသားရေး အတွက် စည်းရုံးမှုတွေ လုပ်ပါ တယ်။

၂၀၀၄ ခုနှစ်ရောက်တော့ ရခိုင်လူငယ်တွေဟာ လက်နက်ကိုင်တပ် တခုကို ထူထောင်ဖို့ စတင် ဆွေးနွေး လာကြ ပါတော့တယ်။

ထိုင်းနိုင်ငံ အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အဖွဲ့ (AASYC)တွင်းမှာလည်း အ စည်း အဝေးတွေ လုပ်ပြီး ရခိုင်လူငယ်တွေ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တခု ထူထောင်ဖို့ ပြောနေကြပါပြီ။

AASYC လှုပ်ရှားမှုတွေမှာ ကိုထွန်းမြတ်နိုင် ပါဝင်ခဲ့ပါတယ်။AASYC ကို စတင်တည်ထောင်ခဲ့တဲ့ ရခိုင်လူငယ်များဟာ ခိုင်ရာဇာ ဦးဆောင်တဲ့ NUPA ၊ လက်ရှိ အစိုးရနဲ့ အပစ် ရပ်ထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALP) အဖွဲ့တွေထဲ ဝင်ပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်နေကြသူတွေ ဖြစ်ပါတယ်။

AASYC မှာ လှုပ်ရှားခဲ့တဲ့ ရခိုင်လူငယ် တချို့ဟာလည်း ရခိုင်အမျိုးသား ကောင်စီ (ANC) တပ်ထဲကို ရောက် သွား ကြပါတယ်။

၂၀၀၅ ခုနှစ် AASYC မှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ကိုထွန်းမြတ်နိုင်နဲ့ AASYC အတွင်း အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ကိုဝင်းအောင်က”ထွန်းမြတ်နိုင်က အိပ်မက်တော်တော်ကြီးတယ်ဗျ။ တော်တော်လေးကို Moblizing လုပ်နိုင် တယ်။ စည်းရုံးနိုင်တဲ့ စွမ်းရည်တွေ သူ့မှာ ရှိတယ်။ သူက Social ကောင်းတယ်”လို့ ပြောပါတယ်။

၂၀၀၅ ခုနှစ် ဝန်းကျင် မြေအောက်တော်လှန်ရေး လုပ်ငန်းတွေ အတူတွဲလုပ်ခဲ့စဉ် ကတည်းက ကိုထွန်းမြတ်နိုင်ရဲ့ တော်လှန်ရေး အတွေးအခေါ်တွေက အခြားရခိုင်လူငယ်တွေနဲ့ ကွဲထွက်ပြီး ရှေ့တန်း ရောက်နေခဲ့တယ် လို့လည်း ကိုဝင်းအောင်က ပြောပြပါတယ်။

ကိုထွန်းမြတ်နိုင်က ရခိုင်လက်နက်ကိုင် တော်လှန်ရေးတပ်တခု စထောင်ဖို့ စဉ်းစားကြတော့ လက်ရှိ အမျိုးသား လွှတ်တော် ဒု ဥက္ကဋ္ဌ နဲ့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေကြတဲ့ ဦးအေးသာ အောင် နဲ့ ဦးဦးလှစော ကိုလည်း တော်လှန်ရေးထဲ ပါဝင်ဖို့ ဆွေးနွေးဖူးတယ်လို့ ဆိုပါတယ်။

ဦးအေးသာအောင် နဲ့ ဦးဦးလှစောကတော့ ပါတီနိုင်ငံရေး လမ်းကိုပဲ ဆက်လျှောက်ခဲ့ကြပါတယ်။

ကိုထွန်းမြတ်နိုင်ကတော့ ဧည့်လမ်းညွှန်အဖြစ်နဲ့ ရခိုင်သမိုင်းကြောင်းတွေ ကျောက်စာတွေ အိမ်နီးချင်းနိုင်ငံ က သမိုင်း တွေ ကို လေ့လာရင်း တဖက်မှာလည်း လက်နက်ကိုင် တော်လှန်ရေးစဖို့ ကချင် လွတ်လပ်ရေး တပ်မ တော် (KIA) ကို ဆက်သွယ်နေခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ KIA က ဗိုလ်မှူးကြီး ဂွန်မော်နဲ့ အဆက်အသွယ် ရတာကြောင့် လိုင်ဇာမြို့ကို ထွက်သွားခဲ့ပါ တော့ တယ်။

AA ကို စတင် မွေးဖွားခြင်း

ကိုထွန်းမြတ်နိုင် တယောက် ကချင်လူငယ် လှုပ်ရှားမှုတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်ကို ရောက်မှ KIA က ရခိုင်လူငယ် ၃၀ ကို စစ်သင်တန်း ပို့ချပေးမယ်လို့ သဘောတူလိုက် ပါ တယ်။

KIA ရဲ့ ယုံကြည်မှု ရဖို့ ကိုထွန်းမြတ်နိုင် ကြိုးစားနေတုန်းမှာ ကိုဇော်မျိုးသက်ကတော့ ဆေးကျောင်းတဖက်နဲ့ ရခိုင် လူငယ်တွေကို စည်းရုံး၊ စစ်သင်တန်း တက်ဖို့ အမာခံ လူငယ်တွေ စုနေခဲ့ပါတယ်။

စစ်သင်တန်း တက်မယ့် ရခိုင် လူငယ်တွေထဲက ၅ ဦးကို ငွေသွားလွှဲပေးပြီး ရန်ကုန်မြို့က စံပြဆေးရုံမှာ အလုပ် သင် ဆရာဝန် အဖြစ်နဲ့ ကိုဇော်မျိုးသက် ဟန်မပျက် နေခဲ့ပါတယ်။

ကံဆိုးချင်တော့ သူငွေလွှဲခဲ့တဲ့ ရခိုင်လူငယ် ၅ဦးထဲမှာ တဦးရဲ့ မိဘက သူပုန်လုပ်ဖို့ သွားတယ်ဆိုတာ သိတာနဲ့ လက် မခံနိုင်တာကြောင့် စကားများကြရင်း ရဲစခန်း ရောက်သွားကြပါတော့တယ်။

ငွေလွှဲခဲ့တဲ့ ကိုဇော်မျိုးသက် နောက်ကိုလည်း စစ်ထောက်လှမ်းရေးတွေ လိုက်လာကြတာကြောင့် အလုပ်သင် ဆရာဝန် အဖြစ် လုပ်ကိုင်နေတဲ့ စံပြဆေးရုံကနေ ကိုထွန်းမြတ်နိုင်ရှိတဲ့ လိုင်ဇာမြို့အထိ ထွက်ပြေး ခဲ့ပါတယ်။

ရန်ကုန်မြို့ကနေ မြစ်ကြီးနားကို ရထားစီးပြီး ပြေးလာလိုက်တာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှာ လိုင်ဇာ မြို့ကို ရောက်ရှိလာပါတယ်။

အဲဒီကာလဟာ KIA က စစ်အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ် ထိုးထားပြီး ငြိမ်းချမ်းရေး ယူထားတဲ့ အချိန် ဖြစ်တာ ကြောင့် လက်နက် ကိုင် တပ်သစ်တခု ထူထောင်ချင်နေတဲ့ ရခိုင်လူငယ်တွေကို စစ်သင်တန်းပေး မယ် ဆိုတဲ့သတင်း အပြင်ကို မပေါက်ကြားရအောင် လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်ခဲ့ကြပါတယ်။

စစ်ရေး လေ့ကျင့်နေသော AA တပ်ဖွဲ့ဝင် စစ်သားများ(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

AA ကို စတည်ထောင်သူတွေ ဖြစ်လာမယ့် ရခိုင်လူငယ် ၂၆ ဦးထဲမှာ ကိုထွန်းမြတ်နိုင်၊ ကိုဇော်မျိုးသက်တို့ အပါ အဝင် သံဃာ ၈ ပါးလည်း လူဝတ်လဲပြီး ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

KIA ဌာနချုပ် အခြေစိုက်တဲ့ လိုင်ဇာမြို့နဲ့ မလှမ်းမကမ်းက ဂျာဒူကောင် တောင်ကုန်းပေါ်မှာ AA အပတ်စဉ် (၁) သင်တန်း ကို စတင်ခဲ့ကြပါတယ်။

စစ်တပ်တခုမှာ တသွေးတသံ တမိန့်ကို နာခံနိုင်ဖို့ KIA သင်တန်းဆရာတွေက လေ့ကျင့်ပေးပါတယ်။

အခြေခံ စစ်သင်တန်းအပြင် လက်နက်ကြီး သင်တန်း၊ ထောက်လှမ်းရေး သင်တန်း၊ စစ်ဦးစီးလုပ်ငန်းတွေ လုပ် ကိုင် တတ်ဖို့ သင်ကြားမှုတွေကိုလည်း KIA က ပို့ချပေးတဲ့အပြင် ရခိုင်ရဲဘော်တွေရဲ့ ယူနီဖောင်း၊ ရိက္ခာနဲ့ တပ် တွင်း ကုန်ကျ စရိတ်တွေကို ကူညီခဲ့တယ်လို့ ဆိုပါတယ်။

AA အပတ်စဉ် (၁) သင်တန်းပြီးတဲ့ နောက်မှာတော့ ရခိုင်ရဲဘော် ၂၆ ဦးက သစ္စာဆိုပြီး ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်မှာ ရက္ခိုင်စစ်တပ် (AA)ကို တည်ထောင်လိုက်ပါတယ်။

AA ရဲဘော်တွေကို အခြေခံ စစ်သင်တန်းတွေ အပြင် လက်နက်ကိုင် တော်လှန်ရေး ဆိုင်ရာ သဘောတရား တွေကိုလည်း KIA အကြီးအကဲတွေက ဝေမျှ ပေးခဲ့ကြပါတယ်။

KIA ဟာ AA စတင် ပေါ်ပေါက်လာဖို့ အတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှာ ရှိခဲ့ပြီး ဒီနေ့အထိလည်း ထောင်နဲ့ ချီတဲ့ AA ရဲဘော်တွေ နဲ့ သီးသန့်ရွေးချယ်ပြီး စနစ်တကျ လေ့ကျင့်ထားတဲ့ အရာရှိတွေ မွေးထုတ် နိုင်ဖို့ကို ကူညီပေး နေတယ် လို့ သိရပါတယ်။

လိုင်ဇာ တောင်တန်းတွေ ပေါ်က ရခိုင် ရဲဘော်များ

AA ရဲဘော် ၂၆ ယောက်ရဲ့ တပ်စုမှူး ဖြစ်လာတဲ့ ကိုထွန်းမြတ်နိုင်ကတော့ KIA ထောက်ပံ့ ကူညီပေးထားတဲ့ အ နေအထား ကို မကျေနပ်နိုင်ခဲ့ပါဘူး။

စစ်ဦးစီးချုပ် ဖြစ်လာမယ့် ကိုထွန်းမြတ်နိုင်ဟာ AA တပ်ဖွဲ့ဝင် အင်အား ပိုများလာဖို့အတွက် လိုင်ဇာ အနီး အနားမှာ အလုပ် လာလုပ်တဲ့ ရခိုင်လူငယ်တွေကို စစ်သားသစ် အဖြစ် လိုက်စုဆောင်း၊ KIA က နေခွင့်ပေး ထားတဲ့ တောင်ကုန်း ပေါ်ကို ခိုးသွင်းပြီး လူသစ် စုဆောင်း တာတွေ လုပ်ပါတယ်။

လိုင်ဇာ ပတ်ဝန်းကျင်မှာ ကျောက်တူး၊ သစ်ခုတ် လာလုပ်ကြတဲ့ ရခိုင်လူငယ်တွေကို အလုပ်ပေးမယ် ဆိုပြီး သစ် ကုန်သည် ဟန်ဆောင်ပြီး လူသစ် စုဆောင်းတာလို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပြပါတယ်။

“တချို့ကျတော့ ပျော်ပြီး ဆက်နေတယ်။ တချို့ကတော့ ငတ်လွန်းတော့ မနေနိုင်ဘူး။ ထွက်ပြေးကြ တယ်” လို့ လည်း သူက ပြောပါသေးတယ်။

ဗိုလ်ကြီး အဆင့်ရှိသူ တဦးသည်ပင် ထွက်ပြေးလို့ ပြန်ဖမ်းမိတာမျိုး ဖြစ်ခဲ့ဖူးကြောင်းလည်း သူက ပြောပြ တယ်။

KIA ထုတ်ပေးထားတာက ရဲဘော် ၂၆ ယောက်စာ၊ တကယ်တမ်း AA မှာ ရှိနေတာက လူ ၅၀၊ ဒီလိုနဲ့ စားရေး သောက်ရေး ကျပ်တည်းလာပြီး မလောက်မငတွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။

ကချင်လူမျိုးတွေ အတွက် ထမင်းမြိန်စေလို့ မက်မက်မောမော စားကြတဲ့ အရသာငန်ငန် ဆီတို့ဟူး၊ ထမင်း ဖြူကို ရခိုင် ရဲဘော်တွေ မစားနိုင်ကြပါဘူး။

ရခိုင်ရဲဘော်တချို့ အာဟာရချို့တဲ့ပြီး ခြေထောက်ဖောယောင်လို့ လမ်းမလျှောက်နိုင် ဖြစ်ကြတယ်လို့ ဆိုပါ တယ်။

အဲဒီလို အခြေအနေမျိုးမှာ လူသစ်စုဆောင်းဖို့နဲ့ မြေအောက်လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ ဗိုလ်ချုပ် ထွန်းမြတ် နိုင် နဲ့ ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့ ရန်ပုံငွေ ရှာဖွေမှု ပြုလုပ်ရပါတယ်။

AA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

 လိုင်ဇာမြို့ ပတ်ဝန်းကျင်က ကျောက်တူး၊ သစ်ခုတ်တဲ့ လုပ်ကွက်တွေမှာ ရခိုင်ရဲဘော်တွေကို အလုပ်သမားအနေနဲ့ လွှတ်ပြီး ငွေရှာ၊ ရတဲ့ ငွေကို လူသစ်ရောက်လာတဲ့ ရဲဘော်တွေ အတွက် ရိက္ခာ၊ မြေအောက်လှုပ်ရှားမှုတွေနဲ့ စစ်ဦးစီး လုပ်ငန်းတချို့ လုပ်ဖို့ကို သုံးကြပါတယ်။

ပြည်တွင်းက မြေအောက် တော်လှန်ရေး လှုပ်ရှားသူတွေနဲ့ အွန်လိုင်းက တဆင့် ဆက်သွယ်ဖို့အတွက် ကွန်ပျူ တာက အစ အခက်အခဲ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် လိုင်ဇာမြို့ တဖက်ကမ်း တရုတ်နိုင်ငံထဲကိုဝင်၊ တရုတ် အင်တာနက် ဂိမ်းဆိုင်မှာ Gtalk ဖွင့်ပြီးပြည်တွင်း နဲ့ ဆက်သွယ်၊ မြေအောက် လှုပ်ရှားနေသူတွေကို ညွှန်ကြားစရာ ညွှန်ကြားပြီး နေစောင်းရင် AA စခန်းကုန်းကို ပြန်တာ မျိုး လုပ်ကြရတယ်တဲ့။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က”တောင်ပေါ်ကို ခြေလျင်တက်မယ်ဆို တနာရီလောက် တက်ရတယ်။ တက်ဖို့ ဗိုက် ထဲမှာ အစာ မရှိတော့ဘူး။ ဝက်အူချောင်း တရုတ်ငွေ တယွမ်ကို တယောက်တချောင်းစား၊ တခါတလေ တ ယွမ်ပဲ ရှိရင် တချောင်းကို တယောက်တဝက်စားပြီး ရေသန့်ဘူးခွံတခု ကိုင်လာတယ်။ တောင်အောက် ရောက်ရင် မြောင်းက ရေခပ်သောက် ပြီး တက်တယ်”လို့လည်း ပြောပြပါတယ်။

၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်လောက်အထိ ငွေကြေး ရိက္ခာ လိုအပ်ချက်တွေ၊ ရဲဘော်တချို့ ထွက်ပြေးတာ တွေ စတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှု ကာလတွေကို ဖြတ်သန်းခဲ့ရတယ်လို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါသေးတယ်။

AA တပ်ထဲမှာ ရခိုင် ရဲဘော်တွေ အင်အား ၅၀ လောက် ရှိလာတဲ့ အချိန်အထိ KIA က လက်နက် ထုတ်မ ပေးသေး ပါ ဘူး။

ရဲဘော်က ၅၀ ကျော် သေနတ်က ကင်းစောင့်ဖို့ ပေးထားတဲ့ တရုတ်လုပ် M-22 တလက်၊ ပစ္စတို တလက် သာ ရှိတယ် လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပြပါတယ်။

“တရုတ်လုပ် 22 လေ ကျနော်က အဲ့ဒီသေနတ်ပျက်မှာ အရမ်းကြောက်တယ်”လို့လည်း သူက ပြောပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်ရောက်မှ M 22 အလက် ၂၀၊ တလက်ကို ကျည်ဆန် ၅၀ စီနဲ့ KIA က AA ကို ပေးပါ တယ်။ KIA တပ်စခန်းတချို့မှာ နေဖို့လည်း AA ရဲဘော်တွေကို တာဝန် စပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက် KIA နဲ့ တပ်မတော်ကြား အပစ်ရပ်စာချုပ် ကျိုးပေါက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်တော့ AA ရဲဘော်တွေလည်း ရှေ့တန်းမှာ ဝင်တိုက်ကြရပါတယ်။

တချို့ရဲဘော်တွေဆိုရင် စစ်သင်တန်း တက်နေတုန်းမှာပဲ ကချင်ရှေ့တန်းတွေကို စစ်တိုက် ထွက်ခဲ့ရ တာ မျိုးတွေလည်း ရှိပါတယ်။

KIA နဲ့ တပ်မတော်တို့က ကချင်ပြည်နယ်တွင်း ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တိုက်ပွဲတွေလည်း ပြင်းပြင်း ထန်ထန် ဖြစ်ပွားထားပါတယ်။

AA က တပ်ရပ်တည်ရေး၊ လက်နက်နဲ့ စစ်ရေးဆိုင်ရာ အကူအညီတွေ ရဖို့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း က ကိုးကန့်၊ ပလောင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ မဟာမိတ် ဆက်ဆံရေး တည်ဆောက်နေချိန် ၂၀၁၄ ခုနှစ် ဖေ ဖော်ဝါရီ မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က တကျော့ပြန် တော်လှန်ရေး ပြန်စပြီး တပ်မတော်ကို တိုက် ခိုက် ပြန်ပါ တယ်။

ကိုးကန့်တိုက်ပွဲတွေမှာ MNDAA ဘက်က ဝင်ကူတိုက် ပေးရင်း AA ဟာ ကိုးကန့်တိုက်ပွဲတွေမှာ ပါဝင် ကြောင်း စတင် ကြေညာလာသလို ရခိုင် တော်လှန်ရေးနဲ့ အမျိုးသားရေး ဆိုင်ရာတွေကိုလည်း ထင်ထင်ပေါ် ပေါ် စပြော လာပါတယ်။

ရခိုင်ရဲဘော် တချို့ဆို ကချင်၊ ကိုးကန့် တို့ရဲ့ ရှေ့တန်း တိုက်ပွဲတွေမှာ အသက် ပေးသွားရတာမျိုးလည်း ရှိ တယ်လို့ သိရ ပါတယ်။

ရခိုင်ဒေသကို AA ရောက်လာတဲ့အခါ

၂၀၁၅ ခုနှစ်မှာ AA တပ်ဖွဲ့ဝင်တွေ လိုင်ဇာမြို့ကနေ ချင်းပြည်နယ် ပလက်ဝမြို့ကို ဆင်းလာပြီး အိန္ဒိယ-မြန် မာ နယ်စပ် တလျှောက် ပလက်ဝ ဒေသထဲမှာ အခြေပြု လှုပ်ရှားလာပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အခြေချရေး အတွက် တော်လှန် တိုက်ခိုက်ရေး လုပ်ငန်းတွေကို အထောက်အကူဖြစ်ဖို့ ရန် ပုံငွေ ရှာဖွေရေး၊ ရိက္ခာနဲ့ ဆေးဝါး စုဆောင်းရေး တာဝန်ခံတွေကလည်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေထဲမှာ အခိုင် အမာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

တဖြည်းဖြည်းခြင်း ရောက်လာတဲ့ AA တပ်ဖွဲ့တွေဟာ ခန့်မှန်းခြေ အင်အား ၃၀၀၀ ဝန်းကျင်ထိ ရှိလာပြီး ပလက်ဝ ကနေ ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား ၊ ရသေ့တောင်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော နယ်စပ်တွေ အထိ ခြေဆန့်လှုပ်ရှားကာ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွားလာခဲ့ပါတယ်။

အဲဒီလို တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ တဖက်မှာ အမျိုးသားရေး စိတ်ဓာတ် တက်ကြွလာတဲ့ ရခိုင်လူငယ် တွေဟာ AA တပ်ထဲကို ဝင်လာကြပါတယ်။

AA ထဲမှာ အသက် ၁၇ နှစ်ကနေ ၂၀ ဝန်းကျင် အသက်အရွယ်ရှိတဲ့ အမျိုးသား၊ အမျိုးသမီး ရဲဘော်တွေရာနဲ့ ချီပြီး ရှိနေပြီလို့ ဆိုပါတယ်။

သူတို့တွေထဲမှာ ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေက လာတဲ့ လူငယ်တွေ ရှိသလို တချို့ကလည်း ထိုင်း၊မလေး ရှား၊ စင်္ကာပူတို့မှာ အခြေတကျ အလုပ်လုပ်ကိုင်နေသူတွေလို့ သိရပါတယ်။

တက္ကသိုလ် တက်နေဆဲ ကျောင်းသူကျောင်းသားတွေ၊ ဟိုတယ်ဝန်ထမ်းတွေ၊ စားဖိုမှူးတွေ၊ နည်းပညာပိုင်း ဆိုင်ရာ တတ်ကျွမ်း နားလည်သူတွေ စတဲ့ ကဏ္ဍအသီးသီးမှာ ကျင်လည်နေကြသူတွေပါ။

အလုပ်အကိုင်တွေကို စွန့်ပြီး AA ထဲ ဝင်လာကြတဲ့ ရခိုင်လူငယ်တွေဟာ ဥပဒေအရ ရခိုင်ပြည်နယ်ကို ကိုယ် ပိုင် ပြဌာန်း ခွင့် ရရေးကြောင့် တပ်ထဲဝင်လာကြတာလို့ ပြောကြသလို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရင် ရခိုင် ပြည် နယ် ပိုတိုးတက်မယ် လို့လည်း ယုံကြည်မှုတွေ ရှိနေကြပါတယ်။

မိဘတွေ ကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ AA တပ်ထဲ ပေးဝင်ခဲ့ကြသူတွေကိုလည်း တွေ့ရပါတယ်။

သင်တန်း တခုတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

၂၀၁၉ ခုနှစ် ဧပြီမှာတော့ စစ်သင်တန်း ပေးပြီးတဲ့ စစ်သား တသောင်းကျော်ထိ ရှိနေပြီလို့ AA ခေါင်းဆောင် ပိုင်း တွေ က ပြောပါတယ်။

AA က စစ်လက်နက်ရေးရာမှာ KIA ၊ UWSA တို့ဆီက အကူအညီတွေရယူတာ ရှိပေမယ့် ထိုင်းနယ်စပ်နဲ့ အခြား မှောင်ခို လမ်းကြောင်းတွေကနေလည်း လက်နက်တွေ ဝယ်ယူတာ ရှိနေပါတယ်။

မှောင်ခိုဈေးကွက်မှာ ဒေါ်လာသောင်းကျော် တန်ကြေးရှိတဲ့ အမေရိကန်နိုင်ငံထုတ် စက်သေနတ်တွေ၊ အစ္စရေး နယ်ခြားစောင့် တပ်၊ နော်ဝေနဲ့ နယ်သာလန် နိုင်ငံတွေမှာ အသုံးများပြီး မှောင်ခိုဈေးကွက်မှာ တန်ကြေး မြင့်တဲ့ စနိုက်ပါ အမျိုးအစားတွေကိုလည်း ဝယ်ယူထားရှိ တာကို သိရပါတယ်။

AA က သူ့တပ်ဖွဲ့ဝင်တွေကို ၁၀ နှစ်တာ ကာလအတွင်း လက်နက်၊ ယူနီဖောင်း၊ ငွေကြေး ထောက်ပံ့မှုတွေအပြည့် ပေးတာ တွေ့ရတဲ့ အပြင် ကျန်းမာရေး၊ ပညာရေး ပိုင်းဆိုင်ရာတွေမှာလည်း ထောက်ပံ့မှုတွေ ပြု လုပ်ပေးတာ ရှိပါတယ်။

တပ်တွင်း ဆေးပညာ သင်တန်း၊ တိုက်ခိုက်ရေးမှာ အထူးလေ့ကျင့်ရေး၊ ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေး သမား ဖြစ်ဖို့ သင်တန်း၊ စနိုက်ပါ သင်တန်းတွေကို သီးသန့်ရွေးချယ်ပြီး သင်ကြားပေးနေတဲ့ အပြင် ဆက်ဆံရေး ပိုင်းနဲ့ အခြားကဏ္ဍ တွေမှာ ပါဝင်နိုင်ဖို့ အင်္ဂလိပ်၊ တရုတ်၊ ဘင်္ဂလီ အစရှိတဲ့ စာနဲ့ ဘာသာစကား သင်တန်း တွေကိုလည်း တပ် တွင်း သင်ကြား ပေးနေပါတယ်။

AA တပ်တွင်း ဝင်လာပြီး အခြေခံစစ်သင်တန်း တက်ပြီးတဲ့ ရဲဘော်တွေဟာ တပ်တွင်း သင်ကြားပေးနေတဲ့သင် တန်း တွေထဲကမှ သူတို့ စိတ်ပါဝင်စားတဲ့ သင်တန်းတွေကို ရွေးချယ်တက်ခွင့် ရှိတယ်လို့လည်း AA ခေါင်းဆောင် တွေက ဆိုပါတယ်။

တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး စစ်သည် တချို့ကလည်း အခြားသင်တန်းတွေထက် တိုက် ခိုက်ရေးနဲ့ ရှေ့တန်း စစ်မျက်နှာပြင်မှာ တိုက်ဖို့ စိတ်အားထက်သန်လို့ အထူး တိုက်ခိုက်ရေး သင်တန်း တွေ သီးခြား တက်နေတာ တွေ လည်း ရှိတယ်လို့ သိရပါတယ်။

၁၀ နှစ်တာ ကာလပဲရှိသေးတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုက သူ့တပ်ဖွဲ့ဝင်တွေကို ချို့ချို့တဲ့တဲ့ မရှိဘဲ ထောက်ပံ့ထားနိုင်တဲ့ အခြေအနေတွေက အခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေမှာ တွေ့ရခဲပါ တယ်။

အင်အားထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေ့စဉ် စားဝတ်နေရေး၊ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ နေ့စဉ် သုံးနေတဲ့ လက်နက် ခဲယမ်းဖိုး၊ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ငန်းတွေလည်ပတ်ဖို့ သုံးနေတဲ့ ငွေတွေဟာ လစဉ် သိန်းထောင်နဲ့ချီ ရှိနိုင် တယ်လို့ ခန့်မှန်းရပါတယ်။

အဲ့ဒီ့ ဝင်ငွေတွေကို ဘယ်က ရလဲ ဆိုတာကိုတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရော ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပါ ထုတ် ဖော် ပြောဆိုဖို့ ငြင်းဆိုကြပါတယ်။

ပြင်ပကနေ ရတဲ့ သတင်းအချက်အလက်တွေအရကတော့ ပြည်တွင်းနဲ့ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ ရခိုင်                                                                                                                                                                                                                                                                                                                                                                                                                                                        လူမျိုး တွေ ဟာ AA အတွက် အမျိုးသားရေး ရန်ပုံငွေဆိုပြီး လစဉ် ငွေတွေ ထည့်ကြသလို ရခိုင် သူဌေးတွေ ကလည်း ပမာဏ များတဲ့ ငွေတွေကို အလှူငွေအဖြစ် ရက်ရက်ရောရော ပေးနေတာ ရှိတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက သူဖြတ်သန်းခဲ့တဲ့ ၁၉၇၀ ဝန်းကျင် လူငယ်ဘဝ ကာလကနေ ယနေ့အချိန်အထိ ရခိုင် တော်လှန်ရေး သမိုင်းမှာ AA လို အင်အား တောင့်တင်း တဲ့ လက်နက်ကိုင် အဖွဲ့မျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

“ရခိုင်တွေအနေနဲ့ ရင်သပ်ရှုမောဖြစ်ရတာက လက်နက်တွေပေါ့။ ရခိုင်သမိုင်းမှာ တခါမှ မမြင်ဘူးတဲ့ လက်နက် တွေ ကိုင်ပြီး လာကြတော့ တက်ကြွတဲ့ လူကလည်း တက်ကြွ၊ ကြောက်တဲ့ လူကလည်း ကြောက်ပေါ့။ ဒီလိုလက် နက် အများကြီး လူရာချီနဲ့ တိုက်ကြခိုက်ကြတယ်ဆိုတာ ရခိုင်သမိုင်းမှာ မရှိဖူးဘူး။ တခါမှ မရှိဖူး ဘူး”လို့လည်း သူက ပြောပြ ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တန်းတူညီမျှရေး မရတဲ့ တိုင်းရင်းသားလူမျိုး အသီးသီး ပုန်ကန်ကြရာ ရခိုင် ပြည်နယ် အတွင်း လှုပ်ရှားခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေက ဗမာပြည် ကွန်မြူနစ်ပါတီ နဲ့ ရခိုင်ပြည် ကွန်မြူနစ်ပါတီ တို့ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

၁၉၆၀ နောက်ပိုင်းမှာ ရခိုင်တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ ပေါ်လာကြပေမယ့် အင်အား နည်းသွားတာ၊ အဖွဲ့ အစည်းက တဖြည်းဖြည်းနဲ့ မှေးမှိန် ကွယ်ပျောက်သွားတာတွေ ဖြစ်ခဲ့ပြန်ပါတယ်။

ဦးဦးလှစောက သူဖြတ်သန်းခဲ့တဲ့ ကာလတလျှောက် ရခိုင်လူငယ်တွေထဲမှာ ဥပဒေဘောင်အတွင်းက နိုင်ငံရေး လုပ်လို သူတွေ၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုသူတွေနဲ့ လက်နက်ကိုင်ပြီး တော်လှန်မယ် ဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေ၊ အစုအဖွဲ့ ၃ စု ကွဲပြားပြီး ယုံကြည်ရာ လှုပ်ရှားခဲ့ကြ တယ် လို့ ပြောပါတယ်။

ရခိုင်လူငယ်တွေဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးနဲ့ ပြတ်တောက်တာလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်က စပြီး ဒီမိုကရေစီ အကူးအပြောင်း ကာလကို ရောက်လာတော့ ရခိုင်တွေဟာ ပြုပြင် ပြောင်းလဲရေးကို စောင့်ကြည့်ခဲ့ပေမယ့် ပြောင်းလဲ မလာဘဲ အလုပ်အကိုင် အခွင့်အလမ်း ရှားပါး မြဲ၊ ဆင်းရဲမြဲ ဖြစ်သလို လူထုအုံကြွမှုတွေ ဖြစ်တဲ့အခါမှာလည်း အာဏာပိုင်တွေက ပစ်ခတ်သတ်ဖြတ်ပစ်တာ၊ ပဋိပက္ခတွေ မှာ အရပ်သားတွေ ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာတွေက ရခိုင်လူငယ်တွေကို လက်နက်ကိုင်လမ်းစဉ်ထဲ တွန်းပို့နေသလို ဖြစ်ခဲ့ တာလို့လည်း ဦးဦးလှစောက ပြောပါတယ်။

ပြည်တွင်းနဲ့ ပြည်ပက စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်တွေမှာ လစာ နည်းနည်းနဲ့ အလုပ်ကုန်းရုန်းလုပ်၊ အခန်းကျဉ်း ကျဉ်း နဲ့ နေ၊ အနေအစား ဆင်းရဲတဲ့ ရခိုင်လူငယ်တွေက ပြင်ပ လုပ်ငန်းခွင်ထက် ဂုဏ်သိက္ခာ ရှိတဲ့ တော်လှန်ရေးအလုပ်ကို ရွေးချယ်ပြီး AA ထဲ အများအပြား ဝင်လာကြတာလည်း ရှိတယ်လို့ ဦးဦးလှစောက ဆိုပါတယ်။

“ရခိုင်ပြည်မှာ ရှိတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အယုံအကြည်မရှိတော့ လူငယ်တွေ အနေနဲ့ လက်နက်ကိုင်မှ ရ မယ် ဆိုတဲ့ အယူအဆတွေက သူတို့ခေါင်းထဲ ရောက်လာတယ်”လို့လည်း ဦးဦးလှစောက ပြောပါတယ်။

စစ်ရေး လေ့ကျင့်နေသော AA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

 လူငယ်တွေ စစ်ထဲကို ထောင်ချီ ရောက်သွားကြတဲ့ အရေးကို အစိုးရက ပစ်မထားဘဲ ပြဿနာရဲ့ အရင်းခံ၊ ဖြေရှင်းရမယ့် နည်းဗျူဟာကို စနစ်တကျ ဆွဲပြီး ဖြေရှင်းသင့်တယ်လို့လည်း ဦးဦးလှစောက သုံးသပ်ပါတယ်။

ရခိုင် အမျိုးသား ပါတီ (ANP)က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ အစည်းအဝေးတွေမှာတင် သွင်း ခဲ့တဲ့ နိုင်ငံရေးစာတမ်းဟာလည်း လက်ရှိ ဦးတည်ဆွေးနွေးနေတဲ့ ဖက်ဒရယ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း စနစ်တွေ ဖြစ်နေတယ်လို့ အစိုးရနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကြား ဝေဖန်ခံရဖူးပါတယ်။

AA ကလည်း နိုင်ငံရေးရည်မှန်းချက်ကို ကွန်ဖက်ဒရေးရှင်းစနစ် ရလိုတယ်လို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

AA ပြောတဲ့ ကွန်ဖက်ဒရေးရှင်း ဆိုတာကတော့ ရခိုင်ပြည်နယ်ကို ရခိုင်လူထုက ရွေးချယ်တဲ့ ကိုယ်စားလှယ် တွေက အစိုးရဖွဲ့ အုပ်ချုပ်ပြီး ဗဟိုအစိုးရက ပြည်နယ်အစိုးရကို အာဏာ ခွဲဝေပေးရမယ်။  ပြည်နယ်ကထွက်တဲ့ သ ယံဇာတွေကို ပြည်နယ်ကို စီမံခန့်ခွဲခွင့်ပေးပြီး နိုင်ငံတကာ ကုန်သွယ်ရေးတွေကို ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ထဲ ပေးတာ၊ လုံခြုံရေး ကဏ္ဍမှာလည်း ပြည်နယ်က စစ်တပ်ကို ထားတာမျိုးတွေ ပါတဲ့ စနစ်ကို ဆို လို တာပါ။

ဦးဦးလှစောကလည်း AA ပြောတဲ့ ကွန်ဖက်ဒရေးရှင်းရလိုမှုမှာ ANP ရဲ့ အယူဝါဒနဲ့ ကွဲပြားခြင်း မရှိဘူးလို့ဆိုပါတယ်။

AA ရဲ့ မဟာမိတ်ဖြစ်တဲ့ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ရရှိထားတဲ့ အခွင့်အရေး၊ သူ့နယ် မြေ ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားတာတွေက ကွန်ဖက်ဒရေးရှင်း အဆင့် ဖြစ်တာကြောင့် “ဝ”ကို အားကျတာ မဆန်းဘူး လို့လည်း ဦးဦးလှစောက ပြောဆိုပါတယ်။

တပ်မတော်နဲ့ အစိုးရကတော့ AA ရဲ့ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုတွေက အကြမ်းဖက်သမား ဆန်ဆန်လှုပ်ရှား နေတာ ကြောင့် အင်အားနဲ့ ချေမှုန်းတိုက်ခိုက်ရေး လုပ်မယ်လို့ အတိအလင်း ကြေညာချက် ထုတ်ထားပါတယ်။

တပ်မတော်ဟာ ရခိုင်ပြည်နယ်တွင်း AA ရပ်တည်လို့ မရအောင် အိန္ဒိယစစ်တပ်၊ ဘင်္ဂလား နယ်ခြားစောင့် တပ် အဆင့်မြင့် အရာရှိတွေနဲ့ နှစ်နိုင်ငံ သဘောတူညီမှုတွေ ပြုလုပ်ပြီး နယ်စပ်တွေမှာ လှုပ်ရှားရခက်အောင် ပိတ်ဆို့ မှုတွေ လည်း လုပ်ပါတယ်။

ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ တဖက်မှာရှိပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ AA ခေါင်းဆောင်တွေ ကြား ဆွေးနွေးမှုတွေ ရှိပေမယ့် ရခိုင်ပြည်နယ်တွင်းက လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ဖို့ တိတိ ကျကျ ဆွေးနွေးမှုမျိုး တွေတော့ မတွေ့ရသေးပါဘူး။

ရခိုင်လူထုကြား AA ကို ထောက်ခံမှုတွေ များနေပေမယ့် တပ်မတော်ကတော့ AA ကို အကြမ်းဖက် သောင်း ကျန်းသူ အဖြစ်ပဲ သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်တွင်း AA တပ်ဖွဲ့ဝင်တွေ တည်ရှိနေမှုကိုလည်း အသိ အ မှတ် မပြုပါဘူး။

လက်ရှိမှာ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နဲ့ AAကြား ပဏာမအပစ်ရပ်စာချုပ် (Bilateral) တခု ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေပါတယ်။

Bilateral စာချုပ်ထဲမှာ တပ်နေရာချထားရေး၊ အပစ်ရပ်ပြီးနောက် နှစ်ဖက်တပ်တွေ လိုက်နာရမယ့်ကျင့်ဝတ် (Code Of Conduct)တွေကိုလည်း တပါတည်း ချုပ်ဆိုသွားမယ်လို့ မြောက်ပိုင်း မဟာမိတ်တွေ ဘက်က တောင်းဆိုထားတာပါ။

နိုင်ငံရေးသုတေသီ တဦးဖြစ်တဲ့ ဒေါက်တာ အောင်မျိုး ကတော့ အစိုးရနဲ့ AA ကြား Bilateral ချုပ်ဆိုမှုက အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တပ်နေရာ ချထားရေးပိုင်း ဆိုင်ရာတွေကို ဆွေးနွေးမယ်ဆိုရင် တပ်မတော်က AA လှုပ်ရှားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦးအပြင် ပလက်ဝ မြို့နယ် တွင်းက တပ်တွေကိုပါ အသိအမှတ်ပြုရေးတွေ ပါဝင်မှာပါ။

တပ်မတော်ဘက်က  AAကို လိုင်ဇာမှာ တည်ရှိနေတာကိုပဲ အသိအမှတ်ပြုမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း တပ်တွေ လှုပ်ရှားတာကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

ဒေါက်တာ အောင်မျိုးက”ကျနော်က စစ်သားလူထွက် ဖြစ်လို့ တပ်က လူတွေရဲ့ သဘောထားကို သိနေတဲ့ အ တွက် ကြောင့် အဖြူရောင် ဖြစ်ပြီးသားနေရာတခုကို ပြန်ပြီး နေဖို့အတွက်ကို ခွင့်ပြုမှာ မဟုတ်ဘူး။ လွတ်လပ် ရေး ရပြီးတုန်း က ဒီနေရာတွေက အညိုရောင်တွေပဲ ။ အဖြူရောင်ဖြစ်အောင် တပ်က လူတွေရော ပြည်သူတွေရော အသက်သွေး ချွေးနဲ့ ရင်းခဲ့ရတာ ဖြစ်လို့ ဒါကို ကာကွယ်မှာပဲ”လို့ ပြောပါတယ်။

AA လှုပ်ရှားမှုက ကြာလာရင် အရှိန်လျော့ကျသွားမယ့် အနေအထား ဖြစ်လာမှာလို့လည်း ဒေါက်တာအောင် မျိုး က တွက်ချက် နေပါတယ်။

“ခဏတဖြုတ်တော့ ဝုန်းဒိုင်းတော့ ရှိမှာပါ။ ဘယ်လိုနည်းနဲ့မှ မအောင်မြင်နိုင်တာကို သိရင် သူတို့ စိတ်ဓာတ် ကျပြီး ပြိုကွဲ သွားမှာပါ”လို့လည်း သူက ပြောပါတယ်။

ဒေါက်တာ အောင်မျိုး ဝေဖန်သလို ရခိုင်တော်လှန်ရေးဟာ ခေတ်အဆက်ဆက် ခေါင်းမထောင်နိုင်ခဲ့ ပေမယ့် ရခိုင် ပြည်နယ်ထဲ AA ရောက်လာချိန်မှသာ ရခိုင်လူမျိုးတွေအတွက် အမြင့်ဆုံး နိုင်ငံရေး ရည်မှန်းချက်တွေ တောင်းဖို့ အခြေအနေ ရှိလာခဲ့တယ်လို့ ယုံကြည်နေသူတွေလည်း ရှိကြပါတယ်။

“နောက်ဆုံး AA ဝင်လာတော့ လူတွေက AA ဟာ ရခိုင်ပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုကို မဖြစ်မနေ လုပ်ဆောင် ပေးနိုင် မယ့် အဖွဲ့အစည်း၊ ခေါင်းဆောင်တခု အနေနဲ့ အကုန်လုံး အိပ်မက်တွေ မက်နေကြတယ်”လို့ နှစ် ပေါင်း များစွာ ရခိုင် အရေး ဆောင်ရွက်ခဲ့သူ ကိုဝင်းအောင်က ပြောပါတယ်။  ။

Link : Here  

( 05.06.2019 ) New Light of Myanmar

Tuesday, June 4, 2019

ရခိုင်ပြည်နယ် တိုက်ပွဲ - လူ အကျအဆုံးရှိသလို လက် နက်တချို့ ဆုံးခဲ့ကြောင့် တပ်မတော် ဝန်ခံ

B B C
ဘီဘီစီ မြန်မာပိုင်း
04 June 2019

မင်းပြားမြို့နယ်ထဲ အေအေတပ်ဖွဲ့နဲ့ ဖြစ်ခဲ့တဲ့ ဇွန် ၂ ရက် တိုက်ပွဲ အတွင်း တပ်မတော်ဘက်က အကျ အဆုံး ရှိခဲ့ပြီး လက်နက်တချို့ ဆုံးရှုံးခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အတည် ပြုပါတယ်။

ဒါပေမယ့် အရေအတွက် အတိအကျ အပါအဝင် အသေးစိတ် အချက်တွေကိုတော့ မပြောသေးပါဘူး။

ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ နုတ်ထွက်စာတင်

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၄/ ၂၀၁၉

 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးတို့အား ဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ ဦးသည် တာဝန်မှ နုတ်ထွက်စာတင်လိုက်ကြကြောင်း သိရသည်။

Hasina seeks OIC support to launch Rohingya case at ICJ





Posted By: daily industry
June 02, 2019

Urges all to zero tolerance to terror

Industry Desk: Prime Minister Sheikh Hasina yesterday sought support from the OIC member states to launch the Rohingya case at International Court of Justice with voluntary funding and technical help to ensure the legal rights of Rohingyas and address the question of accountability and justice. Mentioning that the Abu Dhabi Conference of Foreign Ministers (CFM) held in March last created a pathway to move the International Court of Justice she said, “We thank the Gambia for steering the process this far. We make an appeal to the member states to support launching of the case with voluntary funding and technical help.”

Journalist killings, arrests and assaults climb worldwide as authoritarianism spreads

ASIAN CORRESPONDENT
June 01-2019

Burma, nudged by the conscience of the world, recently released two Reuters journalists imprisoned for more than 500 days – good news in what otherwise has been a dismal period for media freedom.

The 2019 Press Freedom Index by Reporters Without Borders shows how hatred of journalists has degenerated into violence and created “an intense climate of fear” worldwide.

UAE raises $17.7million for Rohingyas

UNB 
June 02, 2019

Funds to help provide displaced lot with food, medical aid, water, education and housing


Dhaka, June 2 (UNB) - The weeklong fund-raising campaign in the United Arab Emirates in support of Rohingyas that began in the last week of May has raised Dh65 million ($17.7million), the Emirates Red Crescent Authority (ERC) announced on Saturday.

ERC amasses $18m fund for Rohingyas

The Daily Star
June 02, 2019
Star Online Report

Emirates Red Crescent Authority has accumulated nearly US$ 18 million fund in a weeklong campaign to support livelihood of the Rohingya people in Bangladesh.

The nationwide campaign carried out last week in May amassed the fund from various platforms including social media and thousands of individuals and charities, the voluntary human rights organisation said today.

အကြမ်းဖက်အန္တရာယ် သတိပြုဖွယ်

The Voice Journal
by
Jun 4, 2019

သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ နာမည်ကျော် ၉/၁၁ ဖြစ်စဉ်နောက် ပိုင်းတွင် အဆိုးဆုံးသော အကြမ်းဖက်မှုကြီးတစ်ခုဖြစ်ခဲ့သည်။ လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသော အဆိုပါ အကြမ်း ဖက်မှုကြီးမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါသည်။ တစ်ဆက်တည်း သတိထားရမည်မှာ အကြမ်းဖက်ပြဿ နာသည် အရှေ့အလယ်ပိုင်းဒေသမှတစ်ဆင့် တောင်အာရှနှင် အရှေ့တောင်အာရှဒေသများဆီ သို့ ခြေဆန့်လာခဲ့ပြီဆိုသောအချက်ပင်ဖြစ်သည်။ အန္တရာယ်ကား လာချေပြီ။ အကြမ်းဖက်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လိုစီမံခန့်ခွဲကြမလဲဆိုသည်ကို ပြည်သူများနှင့် အစိုးရ များ အရေးတကြီး သိရှိနား လည်ထားကြဖို့ လိုအပ်လာပါသည်။

9 Rohingyas arrested in Manipur

INDIA TODAY
1st June 2019

-

လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရသည့် စပါးထား ရွာသား ၆ ဦးကို မင်းပြားသုဿာန်တွင် ဂူသွင်းသင်္ဂြိုဟ်

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၄/ ၂၀၁၉
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ရသည့် မင်းပြားမြို့နယ် စပါးထားကျေးရွာမှ ရွာသား ၆ ဦးအား မင်းပြားသုဿာန်တွင် ဇွန်လ ၄ ရက် ယနေ့ ညနေ ၂ နာရီကျော်က ဂူသွင်း သင်္ဂြိုလ် ခဲ့ကြောင်း သတင်းရရှိသည်။

Monday, June 3, 2019

( 04.06.2019 ) New Light of Myanmar


စပါးထားကျေးရွာမှ ၅ ဦးသေ၊ ၉ ဦးဒဏ်ရာရ၊ တစ်ရွာ လုံးသား ရွာကိုစွန့်ခွာထွက်ပြေး

နိရဉ္စရာ
နိရဉ္စရာ၊ ဇွန် ၃/ ၂၀၁၉
 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားကျေးရွာမှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံး သွားသူမှာ ၅ ဦးရှိသွားပြီ ဖြစ်ကြောင်း မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

မင်းပြားမြို့နယ် စပါးထားရွာ ဘုန်းကြီးကျောင်း လက် နက်ကြီးကျ လူ ၄ ဦးသေဆုံး၊ ၇ဦး ဒဏ်ရာရ

နိရဉ္စရာ
သိန်းဇော် (မောင်တော)
နိရဉ္စရာ၊ ဇွန် ၃ / ၂၀၁၉
 
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရွာသား ၄ ဦး သေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာသားများက ပြောသည်။

OIC ရဲ့ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်အားမရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
03-06-2019
■ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့အနေနဲ့ လူသားချင်းစာနမှုအရရော၊ သံတမန်ရေးနည်းလမ်းတွေအရပါ၊ ပါဝင်ဆောင် ရွက် ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တောင်းဆိုလိုက်ပါတယ်။

မင်းပြားမှာ တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် ဒေသ ခံလေးဦးသေဆုံး

RFA  
လွတ်လပ်တဲ့ အာရှအသံ
2019-06-03
 ကျည်ထိမှန်ခဲ့တဲ ဒေါ်နှင်းဝင်းရီ ကို မြောက်ဦးဆေးရုံမှာ ၂၀၁၉ ဇွန် ၃ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း - မြောက်ဦး

ဒီကနေ့ နေ့လယ်၂ နာရီနဲ့ ၃ နာရီကြားလောက်မှာ ဒေသခံရွာသားတွေ ခိုလှုံနေတဲ့ မင်းပြားမြို့နယ် စပါး ထားကျေးရွာက ဘုန်ကြီးကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာဖြစ်ပြီး ဒေသခံရွာသား လေး ယောက်သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရှိခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */