ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
မစ္စယန်ဟီးလီ ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ
Cox's Bazar ဒေသက ဒုက္ခသည်စခန်းမှာ တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခ သည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။ မစ္စယန်ဟီးလီကို ကြိုဆိုဖို့အတွက် ဒီနေ့ကစပြီး ဒုက္ခသည်စခန်းတွေမှာ ပြင်ဆင်နေကြ တယ် လို့ တန်ခါလီ ဒုက္ခသည်စခန်းက ဦးခင်မောင် က ပြောပါတယ်။ လက်ရှိ မြန်မာအစိုးရက မစ္စယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ထားပါတယ်။












