Saturday, February 23, 2019

ကျောက်တော် တွင် ဆယ်တန်းဖြေဆို မည့် ကျောင်း သား တစ်ဦး စစ်တပ်ကဖမ်းဆီး၍ ပြန်လွတ်ပြီးနောက် စကားမပြောနိုင်ဖြစ်နေ

နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်တန်းကျောင်းတွင် ဆယ်တန်းဖြေဆိုမည့် အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးအား စစ်တပ်က ဖမ်းဆီးကာ ပြန်လွတ်ပေးပြီးနောက် စကားမပြောနိုင်၊ ထမင်းလည်း မစားနိုင်၊ ရေလည်း မသောက်နိုင်ဘဲ ဖြစ်နေကြောင်း ဖခင်ဖြစ်သူက ပြောသည်။ “ သူက စကားပြောလို့ မရ ဘူး။ ကြောက်တယ်။ ကြောက်တယ်။ အဲသလိုတစ်ခုဘဲ ရပါတယ်။ ထမင်းလည်း မစားနိုင်၊ ရေလည်း မ သောက်နိုင်ဖြစ်နေပါပြီ။ အခု စစ်တွေဆေးရုံကို ယူလာပါတယ်”ဟု ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့်မိန့်ခွန်း



(၂၂-၂-၂၀၁၉)

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ ကြွရောက်လာတဲ့ ဧည့်သည်တော်များကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ သဘာဝအလှတရားများကို အခြေပြုပြီး ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးမယ့် အဖွဲ့အစည်း များနှင့် ကဏ္ဍအသီးသီးမှပုဂ္ဂိုလ်များ အတူတကွ ဆောင်ရွက်မှာဖြစ် တဲ့အတွက် အခွင့်အလမ်း များကို ယနေ့ အခမ်းအနားမှ ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေမရှိမှ တပ်မတော်က နိုင်ငံရေး ကနေ ထွက်သွားမည်

RFA  
လွတ်လပ်တဲ့ အာရှအသံ
2019-02-23
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် စိုးနိုင်ဦး ကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

 
လက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိတဲ့ အချိန်မှသာ တပ်မတော်ဟာ နိုင်ငံရေးကနေ ထွက်ခွာသွား မှာဖြစ် ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးက ပြောလိုက်ပါတယ်။

သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA ဖမ်းဆီးခေါ်ဆောင်သွား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-23
                                         ရက္ခိုင့်တပ်မတော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်
----------------------

ရက္ခိုင့်တပ်မတော် AA က အခုလ ၂၂ ရက်နေ့ မနက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ပလက်ဝမြို့နယ် သံ တောင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို မိသားစုဝင်တွေနဲ့ ရပ်မိ ရပ်ဖတွေက ဒီနေ့နီးစပ်ရာ ရွာတွေနဲ့ တောတွေထဲမှာ သွားရောက် ရှာဖွေခဲ့ပေမယ့် မတွေ့ရဘူးလို့ ပြောပါ တယ်။
AA က ဖမ်းဆီးသွားသူ နှစ်ဦးစလုံးဟာ ချင်းလူမျိုးတွေဖြစ်တာကြောင့် သူတို့တစ်စုံတစ်ရာ ထိခိုက်မှုတွေ ရှိခဲ့ရင် ရခိုင် နဲ့ ချင်းတိုင်းရင်းသားတွေကြား လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တာကြောင့် ဒေသတည်ငြိမ် ရေး စိုးရိမ်မှုတွေရှိနေတယ်လို့လည်း အမည်မဖော်လိုတဲ့ သံတောင် ကျေးရွာခံတစ်ဦးက ပြောပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ချင်းလူမျိုးတွေဖြစ်တာကြောင့် ဖမ်းဆီးတာမ ဟုတ် ဘဲ AA ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ပေးလို့သာ အရေးယူ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လထဲက AA က သံတောင်ကျေးရွာ ရဲစခန်းကို တိုက်ခိုက်မယ်ဆိုပြီး စာပေးပို့တာ ရှိခဲ့တယ်လို့ ချင်း ပြည် နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။

နယ်မြေအနေအထားအရ ပလက်ဝမြို့နယ်အတွင်း လေးမြို့ချောင်း တစ်လျှောက်မှာ သံတောင်ကျေးရွာဟာ သီး ခြားတည်ရှိနေပြီး တပ်မတော်ဘက်ကလည်း လုံခြုံရေးချထားပေးမှု အားနည်းတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က မနက်အစောပိုင်း ၄ နာရီလောက်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက သံတောင်ကျေးရွာကို ရက္ခိုင့် တပ်မတော် AA က ဝင်ရောက်လာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဦးစွာဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော် ကနေတဆင့် စခန်းမှူး၊ ဒုရဲအုပ် ဆလိုင်းဘီးဖာကို ခေါ်ခိုင်းခဲ့ပါတယ်။

စခန်းမှူးက တပ်ကြပ်တစ်ဦးနဲ့ ရောက်လာခဲ့ချိန်မှာ စခန်းမှူးကို ဖမ်းထားလိုက်ပြီး တပ်ကြပ်ကို စခန်းကို ပြန် လွှတ်ပြီး လက်နက်ချဖို့ AA ဘက်က ခိုင်းစေခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည် ပင်သာယာဝန်ကြီး ဦးစိုးထက် က RFA ကို အတည်ပြု ပြောပါတယ်။

"အုပ်ချုပ်ရေးမှူးကို AA ကဖမ်းပြီးတော့ စခန်းမှူးကို ခေါ်ခိုင်းတယ်။ စခန်းကို လက်နက်ချခိုင်းဖို့အတွက်ကို တပ်ကြပ်ကြီးတစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ တပ်ကြပ်ကြီးကလည်း စခန်းရောက်တော့ လက်နက် မချနိုင်ဘူးဆိုတော့ ပစ်ခတ်မှုနည်းနည်းဖြစ်ပြီးတော့ စခန်းမှူးနဲ့ အုပ်ချုပ်ရေးမှူးကို ခေါ်သွားတာမှန်ပါတယ်။ တပ်မတော်ပိုင်းဆိုင်ရာကော၊ အထက်ကော တင်ပြပြီး နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေပါတယ်ခင်ဗျ"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့မနက် သတင်းထုတ်ပြန်ရာမှာ စခန်းမှူး အဖမ်းခံရမှု သတင်း အပြင် သံတောင်ရဲစခန်းကို AA အဖွဲ့က မနေ့က မနက် ၄ နာရီ မိနစ် ၄၀ မှာ လက်နက်ကြီးနဲ့တစ်ကြိမ်၊ ၈ နာရီကျော်မှာ လက်နက်ငယ်နဲ့ တစ်ကြိမ် ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ပြောထားပါတယ်။

ဒီနေ့ မနက်မှာတော့ AAရဲ့ ဖမ်းဆီးမှုကိုခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးတို့ကို ပြန်လွှတ်ပေး ရေး တောင်းဆိုဖို့အတွက် မိသားစုဝင်တွေနဲ့ ရွာခံရပ်မိရပ်ဖတွေက AA တပ်တွေထွက်သွားတဲ့ လမ်းကြောင်း အတိုင်း တောတွေထဲကို လိုက်သွားခဲ့ပေမယ့် ဘာမှမတွေ့ခဲ့တာကြောင့် နေလည်ပိုင်းမှာ ရွာကို ပြန်လာ ခဲ့ကြ ပါတယ်။

အမည်မဖော်လိုတဲ့ သံတောင်ကျေးရွာက ဒေသခံတစ်ဦးက လက်ရှိ ကျေးရွာဒေသခံတွေရဲ့ ခံစားချက်ကို အခုလို ပြောပါတယ်။

"သူတို့နဲ့ တွေ့ရင်တောင်းပန်မှာပေါ့။ ဒါမဲ့ ဘာမှမတွေ့ခဲ့ဘူး။ လူမျိုးရေးလိုလိုဖြစ်နေတာပေါ့။ ခုလည်း ရဲအုပ် ဆလိုင်းဘီးဖာကော၊ ဦးချားဟော်ကောက ချင်းတွေ၊ လက်နက်ကိုင်တွေက ရခိုင်တွေဖြစ်တော့ လူမျိုးရေးကို ထိခိုက်စေတယ်။ အဲလိုဆက်လုပ်ရင် လူမျိုးရေးပဋိက္ခတွေ ဆက်ဖြစ်လာမယ်။ ဦးချားဟော်တို့ တစ်ခုခုဖြစ် သွားရင် လူမျိုးရေး ပဋိပက္ခတွေ ပိုကြီးထွားလာနိုင်တယ်"

သံတောင်ကျေးရွာတစ်ဝိုက်ကို တပ်မတော်ဘက်က လုံခြုံရေးချထားပေးတယ်လို့ ကြားနေရပေမယ့် အ ကောင် အထည်မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေများနေတဲ့အပေါ် အစိုးရတပ်မတော်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် ဒေသခံတွေရဲ့ စိုးရိမ်မှုကို မဖြေလျော့နိုင်သေးဘူးလို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကလည်း ပြောပါတယ်။

သံတောင်ကျေးရွာဟာ နယ်မြေအနေအထားအရ ပလက်ဝမြို့နယ်အတွင်းက လေးမြို့ချောင်းတစ်လျှောက် မှာ သီးခြားကွဲထွက်နေတဲ့ ရွာဖြစ်တာကြောင့် AA ဘက်က ဒီရွာကို ထိန်းချုပ်ထားလိုတဲ့ သဘောရှိနေတယ် လို့ ပြည်နယ်အစိုးရဘက်က သုံးသပ်ချက်တွေလည်းရှိပါတယ်။

ဒေသခံတွေကလည်း ရက္ခိုင့်တပ်မတော်က ရွာထဲကို ဝင်လာရင် အစိုးရဘက်ကို အကြောင်းကြားတာ တွေရှိ တယ်လို့ ထုတ်ဖော်ပြောပါတယ်။

ရက္ခိုင့်တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက သံတောင်ကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA ရဲ့ အောက်ခြေတပ်မှူးတွေက ဖမ်းဆီးခေါ်ဆောင်သွားတာဟာ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို နှောက် ယှက် တာ ကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"ဒါက ကျွန်တော်တို့ လူမျိုးရေးကိစ္စနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်ယှက် ပေးလို့ အရေးယူဆောင်ရွက်တာ၊ ချင်းကြောင့်မိုလို့ ဆောင်ရွက်တာမရှိဘူး။ အစိုးရစစ်တပ်တွေကို သတင်း ပေးတာတွေ လုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရှိတယ်။ ULA ရဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တွေကို အနှောက်အယှက် ပေးသူတွေကို ပြတ်ပြတ်သားသားအရေးယူမှာ။ ကျွန်တော်တို့မှာ လူမျိုးအစွဲမရှိဘူး"

ဒီနေ့မှာလည်း သံတောင်ကျေးရွာနဲ့ ၅ မိုင်ခန့်သာဝေးတဲ့ ကိုဖေရှေရွာကို AA တပ်တွေဝင်ရောက်လာ ခဲ့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ဒေသခံတွေက AA ဟာ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ လုပ်နေပြီး ပလက် ဝမြို့နယ်အ တွင်းက ရွာတွေမှာ အခုလိုဆောင်ရွက်တာဟာ ရခိုင်နဲ့ ချင်းကြား ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

AA ဘက်ကတော့ ဒါဟာ လူမျိုးရေးပြဿနာမဟုတ်ဘဲ သူတို့ရဲ့ လုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးပြီး အစိုးရကို သတင်းပေးသူတွေကို အရေးယူဆောင်ရွက်မှုတွေလုပ်တာလို့ ပြောပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

Link : Here

Ansar camp looting suspect Rohingya killed in ‘gunfight’

NEWAGE
Muktadir Rashid | Published: 00:21, Feb 23,2019

A Rohingya youth accused of robbery at Ansar Battalion camp and murder of its commander was killed in a reported ‘gunfight’ with the Rapid Action Battalion at Teknaf in Cox’s Bazar Friday morning.

The deceased, Nurul Alam, 35, was arrested in February 2017 in the case filed for looting arms from the Ansar camp near Nayapara Rohingya camp on May 13, 2016. He was later released on bail in December 2017 while the trial of the case was still pending with the Cox’s Bazar Sessions Judge’s Court.

One Rohingya shot dead, another injured

 Staff Correspondent | Published: 00:40, Feb 23,2019

Armed assailants shot dead one Rohingya paramedic and injured a computer operator at Muchuni camp of Teknaf upazila in Cox’s Bazar on Friday evening apparently for sharing information about Ansar camp looting suspect Nurul Alam who was killed in a ‘gunfight’ with Rapid Action Battalion earlier in the day.

The police discovered the body of Rohingya paramedic Mohamed Hamid, 41, in the forest of the nearby hilly area hours after the sympathisers of Nurul Alam kidnapped him and shot at computer operator Hasan Ali at Muchuni camp of Nayapara at around 7:00pm.

Three German journalists among 6 injured in Rohingya camp

 Our Correspondent . Cox’s Bazar | Published: 00:53, Feb 23,2019 | 
Six people including three German journalists were attacked inside the Rohingya camp during their filming at Lambashia camp of Kutupalnong in Ukhiya of Cox’s Bazar on Thursday afternoon.

The ARD German TV cameraman, Gunder Stegner, 61, along with his German colleagues Stefanie Appel, 49, and Ernico Leube, 44, and Bangladeshi fixer Mohammad Shihabuddin was beaten and were given treatment at a nearby hospital afterwards.

Goons kill Rohingya refugee in Teknaf


Our Correspondent . Cox's Bazar | Published: 13:13, Feb 23,2019

A Rohingya refugee was shot dead by Rohingya goons at Nayapara Salban in Teknaf of Cox’s Bazar on Friday night.

The deceased was identified as Mohammad Hamid alias Hamid Daktar, 41, son of Mohammad Hossen of Nayapara Salban camp in Teknaf.

ပလက်ဝ သံတောင်ရဲစခန်းကို AA ဝင်ရောက်တိုက် ခိုက်ပြီး စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်း ဆီးခေါ်ဆောင်သွား

The Myanmar Times
ပန်လှအောင်(မြစ်မခ)  မြန်မာတိုင်းမ်နေ့စဉ်
23 Feb 2019 |

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ သံတောင်ရဲစခန်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၃ နာရီခန့်က AA မှ ဝင်ရောက်တိုက်ခိုက်ကာ စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

( ၂၃-၀၂-၂၀၁၉ ) ကြေးမုံ သတင်းစာ

( ၂၃-၀၂-၂၀၁၉ ) မြန်မာ့အလင်း သတင်းစာ

23.02.2019 ) New Light of Myanar

Nine UN countries call for meeting on Rohingya crisis

THE ASIAN AGE 
AA Correspondent,Published:  01:03 AM, 23 February 2019 
The United States, France, Britain and six other countries on the United Nations Security Council have called for a meeting on Myanmar that is expected to face opposition from China, diplomats said. The meeting requested for next week would be to hear a report from UN envoy Christine Schraner Burgener, who last month paid a 12-day visit to Myanmar to discuss the plight of Rohingya refugees.

တိုင်းရင်းသား ညီအကိုမောင်နှမဖြစ်နေလို့ အေအေကို အပြီးသတ်မချေမှုန်းတာလို့ တပ်မတော်ပြော


ဘီဘီစီ မြန်မာပိုင်း
၂၃-ဖေဖေါ်ဝါရီ ၂၀၁၉ 
ရက္ခိုင့်တပ်မတော် (အေအေ)ဟာ တိုင်းရင်းသား ညီအကို မောင်နှမဖြစ်နေတာ ကြောင့် အပြီးသတ် မချေမှုန်းတာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြောပါတယ်။

ရက္ခိုင့်တပ်မတော် အမာခံနယ်မြေ တည်ဆောက် တာကို မြန်မာ့တပ်မတော်လက်ခံမှာ မဟုတ်


VOA
ဗွီအိုအေ (မြန်မာဌာန)၊ 
ကိုမိုးဇော် 
23 ဖေဖော်ဝါရီ၊ 2019 
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အပစ်ရပ် ၂ လ တာကာလ သတင်းစာရှင်းလင်းပွဲ။ ဝဲမှယာ - ဗိုလ်ချုပ် ထွန်းထွန်းညီ၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၉)

 တပ်မတော်က စစ်တိုင်းဌာနချုပ်နယ်မြေ ၅ ခုမှ အပစ်ရပ်ကာလသတ်မှတ်ပြီးနောက် ၂ လ တာကာလအ တွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေ အကြားတိုက်ပွဲတွေ လျော့ကျ ခဲ့ကြောင်း နဲ့ AA ရက္ခိုင်တပ် မတော်အနေနဲ့ အမာခံနယ်မြေတည်ဆောက်တာကို လက်ခံ မှာ မဟုတ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက် ပါတယ်။ တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်းမှာ NSCN-K နာဂတပ် ဖွဲ့ ဌာနချုပ် ဒေသမှာ စစ်ရေးဆောင်ရွက်တာတွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေး ကိစ္စတွေကို ထည့်သွင်းရှင်းလင်းပါတယ်။ ဒီသတင်းကိုတော့ ရန်ကုန်မြို့ အခြေစိုက် ဗွီအိုအေမြန် မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံတကာက ရခိုင်ပြည်နယ်မြောက်ပိုင်း တင်းမာမှု ကိစ္စများကိုသာ အမြင်ကျဉ်းစွာအာရုံစိုက်နေဟု ဒေါ်ေ အာင်ဆန်းစုကြည် ပြောကြား


ဒေါ်အောင်ဆန်းစုကြည်အားရခိုင်ပြည်နယ်သံတွဲလေဆိပ်တွင်ကြိုဆိုနူတ်ဆက်ခဲ့ကြစဉ်။ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

နိုင်ငံတကာက ရခိုင်ပြည်နယ်အတွင်းရှိနေသည့် အလားအလာကောင်းများထက် ရခိုင်ပြည်နယ်မြောက်ပိုင်း တင်းမာမှုများကိုသာ အမြင်ကျဉ်းမြောင်းစွာအာရုံစိုက်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၂ ရက်တွင် သံတွဲမြို့ ငပလီကမ်းခြေ၌ကျင်းပသည့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ် နှံမှုပြပွဲ(၂၀၁၉) ဖွင့်ပွဲ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအနှစ်သာရပျက်အောင် ပြင်ဆင်မည်ဆိုပါက တပ်မတော် အပြင်းအထန်ကန့်ကွက်မည်

VOA
ဗွီအိုအေ (မြန်မာဌာန)၊ 
23 ဖေဖော်ဝါရီ၊ 2019 
မေခ
  တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရကိုပျက်ယွင်းသွားမယ်ဆိုရင် တပ်မတော် ဘက်က ပြင်းပြင်း ထန်ထန် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။ တပ်မတော်တာဝန်အရ အခြေခံဥပဒေ ရဲ့အနှစ်သာရမ ပျက်အောင် ကာကွယ်ခြင်းဖြစ်ပြီး လက်ရှိ အငြင်းပွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာလည်း ဒါနဲ့ပတ်သက်လို့ ထိပါးလာရင် ကန့်ကွက်မယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်း ထောက် မေခက ပေးပို့ထားပါတယ်။

Daw Suu's Rakhine investment forum speech in full.

MYANMAR TIMES
THIHA KO KO | 23 FEB 2019

State Counsellor Daw Aung San Suu Kyi speaking during the opening ceremony of the Invest Myanmar Summit 2019. Photo - EPA

State Counsellor Daw Aung San Suu Kyi touted Rakhine State's "untapped" economic potential to investors and trade organisations on Friday in a Japan-sponsored investment forum held in Ngapali beach. But she glossed over violence and humanitarian nightmare in the area, saying the international community had “focused narrowly on negative aspects” of the ongoing northern Rakhine crisis, which led to an estimated 730,000 Muslim refugees fleeing to Bangladesh.

Bangladesh highlights Turkey's humanitarian aid to Rohingya refugees.

DAILY SABAH
TUĞÇE KILIÇ
ANKARA | 23.02.2019


Rohingya refugees walk towards the Balukhali refugee camp after crossing the border in Bangladesh’s Ukhia district, Nov. 2, 2017.

Bangladesh has highlighted Turkey's and the country's nongovernmental organizations' (NGOs) extensive humanitarian aid to hundreds of thousands of Myanmar's Rohingya Muslims who took shelter in the country, fleeing from persecution in their homeland.

Rakhine Villagers Hold Funeral for Slain Woman, Recall Shooting by Myanmar Forces.

RADIO FREE ASIA 
Feb. 22, 2019.



Relatives mourn Ye Ye Soe, who was killed by gunfire amid fighting between Myanmar soldiers and the Arakan Army in Rathedaung township, western Myanmar’s Rakhine state, Feb. 22, 2019.



A funeral was held on Friday for a young woman shot dead by the Myanmar military in restive Rakhine state’s Rathedaung township state, where government forces are battling the rebel Arakan Army, as residents of the village where the woman was killed described indiscriminate firing upon them by national troops.
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */